KIC News
သျှမ်းပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အခြေအနေကို ကရင်အရပ်ဖက်နှင့်ဒေသခံပူးပေါင်းအဖွဲ့သွားရောက် လေ့လာ
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
သျှမ်း(ရှမ်း)ပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အ တွင်းရှိ ပေါင်းလောင်းရေကာတာနှင့်တီကျစ်ကျောက်မီးသွေးစက်ရုံတို့၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး နေမှု အခြေအနေများကို ကရင်အရပ်ဖက်နှင့်ဒေသခံပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၈ရက်မှ ၁၁ရက်နေ့အထိ သွားရောက်လေ့လာခဲ့ကြသည်။
ပေါင်းလောင်းရေကာတာတည်ဆောက်ပြီးစီးသွားပြီးနောက် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု၊ ဒေသခံများ၏လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပြင် တီကျစ်ကျောက်မီးသွေးစက်ရုံမှ...
ALP တပ်ဖွဲ့ဝင်ထံမှ လက်နက် ၁၉လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိဟု ပြည်နယ်ရဲတပ်ဖွဲ့ပြော
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ဖားအံမြို့ တောင်ကလေးရပ်၊ ဖားအံမြို့ဝင်ကြေးဂိတ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်များ ထံမှ AK 47 အမျိုးအစား သေနတ် ၁၉လက်အတူ ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၉ရက်နေ့က ပြည်နယ်တွင်း မူးယစ်အထူးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။...
အပစ်ရပ်ရေးဆိုင်ရာ အရပ်သားစောင့်ကြည့်ရေးသင်တန်း ကျောက်ကြီးတွင် ပြုလုပ်ခဲ့
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
အပစ်ရပ်ရေးဆိုင်ရာ အရပ်သားစောင့်ကြည့်နို်င်ရေး နည်းပညာသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ ကျော်ကြီးမြို့၊ မေတ္တာရပ်ကွက်၊ သာသနာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၈ရက်မှ ၁ဝရက်နေ့အထိ စစ်တောင်းသံစဉ်လူမှုကွန်ရက်အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်သားများ ပါဝင်ခွင့်ရှိသည်ကို သိနားလည်ပြီး NCA စာချုပ်အတိုင်း နှစ်ဖက်တပ်များ လိုက်နာမှုရှိမရှိ...
ဦးတည်ချက် ၄ရပ်နဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေး
(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁ဝရက်)
၂၀၁၆ ခုနှစ် မကြာခင်ကုန်ဆုံးပြီး ၂၀၁၇ ခုနှစ်သို့ ရောက်ရှိပါတော့မယ်။ ပြက္ခဒိန်ပေါ်က ရက်စွဲတွေအလိုက် သမိုင်းဖြစ်ရပ်တွေ ကို စီပြီးကြည့်လိုက်မယ်ဆိုရင်
- ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့
- ...
မြေယာကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် KNUတို့ တွေဆုံဆွေးနွေးခဲ့
ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဖြစ်ပေါ်နေဆဲနှင့်ဖြစ်ပေါ်လာမည့် မြေယာပြဿနာများနှင့် ပတ် သက်ပြီး ပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်ရေးအတွက် နိုဝင်ဘာ ၆ရက်နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် အချို့နှင့် ပြည်နယ်အစိုးရရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊...
ကရင်ကိုယ်တော်လေး ဖိုးတခေတ်၏ ၂၃ကြိမ်မြောက် မွေးနေ့ပွဲတော် ရက်သတ္တပတ်ကျော်ကြာ ကျင်းပမည်
ဒီဇင်ဘာလ ၉ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင့်ရိုးရာယဉ်ကျေးမှု အစဉ်အလာ ဓလေ့စရိုက်များနှင့်အညီ ထိန်းသိမ်းနေထိုင်သူဟု ဒေသတွင်း ထင်ရှားသူ တစ်ဦးဖြစ် သည့် ကရင့်ကိုယ်တော်လေး ဖိုးတခေတ်၏ ၂၃ ကြိမ်မြောက်(၃၉)နှစ်ပြည့် မွေးနေ့ မဂင်္လာပွဲတော်နှင့် နေလဘုရား အနေ ကဇာတင်ပွဲတော်ကို ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု၊...
ပန်းတနော် စာယဉ် အနုသုခုမ ဆက်ကော်မတီတွင် အတူတွဲလုပ်ရန် အနုပညာရှင်များဆွေးနွေး
ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီလက်အောက်ခံ၊ အနုသုခုမ ဆပ်ကော်မတီတွင် စည်းလုံးညီညွှတ်စွာ တွဲလုပ်နိုင်ရေးအတွက် ကရင်ဂီတ အနုပညာရှင်များက ဒီဇင်ဘာ ၇ ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ပြတိုက်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်စီစဉ်သူများက ဒီဇင်ဘာ...
ဝါရင့် ကရင်တော်လှန်ရေးသမားကြီး ပဒိုမန်းရင်စိန်ကွယ်လွန်
ဒီဇင်ဘာ ၈ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင့်တော်လှန်ရေးတွင် နှစ်ပေါင်းများစွာပါဝင်လှုပ်ရှားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNUခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ အသက် ၈၂ နှစ်အရွယ် ပဒိုမန်းရင်စိန်(ပဒိုမန်း)သည် ဒီဇင်ဘာ ၆ရက်နေ့၊ ဩစတေးလျားနိုင်ငံ၊ Melbourne မြို၌ ဩစတေးလျား စံတော်ချိန် မနက် ၈နာရီအချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း...
ကော့ကရိတ်မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်းများ ယိုယွင်းပျက်စီးနေမှုကြောင့် ဒေသခံများ သွားလာရေး ခက်ခဲ
ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ တံတားဦး-နောင်နိုင်းကျေးရွာ မြေသားလမ်းနှင့် ရန်ကုတ်- မိဖာလဲ့-ထီးဖိုးဇံ ရွာချင်းဆက် ကျောက်ခင်းလမ်းများမှာ ပြီးခဲ့သည့် မိုးတွင်းကာလမှစတင်ကာ လက်ရှိအချိန်ထိ ယိုယွင်းပျက်စီးနေမှုကြောင့် ယင်းဒေသတွင်းကျေးရွာများမှ ကော့ကရိတ်မြို့သို့ သွားလာရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏...
ကေအဲန်ယူနယ်မှ စေတနာ့ဆေးပေးခန်းသစ် တစ်လကျော်အတွင်း ဒေသခံ ၅၀၀ကျော် ကုသပေးခဲ့
ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နယ်မြေတစ်ခုဖြစ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ လူထု အခြေပြု ဆေးပေးခန်းမှာ ဖွင့်လှစ်ခဲ့သည့် တစ်လကျော်အချိန်အတွင်း ဒေသခံလူနာ ၅၀၀ကျော်ကို ကုသစောင့်ရှောက်ပေးနိုင်ခဲ့ ကြောင်း ဆေးပေးခန်းတာဝန်ခံ ဆရာစောဘောမူစေးက ကေအိုင်စီသို့ ပြောသည်။
“ဆေးပေးခန်းက စဖွင့်တာ ဆယ်လပိုင်း ၂၂ရက်။ တစ်လကျော်ပဲ...














