Home ကဗျာ လမြတ်ဝါ‌ခေါင် ချစ်ကြိုး‌နှောင်

လမြတ်ဝါ‌ခေါင် ချစ်ကြိုး‌နှောင်

2788

(လကင်္ာဒီပ)

ဩဂုတ်လ ၁၀၊ ၂၀၁၇။

အ‌နောက်‌တောင်‌လေ‌သွေး
ရနံ့‌မွှေးတဲ့‌မြေဆီ
မိုး‌ပြေးမှီ သ‌ပြေ‌တွေသီး
‌ရေ‌တွေကြီး လှိုင်းအဖြာဝယ်
ငြိမ့်‌ညောင်းငယ် ‌တေးသီကျူးပါလို့
ခူးကြစို့ သ‌ပြေခက်‌တွေရယ်
ဆုံမယ်‌လေ လမြတ်ဝါ‌ခေါင် ဒီချိန်မျိုးမှာ
တူညီကာ ချည်ဖြူဖွဲ့မယ်‌ပေါ့
လာခဲ့‌တော့ ညီရင်းအစ်ကိုတို့‌ရေ။

ပလူးလာ ပလူးလာ ဂယ့်ထိုင်(ဟှယ့်ထါင်)
‌တွေ‌ဝေမှိုင်‌နေခြင်း ကင်းကြ‌စေ
ညီ‌တွေအစ်ကို ‌မောင်ရယ်နှမ
ချစ်ကြ အမှတ်ရ ရှိကြ‌စေသား
‌ကျောသား ရင်သား မခွဲခြားဘဲ
လက်တွဲ ထိန်းသိမ်းကြ မိရိုးဖလာ
ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ်
‌ခေတ်စနစ် ဘယ်လို‌ပြောင်း
တို့ချစ်‌ကြောင်း ပြခဲ့ကြ‌ပေ
မျိုးရင်း‌ဆွေ ‌မောင်နှမတို့ရဲ့
ချည်ဖြူဖွဲ့ ထုံးတမ်းဓ‌လေ့
မ‌မေ့သင့်တဲ့ ကရင့်သ‌ကေင်္တ‌ပေါ့‌လေ။

သမိုင်း‌ကြောင်းလှန် အတိတ်ပြန်
‌ခေတ်‌နောက်ပြန်ယဉ်‌ကျေးမှုရယ်လို့
တို့ကို မစွပ်စွဲလိုက်ပါနဲ့
‌မြောက်ဖက်ရဲ့ မွန်ဂိုကုန်းမြင့်ဆီမှ
လာခဲ့ကြရာ လမ်းတစ်‌လျှောက်
ဆူး‌ညှောင့်စုံ ဘဝမုန်တိုင်းကြား
ဒုက္ခများခဲ့ရ ကာလ‌တွေမှာ
မှတ်သားရာ မ‌မေ့စရာ‌တွေ
‌အောက်‌ခြေလွတ် အ‌ရောင်မလွှမ်းကြ‌စေဖို့
လက်တို့လို့ အသိ‌ပေးခဲ့ချင်တယ်‌လေ။

(၇)နာမ် (၇)စု (၇)မျိုး
ညွှန်ထိုးပြ‌နေ‌သောအရာ
‌ဝေးရာက ပြန်လာကြ‌လေ
ပန်း‌တွေလို ‌မွှေးကြိုင်လန်းဆန်းဆဲ
ခိုင်မြဲ‌သော ဖြူစင်‌မေတ္တာချည်ဖြူဖွဲ့‌နှောင်ရင်း
ထမင်းဆုပ်ဖြူလို ဖြူ‌ရောင်သံ‌ယောဇဉ်
ကြည်လင်‌ရေချမ်း စိမ့်စမ်းမြနှယ်
ကြံသို့နှယ် အဆစ်မှအမြစ်ပွား
ငှက်‌ပျောများလို အဖူးအခိုင်လိုက်
စရိုက်သဏ္ဍန် အားမာန် ရည်မွန်
‌ကောက်ညှင်းချွန် ‌ဖြောင့်မတ်ခြင်း‌ဆောင်လို့
‌ရှေးသူတို့ ပြုခဲ့ကြသံစဉ်
တို့ကရင်ရိုးရာယဉ်‌ကျေးမှုပွဲတဲ့‌လေ။

ကရင်မူဟန် သ‌ကေင်္တအလှ
ထုဆစ်ပြတဲ့ အစဉ်အလာ
နင်နင်ငါငါ ဘာသာ ဝါဒစွဲစွန့်
ဒီဆွတ်ပျံကြည်နူးဖွယ် ဓ‌လေ့တွင်း
သိမ်‌မွေ့ခြင်းအလှ‌တွေ ခင်းပါမှ
စိုက်လိုက်ကြ ညီညွှတ်ခြင်း မျိုး‌စေ့‌တွေနဲ့
‌မျှော်မှန်းတဲ့ ပန်းတိုင်သစ်ဆီသို့
လက်တွဲလို့ အားသစ်‌လောင်းလိုက်မယ်
တို့အားလုံးရဲ့ မနက်ဖြန်
‌ရောင်စဉ်ပြန်ဖြာ တက်‌နေဝန်းကဲ့သို့‌လေး။