Home သတင်း KNLA တပ်ရင်း(၁) ဌာနချုပ်တွင် စစ်‌ရေးပြအခမ်းအနားနှင့်အတူ ကရင့်အာဇာနည်‌နေ့ ပထမဆုံးအကြိမ် ကျင်းပ

KNLA တပ်ရင်း(၁) ဌာနချုပ်တွင် စစ်‌ရေးပြအခမ်းအနားနှင့်အတူ ကရင့်အာဇာနည်‌နေ့ ပထမဆုံးအကြိမ် ကျင်းပ

2391

ဩဂုတ် ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ယ‌နေ့(ဩဂုတ်) ၁၂ ရက်‌နေ့၌ ကျ‌ရောက်သည့် (၆၇)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ သထုံခရိုင်၊ တပ်မဟာ(၁) ဖားအံမြို့နယ်ရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၁) ဌာနချုပ်တွင် စစ်‌ရေးပြအခမ်းအနားနှင့်အတူ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပခြင်းအ‌ပေါ် KNLA တပ်ရင်း(၁)မှူး ဒုဗိုလ်မှူးကြီး ‌စောစိုးမြင့်‌ထွေးက “အရင် အခုလို အခမ်းအနားကို စာသင်‌ကျောင်း၊ ဘုန်းကြီး‌ကျောင်းမှာပဲ ကျင်းပခဲ့ပါတယ်။ အခုက စစ်‌ရေးပြပါတာ‌ပေါ့။ ဒီလို ကျင်းပတာက‌တော့ မိမိအမျိုးသားအတွက် အသက်စွန့်ခဲ့ကြတဲ့ ‌စောဘဦးကြီးအပါအဝင် ကရင်အာဇာနည် အားလုံးကို မ‌မေ့ဖို့ပါ။ ပြီး‌တော့ ကျ‌နော်တို့ သွား‌နေတဲ့ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို လူထု‌တွေ သိ‌အောင် (ချပြဖို့)လည်း ပါပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNLA တပ်ရင်း(၁) ဌာနချုပ်တွင် ပြုလုပ်‌သော ကရင့်အာဇာနည်‌နေ့သည် အထူးသဖြင့် ဌာနချုပ်အနီးအနားရှိ ‌ဒေသခံ‌ကျေးရွာအများစုသာ တက်‌ရောက်နိုင်‌သော်လည်း ဖားအံမြို့နယ် အပါအဝင် သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့မှ ‌ကေအဲန်ယူ အရပ်ဖက် စစ်ဖက်ဆိုင်ရာများ၊ အစိုးရ အရပ်ဘက် စစ်ဘက်ဆိုင်ရာအချို့နှင့် ‌ဒေသခံများ စုစု‌ပေါင်း ၅၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ‌စောကိုလင်းက ကရင့်အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် ‌ကေအဲန်ယူနှင့်အစိုးရတို့အကြား လတ်တ‌လော သွား‌နေသည့် အပစ်အခတ် ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး အ‌ခြေအ‌နေချို့ကို တက်‌ရောက်လာသူများအား ‌ပြောကြားခဲ့သည်။

“‌တော်လှန်‌ရေးမှာ အသက်‌ပေးသွားတဲ့ အာဇာနည်‌တွေက ‌ပေးသွားပြီ။ ဒါ‌ပေမယ့် မပြီး‌သေးပါဘူး။ ‌နောက် လက်ရှိ အ‌ခြေအ‌နေမှာ လူထုတချို့က သွားလာရတာ လွတ်လပ်လာလို့ ငြိမ်းချမ်း‌နေပြီလို့ ထင်‌နေကြတယ်။ အခု ပစ်ခတ်ရပ်စဲ‌ရေးဟာ လုံးဝဥသုန် ငြိမ်းချမ်း‌နေပြီလို့ ဆိုလို့ မရ‌သေးပါဘူး။ နိုင်ငံ‌ရေးဆိုတာ သချင်္ာလို တွက်လို့ မရဘူး။ အမြဲတမ်း ‌ပြောင်းလဲ‌နေပါတယ်။”ဟု ‌ပြောကြားခဲ့သည်။

လတ်တ‌လော သွား‌နေသည့် ငြိမ်းချမ်း‌ရေးလမ်းစဉ်နှင့်ပတ်သက်ပြီး ပဒို ‌စောကိုလင်းက ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးမှ ၎င်းတို့အား ‘လက်ရှိ ‌ဆွေး‌နွေး‌နေသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ‌နောက်ပြန်မလှည့်တမ်း’ မှာကြားထား‌ကြောင်း၊ ထို့‌ကြောင့် ပြီးပြည့်စုံသည့် ကရင်ပြည် ရရှိသည့်အထိ ‌ဆောင်ရွက်သွားရန် အားခဲထား‌ကြောင်းလည်း ထည့်သွင်း‌ပြောဆိုခဲ့သည်။

ယ‌နေ့ အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုခြင်း၊ စစ်‌ရေးပြ အစီအစဉ်နှင့် (၆၇)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အတွက် လွမ်းသူ့ပန်း‌ခွေ ချခြင်း၊ ‌ကေအဲန်ယူ ဥက္ကဌ နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ‌ပေးဖို့သည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ နှစ်‌ပေါင်း ‌ခြောက်ဆယ်‌ကျော် ကရင်‌ခေါင်း‌ဆောင်များနှင့် ‌တော်လှန်‌ရေးလှုပ်ရှားပုံရိပ်အချို့ ပြသထားခြင်း စသည်တို့ ပါဝင်သည်။

ယ‌နေ့(ဩဂုတ်) ၁၂ ရက်‌နေ့၌ ကျ‌ရောက်သည့် (၆၇)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို ‌ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာ (၇)ခုအတွင်းရှိ ‌နေရာများအပြင် ကရင်လူမျိုးအ‌ခြေစိုက်ရာ ပြည်တွင်းပြည်ပနှင့် နယ်စပ်‌နေရာ အသီးသီးတွင် ကျင်းပလျှက်ရှိသည်။