KIC News
နယ်မြေခံ အပစ်ရပ်စောင့်ကြည့်သူများ လုံခြုံရေးအတွက် နှစ်ဖက်တာဝန်ခံပေးရမည်ဟု ကေအဲန်ယူပြော
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
လက်နက်ကိုင်ပဋိပက္ခ အတွေ့အကြုံများကြောင့် အကြောက်တရားလွှမ်းမိုးနေသည့် နယ်မြေခံအရပ်သား အပစ် ရပ်စောင့် ကြည့်သူများကို JMC လုပ်ငန်းစဉ်တွင် ရဲရဲတင်းတင်းပါဝင်လာနိုင်ရန် လက်နက်ကိုင်နှစ်ဖက်အဖွဲ့က တာဝန်ခံပေးရမည်ဟု ကေအဲန်ယူမှ JCM-U ဒုဥက္ကဌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ရန်ကုန်မြို့ NRPC ရုံး၌...
နော်ချစ်ပန်းတိုင် အသတ်ခံရမှု တရားခံအမြန်ရှာဖွေဖမ်းဆီးနိုင်ရေး ဝန်ကြီးချုပ်ထံ စာရေးတောင်းဆို
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖွဲ့ဝန်ထမ်းဖြစ်ခဲ့သူ နော်ချစ်ပန်းတိုင်အသတ်ခံရမှုတစ် နှစ်ကြာချိန်ထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အပေါ် အမြန်ဖမ်းမိရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့ မော်မှ ဆိုင်ရာရဲတပ်ဖွဲ့အပေါ် တိုက်တွန်းပေးရန် မိသားစုဝင်များက နိုဝင်ဘာ ၁၉ ရက်နေ့တွင် စာရေး တောင်းဆိုလိုက် သည်။
အဆိုပါ...
နှစ်သစ်ကူး ဗဟိုကော်မတီ နာယက ဩဝါဒခံယူပွဲ ကျင်းပ
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နာယကကြီး များ ဩဝါဒ ခံယူပွဲကို အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ ဒေါက်တာဆိုင်မွန်သာ အိမ်၌ နိုဝင်ဘာ ၁၉ ရက်...
စစ်ရှုံးသမား ဒဿဂီရိ
(လကင်္ာဒီပ)
မစို့မပို့ မလောက်မငှ
ညှက်ချ ဆွဲဆုတ်ထား
မသထာရေစာ
အာသာပြေအောင် ပေးတဲ့ပြည်
မစုံညီ မပြည့်ဝ မလန်းဆန်း
စခန်းဟာလည်း ရုပ်ပြအဆင့်
မတင့်တယ်လှပါပေ
သင့်နေရာ ဌာနေအစစ်
သင့်ခေတ်မှာ ပြန်ဖော်ထုတ်ဖို့လိုတယ်။
နယ်ရုပ်ထိုးကျွေးတဖုံ
မြင်းခုန်ကွက်နဲ့ ဆင်စား
ရထားနဲ့ထိန်းနှင်
ဘုရင်မနဲ့ ဖွင့်‘ချက်’ လုပ်ခြင်းခံရ
သေနဂင်္ဗျူဟာအခင်း
တိုင်းရင်းသား ညီနောင်တွေကို
အချိုသပ် နားလှည့် ပါးရိုက်ကြသလေ
ပြည်နယ်တွေကို တိုင်းတွေခြား
ဘက်ညှိထားကြပါသကော ဒီနိုင်ငံကိုလေ။
စစ်ရှုံးသမား ဘုရင်တွေ
ဒီမြေ ခြေမချခင်ခေတ်
အနှစ်(၂၀၀)ကျော်ကတည်းက လာ
ထော့မဲပါ ကရင်မျိုးဆက်တွေဟာ
မြို့ရွာဒေသ ကုန်သည်စီးပွား
နေသားကျ ရပ်တည်လို့ရှင်သန်
ဧကန်ရှေးဦး ဌာနေတိုင်းရင်းသား...
ဝင်းရေးမြို့နယ်လုံးဆိုင်ရာ နှစ်သစ်ကူးနေ့တွင် ဂုဏ်ပြုစိုက်ထူမည့် စောဘဦးကြီးရုပ်ထုကို တပ်ဘက်က ကန့်ကွက်
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင်ကျင်းပမည့် ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့တွင် ဂုဏ်ပြုစိုက်ထူမည့် ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးရုပ်ထုကို စိုက်ထူခြင်းမပြုရန် ဒေသအတွင်း တပ်ဘက်တာဝန်ရှိသူများက ကန့်ကွက်ပြောဆိုသည်ဟု နှစ်သစ်ကူးကျင်းပရေး ကော်မတီတာဝန်ရှိသူများက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ကိစ္စနှင့်...
ကျောက်ထုတ်သည့် လွန်းညတောင်ခြေတွင် ဒေသခံရွာသားများ အမည်မသိ သေနတ်သမား၏ ပစ်ခတ်ခြိမ်းခြောက်မှုခံရ
နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ် လွန်းညတောင်ခြေရှိ ကျောက်မိုင်းထုတ်လုပ်သည့် နေရာကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံကျေးရွာ လူငယ် ခေါင်းဆောင်များကို နိုဝင်ဘာလ ၁၅ ရက်နေ့က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်ခြိမ်းခြောက်ခံရမှု ဖြစ်ပွားခဲ့သည်ဟု ခြိမ်းခြောက်ခံရသူများဘက်က ကေအိုင်စီသို့ ပြောသည်။
လမ်းခင်းကျောက်ထုတ်လုပ်သည့်...
ကေအဲန်ယူ၏ တောနော်သင်ကြားရေးဆေးရုံတွင် သင်ကြားရေးစင်တာတစ်ခု ဖွင့်လှစ်
နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ကျန်းမာရေးဆိုင်ရာ သင်တန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ကော့ကရိတ်မြို့နယ် အံဖကြီး ကျေးရွာ အုပ်စု နန်းရွှေမှုံကျေးရွာရှိ ကေအဲန်ယူ လက်အောက်ခံ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)၏ တော နော်သင်ကြားရေး ဆေးရုံ၌ နိုဝင်ဘာ ၁၇ ရက်နေ့(ယနေ့)...
“ မူဝါဒအားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖြစ်တဲ့အတွက်ကြောင့် ဒါကိုပဲ ဆက်ကိုင်စွဲထားမယ်ဆိုရင် ပြဿနာတွေရှိနေဦးမယ်”
ကေအဲန်ယူ ဗဟို မြေယာဌာန ကော်မတီဝင် ပဒိုမန်းမန်းမန်းနှင့် တွေ့ဆုံမြေးမြန်းခြင်း
xxxxxxxxxxxxxxxxxxxxxxx
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး စတင်လုပ် ဆောင်လာခဲ့ သည့် ၂ဝ၁၂ခုနှစ်မှ ယခုအချိန်ထိ( ကြားကာလအတွင်း) နှစ်ဘက် ရောနှောအုပ်ချုပ်သည့် နယ်မြေများတွင် မတူညီသည့် မူဝါဒများကြောင့် မြေယာဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ပွတ်တိုက်မှုမျိုးစုံ...
KNLA တပ်မဟာ(၄)မှူးတာဝန်မှ အနားယူ၊ ယာယီ တပ်မဟာမှူး ခန့်အပ်
နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ(၄) တပ်မဟာမှူးမှာ တာဝန်မှ အနားယူလိုက် သည့်အတွက် ၎င်းနေရာတွင် ယာယီ တပ်မဟာမှူးအဖြစ် တပ်မဟာ၏ BM ဒုဗိုလ်မှူးကြီးစောတာမူလားကို နိုဝင်ဘာလ (၁၀)ရက် နေ့တွင် လွှဲပြောင်းတာဝန်ပေးအပ်လိုက်ကြောင်း ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြောဆိုချက်များအရ သိရသည်။
ကေအဲန်အယ်လ်အေ...
ပန်းတနော်ရှိ ကွမ်းစိုက်တောင်သူအချို့ အငှားမြေဖြင့် မိသားစု စားဝတ်နေရေးဖြေရှင်းနေကြ
နိုဝင်ဘာ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာများမှ ကွမ်းစိုက်တောင်သူများမှာ ကိုယ်ပိုင်မဟုတ်သည့် မြေကို နှစ်ချုပ် ငှားရမ်းကာ ကွမ်းရွက်ခြံလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြရင်း မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု ၎င်းကွမ်းစိုက်တောင်သူများက ပြောသည်။
၂၀၀၅ ခုနှစ်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်...














