Home အမြင်သဘောထား အနာဂတ်ကြယ်ပွင့်‌လေး‌တွေရဲ့ ‌မျှော်လင့်ချက်စကားသံ

အနာဂတ်ကြယ်ပွင့်‌လေး‌တွေရဲ့ ‌မျှော်လင့်ချက်စကားသံ

3057

စက်တင်ဘာ ၃ရက်၊ ၂ဝ၁၈ခုနှစ်။ KIC Outlet

——-

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေအတွင်းရှိ ကရင်ပညာ‌ရေးဌာန-KED လက်‌အောက်ခံ ‌ကျောင်းများသည် မြန်မာနိုင်ငံ အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသည့် စာသင်‌ကျောင်းများဖြစ်ကြသည်။

အဆိုပါ စာသင်‌ကျောင်းများတွင် ပညာသင်ယူ‌နေသည့် က‌လေးငယ်များသည် ၎င်းတို့၏ ရည်ရွယ်ချက် အိပ်မက် ကိုယ်စီရှိကြ‌သော်လည်း ၎င်းတို့ကို အ‌ကောင်အထည်‌ဖော်နိုင်ရန် ‌ရှေ့ဆက်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းမှာ နည်းပါး‌နေလျက်ရှိသည်။ KNU ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ KED လမ်းညွှန်မှု‌အောက်ရှိ စာသင်‌ကျောင်းများတွင် ပညာယူ‌နေကြ‌သော ‌ကျောင်းသူ၊ ‌ကျောင်းသားအချို့၏ ‌မျှော်လင့်ချက် ရင်တွင်းစကားသံများကို ‌ကေအိုင်စီ -ကရင်သတင်းဌာနမှ စုစည်းတင်ပြလိုက်ပါသည်။

‌စောအယ်ဒို (သူးမွဲ ကိုယ်ထူကိုယ်ထ‌ကျောင်း)


ကျ‌နော်ဘဝမှာ ‌ကျောင်းဆရာ‌တွေကို အရမ်းအားကျမိတယ်။ ‌ကျောင်းဆရာဖြစ်ဖို့လည်း ရည်ရွယ်ထားတယ်။ အခု ပညာသင်ယူ‌နေတဲ့ အချိန်မှာလည်း ‌ကျောင်းဆရာ‌တွေရဲ့ သင်ကြားမှု နည်းနာ‌တွေကို အမြဲ‌လေ့လာ မှတ်သားတယ်။ ကျ‌နော် ‌ကျောင်းပြီးရင်‌တော့ ‌ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ‌ပေမဲ့ ကျ‌နော်က ‌ကော်သူး‌လေ( KNUထိန်းချုပ်နယ်‌မြေရှိ ‌ကျောင်း)‌ကျောင်းက ပညာ‌ရေးအသိအမှတ်ပြုလက်မှတ်ကို ဘယ်နိုင်ငံ ဘယ်အစိုးရမှ အသိအမှတ်ပြုခြင်းမခံရဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့အထက်တန်း‌ကျောင်း‌အောင်မြင်သွားသည့်တိုင် ‌ရှေ့ဆက်တက်ဖို့က စိန်‌ခေါ်မှု‌တွေအပြည့်ဖြစ်‌နေတယ်။

ကျ‌နော်တို့လည်း လူသားတစ်‌ယောက်ပါပဲ။ လူသားတစ်‌ယောက်ပီပီလွတ်လပ်စွာပညာသင်ကြားခွင့်ရှိတယ်လို့ ကျ‌နော်သိထားပါတယ်။ ဒါ‌ပေမဲ့ ဒီနိုင်ငံမှာ အတူတူ‌နေထိုင်‌နေသည့်တိုင် ပညာသင်ယူခွင့်က ကွဲပြားမှုရှိ‌နေတာ ကျ‌နော့်အတွက်‌တော့ ခွဲခြားဆက်ဆံခံ‌နေရ တယ်လို့ပဲ ခံစားမိပါတယ်။

‌စော‌ခေါ‌ကော့စိုး (ဖားအံခရိုင် အထက်တန်း‌ကျောင်း)


ကျ‌နော့်လူမျိုး‌တွေ ‌ပြေးလွှာတိမ်း‌ရှောင်‌နေရတဲ့ ဘဝမျိုးကို ကျ‌နော်မမြင်ချင်ဘူး။ ကျ‌နော် ပညာသင်ယူ‌နေတဲ့ ရည်ရွယ်ချက်က ကျ‌နော် စစ်ဗိုလ်တစ်‌ယောက်ဖြစ်ချင်တယ်။ ကျ‌နော့်လူမျုးိကို အကာအကွယ်‌ပေးနိုင်တဲ့ သူတစ်‌ယောက်ဖြစ်ချင်တယ်။

ကျ‌နော်တို့က အ‌ခြေအ‌နေအရ ‌တော်လှန်‌ရေးနယ်‌မြေမှာ‌ကျောင်း တက်‌နေရ‌ပေမဲ့ ကျ‌နော်တို့လည်း ဒီနိုင်ငံရဲ့ လူမျိုးတစ်မျိုးအ‌နေနဲ့ ရှိ‌နေတာပဲ။ ပညာကို ဆက်လက်သင်ယူခွင့် အခွင့်အ‌ရေး မရှိတာက ကျ‌နော်တို့ကို တိရိစ္ဆာန်‌တွေသာသာလို ဆက်ဆံ‌နေကြတာပဲ။ သူများ‌တွေ လွတ်လွတ်လပ်လပ် အခွင့်အ‌ရေးအပြည့်အဝနဲ့ ပညာသင်ကြား‌နေကြရသလို ကျ‌နော်တို့လည်း အဲ့လိုမျိုးသင်ကြားချင်တာပါပဲ။

‌စောကျက်ကျက် (မယ်လာအားခီး အထက်တန်း‌ကျောင်း)


ကျ‌နော် ကြီးလာရင် ‌ကျောင်းဆရာဖြစ်ချင်တယ်။ ကျ‌နော်တို့ လူ့အဖွဲ့အစည်းထဲမှာ ‌ကျောင်းဆရာ၊ ဆရာမ အရမ်းအားနည်း တယ်။ ကျ‌နော့်အမျိုးသား‌တွေမှာလည်း ပညာ‌ရေးလိုအပ်ချက်‌တွေ များစွာရှိတယ်။ ဒါ‌ကြောင့် ကျ‌နော် ‌ကျောင်းပြီးရင် ‌ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ထားတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တု့ိ ‌ကျောင်း‌တွေ ကျ‌နော်တို့ ပညာ‌ရေး ‌တွေကို တာဝန်ရှိတဲ့သူ ‌တွေက အထင်‌သေးသလို ဆက်ဆံကြ‌ပေမဲ့ ကျ‌နော့်အ‌နေနဲ့ တန်းတူရည်တူ ပညာသင်ယူခွင့်ရချင်တယ်။

‌နော်စိန်သန်း (နယ်ဖိုးခီး ‌ကျောင်း)


ကျမ ‌ကျောင်းပြီးရင် ‌ကျောင်းဆရာမ ဒါမှမဟုတ် ‌ဆေးဆရာမ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါ‌ပေမဲ့ အဆင့်မြင့်ပ ညာ‌ရေးအထိ တက်လှမ်းနိုင်ဖို့က ကျမတို့ ‌ကျောင်းက ‌အောင်လက်မှတ်‌တွေက အသိအမှတ် ပြုမခံရပါဘူး။ သူများ‌တွေ အဆင့်အတန်းရှိရှိ ‌ကျောင်းတက်ရသလို ကျမတို့လည်းတက်ချင်တယ်။ သူများ‌တွေ အခွင့်အ‌ရေးရှိသလို ကျမမှာလည်း အခွင့်အ‌ရေးအပြည့်အဝရချင်တယ်။ သူတို့‌တွေနဲ့ တန်းတူညီတူ ငြိမ်းငြိမ်းချမ်းချမ်း‌လေး ‌ကျောင်းတက်ခွင့် ရချင်တယ်။