Home သတင်း ဖားအံမြို့ တွင် မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်ပတ်သက်‌သော အ‌သေးစားစစ်တမ်း ‌ကောက်ယူမည်

ဖားအံမြို့ တွင် မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်ပတ်သက်‌သော အ‌သေးစားစစ်တမ်း ‌ကောက်ယူမည်

3497
မူးယစ်‌ဆေးအလွဲသုံးမှု စစ်တမ်း လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ အစည်းအ‌ဝေး( Photo-U Zaw Min FB.)

ဩဂုတ် ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက် (KSCN) မှ ဖားအံမြို့ ရပ်ကွက် ၉ ခုအတွင်း မူးယစ်‌ဆေးဝါး နှင့် ပတ်သက်သည့် အကြိုဆန်းစစ်‌လေ့လာမှုများကိုပြုလုပ်ကာ အ‌သေးစားသု‌တေသန စစ်တမ်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ပြည်နယ်အတွင်း အဓိက ခြိမ်း‌ခြောက်မှု တစ်ခုဖြစ်လာ‌နေသည့် မူးယစ်‌ဆေးဝါး အ‌ခြေအ‌နေများနှင့် ပတ်သက်ပြီး ထိုသို့စစ်တမ်းများ ‌ကောက်ယူရခြင်းအ‌ပေါ် ကရင်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့ အစည်းများကွန်ယက် -KSCN မှ ညှိနှိုင်း‌ရေးမှူးတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ကျ‌နော်တို့က မူးယစ်‌ဆေးဝါးသုံးမှု အ‌ခြေအ‌နေကိုလည်း သိချင်တယ်။ မူးယစ်‌ဆေးဝါး အလွဲသုံးမှု‌ကြောင့် မြို့ပြရဲ့ လုံခြုံ‌ရေး အ‌ခြေအ‌နေကို ဘယ်‌လောက်ထိ အကျိုးသက်‌ရောက်မှုရှိ‌နေလဲ ။ လူငယ်‌တွေရဲ့ အနာဂတ်ဘဝ ဘယ်လိုရှိ‌နေလဲ။ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်‌တွေ ဥပ‌ဒေပိုင်းဆိုင်ရာ၊ ရဲကဏ္ဍ ၊ ပညာ‌ရေး ၊ ကျန်းမာ‌ရေး၊ မိဘအုပ်ထိန်းသူ‌တွေ အဲ့လူ‌တွေရဲ့ အခန်းကဏ္ဍ‌တွေ‌ရော ဘယ်လိုရှိ‌နေ သလဲ ဆိုတဲ့ အ‌နေအထား‌တွေကို သိချင်တာ‌ကြောင့်ဖြစ်ပါတယ်” ဟု ၎င်းက ‌ပြောသည်။

ထိုသို့မူးယစ်‌ဆေးဝါးနှင့် ပတ်သက်သည့် အ‌သေးစားသု‌တေသနစစ်တမ်းများ ‌ကောက်ယူခြင်းအားဖြင့် လူငယ်‌ကျောင်းသားများအတွက် အသိပညာများ တိုးပွားလာခြင်းအပြင် မူးယစ်‌ဆေးဝါးအလွဲသုံးမှု ဆိုင်ရာ စစ်တမ်းတစ်ခုထွက်လာခြင်း၊ ရရှိလာသည့် စစ်တမ်းများကို လူမှုဝန်ထမ်းဦးစီးဌာန ‌သော်လည် ‌ကောင်း ၊ အခြားဌာနဆိုင်ရာများ‌သော်လည်‌ကောင်း၊ အခြား အဖွဲ့အစည်းများအတွက်‌သော်လည်‌ကောင်း အ‌ထောက်အကူပြုနိုင်မည်ဖြစ်‌ကြောင်းလည်း အဆိုပါ ညှိနှိုင်း‌ရေးမှူးက ဆက်လက် ‌ပြောဆိုသည်။

KSCNမှ “ လူငယ်များအတွက် ပိုမို‌တောက်ပ‌သော အနာဂတ် ” စီမံကိန်းအရ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ၆ လတာကြာမြင့်မည့် မူးယစ်‌ဆေးဝါး နှင့်ပတ်သက်သည့် အဆိုပါ အ‌သေးစားသု‌တေသန စစ်တမ်း ‌ကောက်ယူမှုများကို စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ မြို့‌ပေါ်ရပ်ကွက် ၉ ခုအတွင်းရှိ လူငယ်များအပါ အဝင် တစ်ရပ်ကွက်လျှင် လူ ၄ဝဦး နှုန်းဖြင့် သတ်မှတ်‌ကောက်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် အ‌ခြေခံပညာ အထက်တန်း‌ကျောင်းများတွင် မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့်ပတ်သက်သည့် အသိပညာများ ရရှိ‌စေရန် ‌မျှော်မှန်းပြီး ‌ကျောင်းသားလူငယ်များ ပိုမို စိတ်ဝင်စားမှုရှိ‌စေရန် ရုပ်ပုံကားချပ်များ ဗွီဒီယိုဖိုင်များဖြင့် မူးယစ်‌ဆေးဝါး အလွဲသုံးမှု ကာကွယ်တားဆီး‌ရေး ဆင့်ပွားအသိပညာ‌ပေး ‌ဟော‌ပြောပွဲများ ပြုလုပ်သွားရန် ရှိ‌ကြောင်းလည်း သိရသည်။

ယမန်‌နေ့ (ဩဂုတ်လ ၃ဝ ရက်) ကလည်း KSCN အပါအဝင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ အ‌ခြေခံပညာ‌ကျောင်းများမှ ဆရာ/ဆရာမ ပါဝင်သည့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ အစည်းအ‌ဝေးတစ်ခုကို ပြုလုပ်ခဲ့သည်ဟုလည်း သိရ သည်။

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဇွန်လ အထိ မူးယစ်‌ဆေးဝါး အမှု‌ပေါင်း ၅၂ဝမှုနှင့် တရားခံ (ကျား) ၆၅၂ ဦး ၊ တရားခံ (မ) ၁၂၇ ဦး စုစု‌ပေါင်း ၇၇၉ ဦးကို ‌ဖော်ထုတ်ဖမ်းဆီးအ‌ရေး ယူနိုင်ခဲ့‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။