KIC News
ဘန်းချောင်းကျောက်မီးသွေးတွင်းကိစ္စ သတ္တုတွင်းဦးစီးဌာနနှင့် ဒေသခံကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
မေလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသရှိ ကျော်မီးသွေးတွင်း ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ရှိ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူများနှင့်ဒေသခံများက မေ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများက ပြောသည်။
အဆိုပါ...
ပြည်နယ်အတွင်းရှိ ကျောင်းများအဆင့်တိုးလိုက်သည့်အတွက် ဆရာ ၁,၀၀ဝ ဦးကျော် လိုအပ်နေ
မေလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်အတွင်းရှိ အစိုးရအခြေခံပညာကျောင်းပေါင်း ၂၆၁ ကျောင်းကို ပညာရေးဝန်ကြီးဌာနက ယခုမေလ အတွင်း အဆင့်တိုးမြင့်လိုက်သည့်အတွက် ဆရာ၊ ဆရာမ ဦးရေ ၁,၀၀ဝ ဦးကျော် လိုအပ်နေသည်ဟု ပြည်နယ်ပညာရေးမှူး ဦးစိုး မြင့်က ကေအိုင်စီသို့...
ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ငြိမ်းချမ်းရေးရအောင်လုပ်ရန် BMAတိုက်တွန်း
မေလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ကျန်းမာရေး လိုအပ်ချက်များကို ထိရောက်အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်း ရေ ရှည်တည်တံ့သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းလုပ်ဆောင်ပေးရန် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း-BMAက မြန်မာ့နိုင်ငံရေးတွင် အဓိက ပါဝင်ကြသည့် အဖွဲ့အစည်းများအား တိုက်တွန်းပြောဆိုလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့်...
KYO ဥက္ကဌ စောလယ်နယ်နှင့် တွေ့ဆုံခြင်း
“ဒေသအသီးသီးက ကရင်လူငယ်တွေ အတူတူစည်းရုံးလုပ်ဆောင်သွားဖို့ ဒီကနေ့အချိန်က အကောင်းဆုံးအချိန်အခါပဲ”
ယခုလ မေလ ၂၃ ရက်နေ့သည် ကရင်လူငယ်အစည်းအရုံး(KYO) ဖွဲ့စည်းခြင်း ၂၉ နှစ်မြောက်ဖြစ်သည်။ ထိုနေ့ကို အခြေခံပြီး လတ်တလော KYO ၏ လှုပ်ရှားမှု၊ ရင်ဆိုင်ရသည့် စိန်ခေါ်မှု၊ ချမှတ်ထားသည့် အနာဂတ် မျှော်မှန်းချက်များ ကို...
တိုင်းရင်းသားလူငယ်များအနေဖြင့် ဖက်ဒရယ်တည်ဆောက်မှုတွင် အင်အားတစ်ခုဖြစ်ရန် KYO မျှော်လင့်
မေလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
တစ်လကျော်ကြာ ဖွင့်လှစ်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး-KYO၏ နွေရာသီလူငယ်သင်တန်း (Summer Youth Camp)မှ သင်တန်းဆင်း တိုင်းရင်းသားလူငယ် (၆၃)ဦးအပေါ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အင်အားတစ်ခုအဖြစ် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း KYO က ပြောသည်။
တိုင်းရင်းသားလူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံ...
တပ်မတော်လုပ်ရပ်များအပေါ် ဩစတြေးလျား မြန်မာသံရုံးရှေ့တွင် ကရင်လူဦးရေ ၂၀၀ကျော် ဆန္ဒပြခဲ့
မေ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ စောကျော်ခွီး(ဆစ်ဒနီ)
နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့(IKO)၏ သဘောထားဆုံးဖြတ်ချက်အရ ဩစတြေးလျား ကရင်အမျိုးသားအဖွဲ့(AKO) မှ စီစဉ် ဆောင်ရွက်သော တပ်မတော်၏လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဩစတြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံ ရုံးရှေ့တွင် မေလ ၂၅ရက်၊ မွန်းလွဲ (၁)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ Queensland Senator...
လျှပ်စစ်ဝန်အား လျှော့ချသုံးစွဲရဟု ပြည်နယ် ဒုလျှပ်စစ်အင်ဂျင်နီယာ ပြောဆို
မေလ ၂၅ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အနေဖြင့် လျှပ်စစ်ဌာနချုပ်၏ သတ်မှတ်ထားသည့်နှုန်းအတိုင်း ဝန်အားလျှော့ချပြီး သုံးစွဲနေရသည့်အတွက် လျှပ် စစ်မီး ပြတ်တောက်ရခြင်းဖြစ်သည်ဟု ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာမှူး ဦးသိန်းရွှေက ကေအိုင်စီသို့ ပြောသည်။
“အဓိက ရေ Level ကျလာတဲ့အတွက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက မူလသတ်မှတ်ထားတဲ့ ဓာတ်အားထုတ်လုပ်...
မိုးစပါး စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ သောင်းကျော် ပြည်နယ် စိုက်/ဘဏ် ထုတ်ချေးမည်
မေလ ၂၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ သောင်း ကျော်ကို လယ်သမား များအား ထုတ်ချေးပေးမည်ဟု ပြည်နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးဝင်းနိုင်က မေ ၂၄ ရက်နေ့...
ဝင်းရော်ဒေသ ရွာချင်းဆက် ကွန်ကရစ်တံတား ကိုယ်ထူးကိုယ်ထ ဖွင့်လှစ်
မေ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ဝေါင်ထွန်း(ဝင်းထောင်း)ရွာနှင့် ဝါးမီရပ်ကွက်ကို ဆက်သွယ်ထားသည့် ကွန်ကရစ် တံတားကို ဝေါင်ထွန်းရွာသူ၊ ရွာသားများ စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီး တံတားဖွင့်ပွဲကို မေ ၂၄ ရက်နေ့တွင် ကျင်းပ ခဲ့သည်။...
တိုင်းရင်းသားလူငယ်များ ပိုမိုလက်တွဲလုပ်ဆောင်ရန် KYO တိုက်တွန်း
မေလ ၂၃ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များတွင် တိုင်းရင်းသားများလိုလားသည့် အခြေခံအခွင့်အရေးများအတွက် အာမခံချက် မပေး နိုင်သေးသည့်အခြေအနေတွင် တိုင်းရင်းသားလူငယ်များအနေဖြင့် ပိုမိုလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်လူငယ်အ စည်းအရုံး-KYO ဥက္ကဌ စောလယ်နယ်က ယနေ့ ကျရောက်သည့် ၂၉ကြိမ်မြောက် KYO နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
"ကျနော်တို့မှာရှိနေပြီးသား အမျိုးသားတန်းတူရေး၊...














