KIC News
ထိုင်းတွင် တရားမဝင်အလုပ်သမား ဖမ်းဆီးခြင်း ဥပဒေ ဆိုင်းငံ့ကာလအတွင်း အမြန်မှတ်ပုံတင်ရန် လို
နိုဝင်ဘာ ၁၆ ရက်၊ ၂ဝ၁၇ ခုနှစ်။ စောရှား
တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးအရေးယူမည့် ဥပဒေပုဒ်မကို ထိုင်းအစိုးရက အချိန် ၃ လ ထပ်မံ ဆိုင်းငံ့ထားသည့် ကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အထောက် အထားများ အမြန်ဆုံး လုပ်ဆောင်ကြရန် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက...
နယ်စပ်ဒုက္ခသည်များ၏ အခြေအနေကို အလှူရှင်သုံးနိုင်ငံ သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာ
နိုဝင်ဘာ ၁၅ ရက်၊ ၂ဝ၁၇ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် နယ်စပ်ရှိ ပြည်တွင်းစစ်ရှောင် IDPs များ၏ အခြေအနေများကို ဩစတြေးလျ၊ အဂင်္လန်၊ ကနေဒါ သံရုံးတာဝန်ရှိသူများနှင့် ဒုက္ခသည်များကို အကူအညီပေးနေသည့် အလှူရှင်အ ဖွဲ့အစည်းများက ယခုရက်ပိုင်းအတွင်း လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု...
အပစ်ရပ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်မှုကြောင့် မူးယစ်ဆေးပြားဖမ်းမိမှု ယခင်ထက် နှစ်ဆကျော်တိုးလာ
နိုဝင်ဘာ ၁၄ရက် ၊ ၂ဝ၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရယူထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးပြားဖမ်းမိမှု ယခင်နှစ်ထက် နှစ်ဆကျော်တိုးလာသည်ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ကေအိုင်စီသို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။
ယခင် ၂၀၁၆ ခုနှစ်အတွင်း ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးပြား...
မြေယာကိစ္စကို ကန့်ကွက်ခြင်းထက် ညှိနှိုင်းအဖြေရှာမှုမျိုး လုပ်ဆောင်သင့်ဟု အစိုးရအား KNU မြေယာဌာနအကြံပြု
နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲမှ ကြေညာချက်အား ကရင်ပြည်နယ်အစိုးရမှ နိုဝင်ဘာ ၁ဝ ရက် နေ့စွဲဖြင့် ကန့် ကွက်စာ ထုတ်ပြန်သည့်အပေါ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟို မြေယာဌာန ကော်မတီဝင် ပဒိုမန်းမန်းမန်းက ကန့်ကွက်ခြင်းထက် ဆွေးနွေးအဖြေရှာမှုမျိုး လုပ်ဆောင်သင့်သည်ဟု...
ကရင်ဒေသ ဘိတ်မြို့နယ်ခွဲတွင် ပထမဆုံးအကြိမ် ကလေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်တန်းပေး
နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
ကရင်ကျောင်းဆရာများသမဂ္ဂအဖွဲ့(KTWG) လက်အောက်ခံ Mobile Teacher Trainer(MTT)မှ ဦးစီး၍ တနသင်္ာရီတိုင်းဒေသကြီးအတွင်းရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တနောတရိမြို့နယ်(ဘိတ်မြို့နယ်ခွဲအတွင်း)၊ ဝါးလိုကျေးရွာ၌ ကလေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်တန်းတစ်ခုကို ပထမအကြိမ်အဖြစ် သင်ကြားပို့ချခဲ့သည်။
ကလေးများအား စာသင်ကြားသည့်အခါ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုနှင့် ထိန်းကျောင်းပေးရမည့် နည်းလမ်းများကို သိရှိနိုင်ရန်...
ရွာခန့်နှင့် တိုင်းရင်းစာပေသင် ဆရာ/ဆရာမ ၄၇၃ ဦးအား ကျပ်သိန်း ၈ဝဝ ကျော် ထောက်ပံ့ငွေပေးအပ်
နိုဝင်ဘာ ၁၃ ရက် ၊ ၂ဝ၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသတွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ကျေးရွာခန့် ဆရာ/ ဆရာမနှင့် တိုင်းရင်းစာပေသင်ကြားနေသည့် ဆရာ/ဆရာမ ၄၇၃ ဦးအား KNU -ကရင်အမျိုးသားအစည်းအရုံး၏ ဝင်းရေး မြို့နယ် ကရင်ပညာရေးဌာန-KED မှ...
KOUSA ဥက္ကဌ စောမူ့ကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း
“ကရင့်သမိုင်းမှာ မှတ်တမ်းတင်ရေးထိုးရမယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။”
အမေရိကန်ကရင်အဖွဲ့အစည်း (Karen Organization of the United States of America - KOUSA)က ဦးဆောင်ကာ အမေ ရိကန်နိုင်ငံ၊ ပြည်နယ် ၃ဝကျော်မှ ကရင်တိုင်းရင်းသားများ၊ ကနေဒါ၊ နော်ဝေနိုင်ငံများရှိ ကရင်တိုင်းရင်းသားလူမျိုး...
အမေရိကန်ရှိ မြန်မာသံရုုံး၏ ထုတ်ပြန်ချက်အပေါ် KOUSA တုံ့ပြန်
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ဝါရှင်တန်မြို့တော်တွင် နိုဝင်ဘာလ ၆ရက်နေ့က (Karen Day)ကျင်းပခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရှိ မြန်မာသံရုုံး၏ ထုတ်ပြန်ချက်အပေါ် လက်မခံကြောင်း ၎င်းပွဲကိုဦးဆောင်ခဲ့သော အမေရိကန်ကရင်အဖွဲ့အစည်း-KOUSA(Karen Organization of the United States of America)မှ တုံ့ပြန်ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၇ရက်နေ့က ထုတ်ပြန်ခဲ့သော...
ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာရောက်ရှိမှုတွင် မြေယာပြဿနာ ၉ဝ ရာခိုင်နှုန်းခန့်ဖြစ်နေ
နိုဝင်ဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်လွှတ်တော်သို့ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ အများပြည်သူတိုင်းကြားစာ ရောက်ရှိ လာမှုတွင် အများစုမှာ မြေယာပြဿနာဖြစ်ပြီး ၉ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ပြည်နယ်လွှတ်တော်၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိကဝတ်များ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသ နားခံစာဆိုင်ရာစိစစ်ရေး...
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးရဲ့ အကြောင်းနဲ့ အကျိုး
(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်)
“ရခိုင်ကိစ္စ” ထိပ်တန်းတက်လာတော့ ကိုးကန့်ဘက်ကတိုက်ပွဲ၊ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေ အရောင်ရော အသံပါ မှိန်သွားပါတယ်။ ကုန်ကုန်ပြောရရင် ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ (AH1N1) ဆိုတဲ့ ငှက်တုပ်ကွေးတောင် အများပြည်သူ ရဲ့ အာရုံကနေ ကြက်ပျောက် ငှက်ပျောက် ကွယ်ပျောက်သွားပါတော့တယ်။ အများပြည်သူရဲ့အာရုံကို...














