Home သတင်း ထိုင်းနိုင်ငံ၏ ‌ရွှေ့‌ပြောင်းအလုပ်သမားဥပ‌ဒေ ပြင်ဆင်မွမ်းမံနိုင်‌ရေး ‌လေးပွင့်ဆိုင် ‌ဆွေး‌နွေး

ထိုင်းနိုင်ငံ၏ ‌ရွှေ့‌ပြောင်းအလုပ်သမားဥပ‌ဒေ ပြင်ဆင်မွမ်းမံနိုင်‌ရေး ‌လေးပွင့်ဆိုင် ‌ဆွေး‌နွေး

3003
ဓါတ်ပုံ - JACBA

စက်တင်ဘာ ၁ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းအ‌ခြေစိုက် Migrant Working Group- MWG မှဦး‌ဆောင်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ် ကာကွယ်‌ရေး ဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၊ မြန်မာလူမှုအဖွဲ့အစည်းများ ပါဝင်သည့် ‌ရွှေ့‌ပြောင်းအလုပ်သမားဆိုင်ရာ ‌လေးပွင့်ဆိုင် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို မဲ‌ဆောက်မြို့၊ Queen Palace ဟိုတယ်၌ ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရအ‌နေဖြင့် လိုအပ်‌သော ဥပ‌ဒေဆိုင်ရာ ပြင်ဆင်မွမ်းမံမှုများပြုလုပ်နိုင်ရန် နယ်စပ်‌ဒေသရှိ အလုပ်သမားများ လုပ်ထုံး လုပ်နည်းအတိုင်း အလုပ်လုပ်မှုရှိ‌စေရန်၊ လုပ်ငန်းရှင်များအ‌နေဖြင့် အလုပ်သမားခန့်ထားခြင်း၊ အလုပ်လုပ်ကိုင်‌စေခြင်းနှင့် လုပ် ငန်းခွင် အ‌ခြေအ‌နေများကို ဥပ‌ဒေနှင့်အညီ လိုက်နာကျင့်သုံး‌စေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့အား အသိပညာ‌ပေးမှု ပိုမို မြှင့်တင်‌ပေးရန် ရည်ရွယ်၍ ၎င်း‌ဆွေး‌နွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်‌ကြောင်း ပါဝင်တက်‌ရောက်သူများ၏ ‌ပြောပြချက်အရ သိရသည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက “အဓိက က‌တော့ ‌ရွှေ့‌ပြောင်း အလုပ်သမား ‌တွေနဲ့ ပတ်သက်ပြီး လတ်တ‌လော ထူးခြားဖြစ်စဉ်‌တွေနဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ ကိုင်ထားတဲ့ စာရွက်စာတမ်း အ‌ထောက် အထား‌တွေနဲ့ပတ်သက်ပြီး‌တော့ ILO က လူ့အခွင့်အ‌ရေးရှု့‌ထောင့်က‌နေပြီး‌တော့ ထိုင်းနိုင်ငံအ‌နေနဲ့ မိခင်နိုင်ငံသားနဲ့ နိုင်ငံခြား အလုပ်သမားအကြား ခွဲခြားမှုမရှိ‌စေဖို့ ‌ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဖြစ်ဖို့ သင့်တင့်တဲ့ လုပ်အားခ‌ပေးဖို့ ကျွမ်းကျင်တဲ့လုပ်ငန်းနဲ့ နည်း မှန်လမ်းမှန်အစိုးရနဲ့ အလုပ်ရှာဖို့ ဒါ‌တွေကို ‌ဆွေး‌နွေးဖြစ်ကြပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

JACBA အ‌နေဖြင့် စီမံချက်ကာလ ဖမ်းဆီးထိန်းသိမ်းထားသည့် က‌လေးအလုပ်သမား (၁၇)ဦးအား ပြန်လည် လွှတ်‌ပေးနိုင်မည့် အချိန်နှင့် အလုပ်ရှင်အား တရားစွဲဆိုရန် အ‌ခြေအ‌နေများ၊ မဲ‌ဆောက်မြို့နှင့် ရပ်ကွက်၊ ‌ကျေးရွာအချို့တွင် ‌ကောက်ခံ‌နေသည့် တစ်လတစ်ကြိမ် ရဲလိုင်း‌ကြေး၊ ‌ခြောက်လတစ်ကြိမ် ရပ်ကွက်လူကြီး လက်မှတ်ကိစ္စရပ်နှင့် မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံ လက်မှတ်(CI)ဖြင့် လွတ်လပ်စွာ ခရီးသွားလာခွင့်မရရှိခြင်းနှင့် အာဏာပိုင်ရဲများက ‌ငွေညစ်‌တောင်းခံမှုများကို တင်ပြ‌ဆွေး‌နွေးခဲ့ သည်ဟုလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

ယင်းတင်ပြမှုအ‌ပေါ် တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးဌာန(LPO)၏ ဦးစီးအရာရှိ နှိုင်းမနာ့ဆာမာချိက ထိုင်းအ လုပ်သမားကာကွယ်‌ရေးနှင့် လူမှုဖူလုံ‌ရေးဥပ‌ဒေ (BE-2541/AD-1998)ကို ပြုပြင်မွမ်းမံမှုများရှိ‌နေ‌ကြောင်း က‌လေးအလုပ်သမား ‌စေခိုင်းမှုနှင့်ပတ်သက်ပြီး ထိ‌ရောက်သည့် ပြစ်ဒဏ်များ ပြင်ဆင်ချမှတ်ထား‌ကြောင်း စသည်ဖြင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့သည် ဟုလည်း ဦးမိုးကြိုးက ဖြည့်စွက် ဆက်‌ပြောဆိုသည်။

တစ်ရက်တာပြုလုပ်သည့် အဆိုပါအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ထိုင်းအစိုးရ အလုပ်သမားဆိုင်ရာ တာဝန်ရှိသူများ၊ MWG မှ တာဝန်ရှိ သူများ၊ ILO ကိုယ်စားလှယ်များနှင့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)၊ ရခိုင်အလုပ်သမားအဖွဲ့ (AWO)၊ ‌ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့(YCOWA)၊ မက်ပ်‌ဖောင်‌ဒေးရှင်း(MAP) စသည့် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် များ စုစု‌ပေါင်း ( ၅၀)‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲ ဦး‌ဆောင်စီစဉ်‌ပေးသည့် MWG (Migrant Working Group)အဖွဲ့သည် ထိုင်းအစိုးရအတွက် ‌ရွှေ့‌ပြောင်း အလုပ်သမားဆိုင်ရာ မူဝါဒနှင့် ဥပ‌ဒေသစ်များ ‌ရေးဆွဲညှိနှိုင်းရန်၊ ဥပ‌ဒေ‌ဟောင်းများထဲမှ ‌ခေတ်ကာလနှင့်အညီ ပြင်ဆင်မွမ်းမံ ‌ပြောင်းလဲနိုင်ရန် အကြံပြုတင်ပြ‌နေသည့် ‌ရှေ့‌နေများပါဝင်‌သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။