Home Authors Posts by KIC News

KIC News

21987 POSTS 0 COMMENTS

ဖားအံတွင် ဓားရှောင်ရာမှ ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် လူငယ်အမှု သိန်း ၂၀၀ ဖြင့် ကျေအေး

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဓားဖြင့်ပစ်ပေါက်ခြင်းကို ရှောင်တိမ်းရာမှ ယာဥ်တိုက်ခံရပြီး အသက် ၁၇ နှစ်အရွယ် လူငယ် သေဆုံးမှုအပေါ် နစ်နာသူမိသားစုဘက်မှ ငွေကျပ်သိန်း (၂၀၀) ဖြင့် ကျေအေးပေးလိုက်ကြောင်း နီးစပ်သူထံမှသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၉...

သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်၍ မြဝတီနှင့် မဲဆောက်ဘက်ခြမ်းတွင် ရေဘေးကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေ

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနေသဖြင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် မြဝတီနှင့် မဲဆောက်မြို့နယ်မှ ဒေသခံများမှာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်ဟု သိရသည်။ နှစ်စဉ် ဇူလိုင်လရောက်တိုင်း သောင်ရင်းမြစ်ရေ မြင့်တက်လေ့ရှိပြီး အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်...

KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း ခွင့်မပြုဟု ဌာနတာဝန်ခံပြော

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ၏ တရားဝင်အမှတ်တံဆိပ်ကို ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ဌာနတာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။ KDHW သည် လူထု၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်...

ဘန်ကောက်မြို့ စားသောက်ဆိုင်မီးလောင်မှုတွင် ၂၇ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူချက်ခရိုင်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။ မီးလောင်မှုမှာ ချတူချက်ခရိုင်၊ လာ့ဖရောင်း (၁) လမ်းရှိ...

စစ်အုပ်စုလေကြောင်းနှင့် လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်တွင် နှစ်ဝက်အတွင်း ဒေသခံပြည်သူ (၇၃) ဦးသေဆုံး

ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ(တပ်မဟာ-၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲတွင် စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင် တာဝန်ရှိသူများထံမှ...

NCA ကို ဆက်လက်အကောင်ထည်ဖော်ရန် ဖားအံတွင် DKBA ဆက်ဆံရေးရုံး ပြောင်းရွှေ့တိုးချဲ့ဖွင့်လှစ်

ဇူလိုင်၊ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က စစ်အုပ်စုနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့အပြီး ယနေ့ ဇူလိုင်လ၊ (၁၂) ရက်တွင် ဖားအံမြို့၊ တောင်ကလေးတိုးချဲ့ကွက်သစ်၌ အဖွဲ့ဆက်ဆံရေးရုံးကို စည်ကားစွာ ပြောင်းရွေ့တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မလိုလားအပ်သည့်...

ကော်သူးလေ သစ်တောထိန်းသိမ်းရေးနှင့် စိန်ခေါ်မှုများအပေါ် ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

“ကိုယ့်မြေ ကိုယ့်ရေကို ချစ်မြတ်နိုးကြဖို့၊ ကိုယ့်မြေကို ထိပါးစေမယ့် တရားမဝင်လုပ်ငန်းတွေကို အထူးရှောင်ကြဉ်ကြဖို့နဲ့ တိုင်းချစ်ပြည်ချစ်၊ ရေချစ်မြေချစ်တဲ့ လူငယ်တွေ ဖြစ်လာကြဖို့ တိုက်တွန်းပြောကြားချင်တယ်။” ကော်သူးလေ သစ်တောထိန်းသိမ်းရေးနှင့် စိန်ခေါ်မှုများအပေါ် ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မိုးလရာသီ...

ဖားအံတွင် ရေဘေးကယ်ဆယ်ရေး ကြိုတင်ပြင်ဆင်ထားသော်လည်း လှေနှင့်လူအင်အား လိုအပ်ချက် ရှိနေ

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာသည့်အတွက် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသော်လည်း လူအင်အားနှင့် အသက်ကယ်လှေ လုံလောက်မှုမရှိသေးကြောင်း မြို့နယ်လူမှုကူညီရေးအဖွဲ့များက ပြောသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(ဇူလိုင် ၁၁ ရက်)...

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးအစည်းအဝေးသို့ စစ်အုပ်စုဝန်ကြီး တက်ရောက်မည်

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော မြန်မာ့အရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်သွားရန်ရှိနေကြောင်း နီးစပ်ရာသတင်းအရင်းအမြစ် ပြောကြားချက်အရ Thai PBS သတင်းက ဖော်ပြသည်။ စစ်အုပ်စုဦးဆောင်ပြုလုပ်သွားသည့် ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံနှင့်စနစ်တကျပိုမိုထိတွေ့ရန်...

စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ မောတောင်လမ်းပိုင်း အသုံးပြုသူများ စည်းကမ်းလိုက်နာရန် Black Cobra Column တိုက်တွန်း

ဇူလိုင် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုကို ပြန်လည်စစ်ဆင်တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေသောကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ရှိ မော‌တောင် နယ်စပ်မြို့အဝင် လမ်းပိုင်းကို အသုံးပြုသွားလာမည့် ပြည်သူများအနေဖြင့် စစ်ရေးကာလ စည်းကမ်းချက်များကို လိုက်နာရန် Black Cobra Column...
Donate