KIC News
သရက်ချောင်းတွင် စစ်အုပ်စု မီးရှို့မှုကြောင့် ကျေးရွာ (၃) ရွာရှိ နေအိမ်များ ဆက်တိုက်ပျက်စီးခဲ့ရ
အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာ အတွင်း စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃) ရွာရှိ နေအိမ်များ ဆက်တိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်များမှ သိရသည်။
ထိုစစ်ကြောင်းကြောင့် စက်တင်ဘာ (၇)...
စစ်အုပ်စုတပ်က လေးကေကော်ဒေသရှိ ကျေးရွာများသို့ အသေခံဒရုန်းချမှုနှင့် လက်နက်ကြီးပစ်မှုများ ဆက်တိုက်လုပ်ဆောင်
အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းနယ်မြေ လေးကေကော်မြို့ဒေသရှိ ကျေးရွာများဘက်သို့ အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းဗုံးချမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့ရော၊ ညပါ ဆက်တိုက် လုပ်ဆောင်နေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှ...
တောင်ယာကမ်းကျေးရွာမှ ဒေသခံတစ်ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်
အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာတွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသော ဒေသခံရွာသား တစ်ထောင်ကျော်သည် လက်ရှိတွင် အရေးပေါ်ကူညီလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်အရ သိရသည်။
တပ်အင်အား ၅၀ ဝန်းကျင်ဖြင့် တစ်မိုင်တောင်စခန်းမှ ဆုတ်ခွာလာပြီးနောက် တောင်ယာကမ်းကျေးရွာ...
စစ်အုပ်စု ထိန်းချုပ်သည့် ကျုံဒိုးချောင်းဖျားဒေသ ကျေးရွာများတွင် သူခိုးများဝင်ရောက်၊ ပစ္စည်းများကို ကားဖြင့်သယ်ယူ
အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်အုပ်စုမှ ထိန်းချုပ်လိုက်သည့် ကျုံဒိုးချောင်းဖျားဒေသကျေးရွာအချို့တွင် သူခိုးများဝင်ရောက် လာပြီး ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်မှုများ နေ့စဉ်လိုလို လုပ်ဆောင် လျက်ရှိသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ကျုံဒိုးချောင်းဖျား၊ ကျုံဘိုင်း၊ ကြာအင်းစု၊ ကော့ဝါးဘိုး၊ ကော့ဒေးဆိုင်၊...














