Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

စစ်အုပ်စုတပ် မုဒိမ်းကျင့်ခံရသည့် သရက်ချောင်းမှ မသန်စွမ်း အဘွားအို စိတ်ပိုင်းဆိုင်ရာ ထိခိုက်

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦး၏ မုဒိမ်းကျင့်ခံရသော အသက် (၇၀) ကျော်အရွယ် မသန်စွမ်းအဘွားအိုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားနေရကြောင်း အဘွားနှင့်နီးစပ်ရာဒေသအသင်းအဖွဲ့က ပြောသည်။ ရန်တောင်ရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်မှ...

တော်လှန်ရေးအရှိန်မြှင့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် NUG သမ္မတတို့ ဆက်တိုက်တွေ့ဆုံ

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တို့သည် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တော်လှန်ရေးအရှိန်မြှင့်ခြင်းနှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ဆက်တိုက်တွေ့ဆုံခဲ့ကြကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်သည်။ အွန်လိုင်းအစီအစဥ်ဖြင့် NUG ယာယီသမ္မတ ဒူဝါလရှီးလက...

စစ်အုပ်စု တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ထဲ အဝင်အထွက် ပိုလုပ်လာ

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ထဲကို ယခုတလောတွင် အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ဝင်ထွက်သွားလာမှု ပိုမိုလုပ်ဆောင်လာသည်ဟု မြေပြင်သတင်းအရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA တပ်ဖွဲ့များက ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်မှစတင်ကာ...

ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်လုပ်ဆောင်မည်ဟု ကရင်လက်နက်ကိုင် ၃ ဖွဲ့ သဘောထားထုတ်ပြန်

စက်တင်ဘာ ၂၉ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဖြင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရေး အတွက် ရွေးကောက်ပွဲကို ကာကွယ်ကာ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်တွင်းရှိ ကရင်လက်နက်ကိုင် ၃ ဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။ ပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲ့များဖြစ်သည့်...

ဖာပွန်နယ် ဝါးဒူးကျေးရွာ၌ အာဏာသိမ်းတပ်၊ BGF နှင့် DKBA ဗိုလ်ဘိအဖွဲ့များ ပူးပေါင်းတပ်စွဲပြီး အင်အားဖြည့်နေ

စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်) ခရိုင်၊ ဝါးဒူးကျေးရွာဝန်းကျင်တွင် အာဏာသိမ်း စစ်တပ်နှင့်အတူ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ဗိုလ်ဘိဦးဆောင်သည့် ကြာအင်းပေါ်တော်မူ DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားပြီး အင်အားဖြည့်နေသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) နှင့်...
Donate