KIC News
၂၀၂ဝ ရွေးကောက်ပွဲတွင် ကရင်ပါတီများကို ဝန်းရံသွားမည်ဟု ကရင်လူငယ်ကွန်ရက်ပြော
ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၂ဝခုနှစ်။ စောရှား
၂၀၂ဝခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပါတီများအောင်နိုင်ပြီး လွှတ်တော်များထဲသို့ ရောက်ရှိနိုင်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ကွန်ရက်(KYN)မှ တတ်နိုင်သည့်ဖက်မှ ဝန်းရံပေးသွား မည်ဟု ပြောသည်။
ဖားအံမြို့၊ ခွယ်ကဘောင်ဟိုတယ်၌ ဖေဖော်ဝါရီလ ၂၂ရက်မှ ၂၄ရက်နေ့အထိ ပြုလုပ်သော ကရင်လူငယ်ကွန်ရက် ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲအပြီး ကရင်လူငယ်အဖွဲ့ချိတ်ဆက်မှု တာဝန်ခံသူတစ်ဦးဖြစ်သူ...
ပြည်သူတွေမလိုဘဲ လုပ်နိုင်သည့်အစိုးရမှာ ဒီမိုကရေစီအစိုးရမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၂ဝခုနှစ်။ နေနော်
အစိုးရအနေဖြင့် ပြည်သူလူထု မလိုဘဲ မိမိတို့ဖာသာ လုပ်နိုင်သည်ဆိုသော အစိုးရသည် ဒီမိုကရေစီအစိုးရ မဟုတ်သလို လူထုထောက်ခံမှုမရှိ၊ လူထုနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါက ရေရှည်ကာလတွင် မည်သို့မှ အောင် မြင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။...
နိုင်ငံတော်အတိုင်ပင်ခံ၏ ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲ ပြည်သူတစ်သောင်းကျော် တက်ရောက်ခဲ့
ဖေဖော်ဝါရီလ ၂၄ရက်၊ ၂၀၂ဝခုနှစ်။ နေနော်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ချောင်းတောင်ရပ်ကွက်ရှိ ကရင်အမျိုးသားနှစ်သစ်ကူးကွင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့ရာ ကော့ကရိတ်မြို့နှင့် အနီးကျေးရွာများမှ ပြည်သူလူထု တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။
ယနေ့...
Radio Karen: (24,2,2020) Burma army road security patrol clashed with KNLA’s...
https://youtu.be/kinCxgKfqzs
Radio Karen: Mortar shelling into the village injure 20 students during...
https://youtu.be/weHQzjD9Ih8
KNLA နှင့် တပ်မတော်တို့ကြား ပစ်ခတ်မှု ဖြစ်ပွား
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် လက်အောက်ခံတပ်တို့အကြား ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)က မူတရော်(ဖာပွန်ခရိုင်)၊ ဒွယ်လိုးမြို့နယ်၊ လေဖိုးထာကျေးရွာအုပ်စု ထိုကလိုခီးနှင့် ဘောကျို့လယ် ကျေးရွာကြား၌ မိနစ်အနည်းငယ်ပစ်ခတ်မှု...
နွေရာသီ ပိုး(ဖလုံး) စာသင်ကြားရေးအတွက် ဖန်းဖောင်ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်း
ဖေဖေါ်ဝါရီ ၂၁ရက်၊ ၂၀၂ဝ ခုနှစ်။ စောထွန်းလင်း
မြစ်ဝကျွန်းပေါ်ဒေသတွင် နွေရာသီ ပိုး(ဖလုံး-အနောက်ပိုးကရင်) စာသင်ကြားနိုင်ရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးများ တည်ထောင်ထားသော ဖန်းဖောင်ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်းထားသည်ဟု အနောက်ပိုးကရင် စာပေအကျိုးပြုလူငယ်အဖွဲ့၊ တာဝန်ခံတစ်ဦးဖြစ်သူ စခွါခွါက ကေအိုင်စီသို့ ပြောသည်။...
ကရင်ပြည်နယ် မြို့နယ် ၄ခုသို့ နိုင်ငံတော် အတိုင်ပင်ခံ သွားရောက်မည်
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂ဝ၂ဝ ခုနှစ်။ စောမြတ်ဦးသာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ရက်နေ့တို့တွင် ကရင်ပြည် နယ်ရှိ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲမြို့များသို့ လာရောက်ကာ ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံ ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်...
၂၀၂ဝ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုများကို ကရင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ ပထမဆုံး စတင်ပြုလုပ်
ဖေဖော်ဝါရီ ၂၁ ရက်၊၂၀၂ဝ ခုနှစ်။ စောရှား
ကရင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပထမဦးဆုံးအကြိမ် စတင်ပြု လုပ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ဝ ရက်(ယမန်နေ့) ဖားအံမြို့၊...
ဒေသထွက် ဖာလာများကို နိုင်ငံတကာဈေးကွက်ချဲ့ထွင်ပေးရေး ဖာလာစိုက်တောင်သူများတောင်းဆို
ဖေဖော်ဝါရီလ ၂ဝ ရက်၊ ၂၀၂ဝခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်တွင်းဖာလာထွက်ကုန်များကို လက်ရှိကုန်သွယ်နေသည့် ဈေးကွက်ထက် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးစေလိုကြောင်း ကရင်ပြည်နယ် ဖာလာစိုက် တောင်သူများနှင့် ကုန်သည်များက တောင်းဆိုလိုက်သည်။
ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ဖာလာစိုက်ပျိုးရေးလုပ်ငန်းအများဆုံးဒေသတစ်ခုဖြစ်ပြီး ဒေသထွက် ဖာလာ များကို နိုင်ငံတကာဈေးကွက်ထဲဝင်ရောက်ရန်နှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ယနေ့...















