Home သတင်း ‌တော‌နော်‌ရေတံခွန်တွင် ‌ပျောက်ဆုံး‌နေ‌သော တက္ကသိုလ်ဝင်တန်း‌အောင် ‌ကျောင်းသားရုပ်အ‌လောင်း မ‌တွေ့ရှိ ‌သေး

‌တော‌နော်‌ရေတံခွန်တွင် ‌ပျောက်ဆုံး‌နေ‌သော တက္ကသိုလ်ဝင်တန်း‌အောင် ‌ကျောင်းသားရုပ်အ‌လောင်း မ‌တွေ့ရှိ ‌သေး

4430
Photo: Nay Naw

ဩဂုတ် ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌ကော့ကရိတ်မြို့မှ ၇ မိုင်ခန့်အကွာရှိ ‌တော‌နော် သဘာဝ‌ရေတံ ခွန်တွင် ယမန်‌နေ့ (ဩဂုတ်လ ၉ ရက်)က ‌ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့မှ တက္ကသိုလ်ဝင်တန်း‌အောင်မြင်ခဲ့သည့် ‌ကျောင်းသားတစ်ဦး ‌ရေနစ်‌ပျောက်ဆုံးမှုမှာ ယ‌နေ့ (ဩဂုတ်လ ၁ဝ ရက်)အထိ ၎င်း၏ရုပ်အ‌လောင်းအား ရှာ‌ဖွေ ‌တွေ့ရှိခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌အောင်မြင်ခဲ့သူ ‌မောင်ချစ်ဝင်းထွန်း ၁၉ နှစ်သည် ‌ယောက်ျား‌လေး သူငယ်ချင်း ၂ ဦး၊ မိန်းက‌လေးသူငယ်ချင်း ၄ ဦးတို့နှင့်အတူ ယမန်‌နေ့ ‌နေ့လည်ပိုင်းက မြဝတီ-‌ကော့ကရိတ်အာရှလမ်းမကြီး နံ‌ဘေး ကီလိုမီတာ ၁၄၈ နှင့် ၁၄၉ ကြား လမ်းမကြီးအနီးရှိ “‌တော‌နော်” ‌ရေတံခွန်တွင် လာ‌ရောက်‌ရေကူးကြရာ၌ ‌မောင် ချစ်ဝင်းထွန်းမှာ ‌ရေတံခွန်‌ရေကျရာ ‌အောက်ဘက်ရှိ ‌ရေအိုင်တွင် ‌ရေနစ်သွားပြီး ‌ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။

“‌တော‌နော်”‌ရေတံခွန်မှ လုံခြုံ‌ရေးတာဝန်ယူထားသူတစ်ဦးက “ဒီက‌လေး‌ရေနစ်တဲ့‌နေရာက အ‌ပေါ်က ‌ရေ တံခွန် က‌ရေကျတဲ့ အရှိန်အရမ်းများပြီး ‌အောက်မှာဝဲက‌တော့လိုဖြစ်‌နေတဲ့အတွက် အန္တရာယ်ရှိတဲ့‌နေရာဖြစ်တာ ‌ကြောင့် အဲဒီ‌နေရာကို မသွားဖို့ကျ‌နော်တို့က ကန့်သတ်နယ်‌မြေအဖြစ် တားဆီးထားတဲ့‌နေရာဖြစ်ပါတယ်။ မ‌နေ့ကနဲ့ ဒီ‌နေ့ ‌နေ့လည်ပိုင်းအထိ ရှာ‌ဖွေ‌ရေးအဖွဲ့‌တွေ ရှာ‌ဖွေ‌ရေးများ ပြုလုပ်ခဲ့‌သော်လည်းအ‌လောင်းကို ‌တွေ့ရှိခြင်း မရှိ‌သေးဘူး”ဟု ‌ပြောသည်။

Photo: Nay Naw

အဆိုပါ ‌ကျောင်းသား ‌ရေနစ်‌ပျောက်ဆုံးမှုတွင် ‌ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သူရနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၅၄၆ ‌ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးစိုး‌ဝေဖြိုးနှင့် တပ်မ‌တော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်များက လာ‌ရောက်ရှာ‌ဖွေ ကယ်ဆယ်လျက်ရှိ‌သော်လည်း ‌ရေနစ် ‌ပျောက်ဆုံးသူ၏ ရုပ်အ‌လောင်းအား ယ‌နေ့အထိ ရှာ‌ဖွေ‌တွေ့ရှိခြင်းမ‌တွေ့ရ‌သေး‌ကြောင်း သိရသည်။

၎င်း‌ရေနစ်‌ပျောက်ဆုံး‌နေသူ ‌မောင်ချစ်ဝင်းထွန်းသည် ကျုံဒိုးရှိ ‌ခြေမြန်တပ်ရင်း ခမရ -၅၄၆ မှ တပ်ကြပ်ကြီး ‌ကျော် ခိုင်ဦး၏သားဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။