စရှူခလိန်
ခုနှစ်တွင် မြန်မာနိုင်ငံပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲသည် ကျင်းပကြတော့မည်။ ယခုဆိုလျှင် ပါတီစုံဒီမိုကရေစီကို ကျင့်သုံးလာခဲ့သည်မှာ ၂၀၂ဝ ပြည့်ရောက်လျှင် ၁ဝ နှစ်ပြည့်မည်ဖြစ်သည်။ အစိုးရသက်တမ်းအားဖြင့် နှစ်ဆက်ရှိသွားပြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပထမဦးဆုံး အစိုးရသက်တမ်း ငါးနှစ်အဖြစ် အုပ်ချုပ်ခဲ့သည်။ တစ်ခါ ၂၀၁၆ ခုနှစ်မှ ၂၀၂ဝ ပြည့်ရောက်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အစိုးရသက်တမ်း ငါးနှစ်ပြည့်မည်ဖြစ်သည်။ လာမည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ငါးနှစ်သက်တန်းတွင် မည်သည့်ပါတီက အစိုးရအဖြစ် တိုင်းပြည်ကို အုပ်ချုပ်မည်နည်း။ ပါတီကြီးတစ်ခုခုက အုပ်ချုပ်မည်လော။ သို့မဟုတ်။ ညွှန့်ပေါင်းအစိုးရက တက်၍ အုပ်ချုပ်မည်လော။ ပြည်သူများက စိတ်ဝင်စားမှုနည်းမည် ဖြစ်သော်လည်း နိုင်ငံရေးသမားတိုင်းက ပိုမို စိတ်ဝင်စားမည်မှာ သေချာသည်။ ၂၀၂ဝ ပြည့် မကုန်ခင် ရွေးကောက်ပွဲက အဖြေပေါ်လိမ့်မည်။
ဆယ်နှစ်အတွင်း အုပ်ချုပ်ခဲ့သော ပါတီကြီးနှစ်ခုသည် အဘယ်မျှလောက် တိုင်းပြည်တိုးတက်လာခဲ့သနည်း။ ကရင်အပါအဝင် တိုင်းရင်း သား လူမျိုးများ၏ အခွင့်အရေးကို အဘယ်မျှလောက် ဆောင်ရွက် ပေးနိုင်ခဲ့သနည်း။ လေ့လာဆန်းစစ်သင့်ပေသည်။
ကရင်ပြည်သူများသည် မိမိတို့လူမျိုးအခွင့်အရေးရရှိဖို့ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ သို့တွက် ကြောင့် မိမိတို့သည် မိမိကိုယ်ကို မိမိအားကိုးရပေလိမ့်မည်။ အခြားသော ပါတီများကို အားကိုးလို့မရသည်ကို သိရှိခဲ့ပြီးဟု ယုံကြည်ပါ သည်။
မိမိတို့သည် နံပါတ်တစ် ပထမဦးဆုံးအနေဖြင့် မိမိတို့ကရင်လူမျိုး အချင်းချင်းစည်းလုံး ညီညွတ်မှုရှိရပါမည်။ မိမိလူမျိုးအတွင်း စည်း လုံးညီညွတ်မှုသည် မရှိမဖြစ်လွန်စွာလိုအပ်လှပေသည်။ စည်းလုံးညီညွတ်မှုမရှိပါလျှင် အောင်မြင်မှုရရှိဖို့ မလွယ်ကူပေ။ စည်းလုံးညီ ညွတ်မှုဖြင့် အောင်မြင်မှုကို ရရှိစေမည်ဖြစ်သည်။
ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု မရှိစေဘဲ စည်းလုံးညီညွတ်မှုရှိရပါမည်။ စည်းလုံးမှုရှိရန်မှာ မကြာမကြာတွေ့ဆုံကြပြီး ဆွေးနွေးတိုင် ပင်ခြင်း၊ တင်ပြခြင်း၊ ဆုံးဖြတ်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း စသောအောင်မြင်မှုဆိုင်ရာများကို အကောင်အထည်ဖော် လုပ်ဆောင်ရပါမည်။
နံပါတ်နှစ်အနေဖြင့် နိုင်ငံရေး၌ နိုးကြားမှု အမြဲရှိနေရပါမည်။ နိုင်ငံရေး၌ နိုးကြားမှုရှိရမည် ဆိုသည်မှာ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး၊ ကရင့်နိုင်ငံရေး စသောနိုင်ငံ့အရေးအရာများကို စိတ်ဝင်စားမှုရှိရပါမည်။ မိမိသည်နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိပဲ အေးဆေးစွာနေလို့ လုံးဝမ သင့်တော်ပေ။
လောကကြီးအတွင်း လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်ရသဖြင့် မိမိလူမျိုးသည်လည်း လူ့ဂုဏ်သိက္ခာရှိရှိ လူ့သက်တမ်းစေ့ နေထိုင်နိုင်ရန် လိုအပ်ပါသည်။ အများနှင့်တန်းတူ လူသားတစ်ဦး (သို့မဟုတ်) လူမျိုးတစ်မျိုး၏ ရပိုင်ခွင့် အခွင့်အရေးသည် မိမိ၌လည်းရရှိ ခံစားပိုင်ခွင့် ရှိပါသည်။ ကရင့် နိုင်ငံရေး (လူမျိုးတစ်မျိုး၏ ရပိုင်ခွင့်)ကို သိရှိနားလည်ရပါမည်။ နားလည်မှုမရှိပါလျှင် နားလည်မှု ရှိအောင် လေ့လာဆည်းပူးရပါမည်။
နံပါတ်သုံးအနေဖြင့် မိမိလူမျိုး၏ရပိုင်ခွင့်တွေကို နားလည်ပြီးသောအခါ မိမိတို့၏ရပိုင်ခွင့်ကိုရရှိဖို့ ကြိုးပမ်းလုပ်ဆောင်ရပါမည်။ မိမိအ ခွင့်အရေးကို နားလည်မှုလည်းမရှိ၊ ရပိုင်ခွင့်ရှိသော အခွင့်အရေးကိုလည်း အားထုတ်မှုမရှိပါလျှင် ဖိနိမ့်ခံဘဝ (အနင်းခံ ဘဝ)က လွတ် မြောက်မည်မဟုတ်ပေ။
မိမိလူမျိုးတို့၏ ရပိုင်ခွင့်သည် ထိုင်နေရင်းဖြင့် တံခါးခေါက် ဝင်ရောက်လာမည်မဟုတ်ပေ။ မိမိတို့လူမျိုး ကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင် ရပါမည်။ လွတ်လပ်ရေး ရရှိသည်မှ ယနေ့အထိ တိုင်းရင်းသားလူမျိုးများ၏ ရသင့်ရထိုက်သော အခွင့်အရေး (ရပိုင်ခွင့်)သည် လုံးဝရရှိခြင်း မရှိသေးချေ။ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့သည် ပို၍ပင် ဝေးနေလျက်ပင် ရှိလေသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီးများကို ပုံအောပြီးမဲတွေ ပေးလိုက်ကြသည်။ ကရင်တိုင်းရင်းသား ဒေသ အကုန်နီးပါး ပါတီကြီးများကသာ လက်ဝါးကြီးအုပ်လျက် အနိုင်ရရှိသွားကြသည်။ ကရင်နိုင်ငံရေးပါတီများသည် အပြတ်အသတ် ရှုံးနိမ့် ပျောက်ကွယ် သွားကြသည်။ ဆေးဖော်ဖို့ရန် ရှာလို့မလွယ်ပဲ အတော်ရှားပါးသွားသည်။ ကရင်လွှတ်တော်အမတ် ပျောက်ခြင်းမလှ ပျောက် ကွယ်သွားသည်။ မိမိလူမျိုးတည်ထောင်သော ပါတီများကို အားပေးပြီး မဲပေးရမှန်းပင် မသိကြပေ။ လွန်စွာရှက်ဖို့ ကောင်းလှပေသည်။
ရှမ်းပြည်နယ်ဒေသတွင် ရှမ်းပါတီများ အတော်အတန် အနိုင်ရရှိခဲ့ကြသလို ရခိုင်ပြည်နယ်ဒေသတွင်လည်း ရခိုင်ပါတီ(အမတ်)များ အ တော်အနိုင် ရရှိခဲ့ကြသည်။ ပြည်နယ်နှင့် တိုင်းဒေသရှိ ကရင်ပါတီများကို ကြည့်သည့်အခါ ရှမ်းနှင့်ရခိုင်ဒေသလောက်ပင် အနိုင်ရရှိမှု မရှိ သည်ကိုတွေ့ရသည်။ ကရင်များ အစည်းရုံးခံလိုက်ရသည်ဟုပဲ ပြောချင်ပါသည်။ ကရင်များစည်းရုံးမှု ရှိမရှိသည်ကို ယင်းရွေးကောက်ပွဲအ ဖြေက ပေါ်လွင်လို့နေသည်။
ယခုလာမည့် ၂၀၂ဝ ပြည့် ရွေးကောက်ပွဲတွင် ထိုကဲ့သို့မဖြစ်ကြဘဲ စည်းလုံးပြီးညီညွတ် ကြရပါမည်။
‘ဒီဘိတ် ဆွေးနွေးပွဲ’ တစ်ခုတွင် ပဒိုမန်းငြိမ်းမောင်က အောက်ပါကဲ့သို့ တင်ပြပြောဆိုခဲ့သည်ကို တွေ့ရလေသည်။
‘ပြီးခဲ့သော ၂၀၁၅ ခုရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ရခိုင်တွေမဲအများဆုံးရခဲ့တယ်။ ကျွန်တော်တို့ ရခိုင်က ဝန်ကြီးချုပ် လုပ်ပါရစေ၊ ရှမ်းက ဝန်ကြီးချုပ်လုပ်ပါရစေ ရလား မရခဲ့ဘူး၊ ဒါဟာပါတီကြီးဝါဒ၊ လူမျိုးကြီးဝါဒရဲ့ အဓိပ္ပာယ်ပဲ၊ နိုင်ငံရေး စကားနဲ့ပြောရင်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး၊ ဒီနေ့ရှမ်းလူထုဟာ ရှမ်းနိုင်ငံရေးပါတီတွေကို မဲထည့်ရမယ်။ ကျွန်တော်တို့ ကရင်လူထုတွေဟာ ကရင်နိုင်ငံရေးပါတီကို မဲထည့်ရမယ်။ အလားတူ တိုင်းရင်းသားတွေဟာ သူ့ပါတီကို အား ကိုးရမယ်။ ဒါလည်း သဘာဝကျတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ လူမျိုးကြီးဝါဒ တစ်လျှောက်လုံး လွှမ်းမိုးလာ တယ်ဆိုတာ အရှင်သခင်နှင့် ကျွန်ဆက်ဆံရေးလိုဖြစ်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဘယ်သူ့ကိုမှ အားကိုးလို့ မရ ဘူး’
‘ပထမဆုံးလုပ်ဖို့က ကျွန်တော်တို့ တိုင်းရင်းသား တွေဟာ အာဏာရဖို့လိုတယ်။ အာဏာမရတဲ့ အခါကျတော့ လုပ်ပိုင်ခွင့်တွေဟာ ဆုံးရှုံး တယ်။ လောလောဆယ် အာဏာရဖို့လိုတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့လိုတယ်။ ဥပမာ ကျွန်တော်တစ်ခု ပြောပြမယ်။ ဒီကနေ့ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ နိုင်ငံရေးနဲ့ မပတ်သက်သေးဘူး၊ သာမန်လူမှုရေး ကျွန်တော်ပြောပြမယ်၊ တိုင်းရင်းသားစာပေတွေ ဒီနေ့ သင်ကြားခွင့် ဖွဲ့စည်းပုံမှာပါတယ်၊ ပေးကားပေး၏ မရဘူးဗျာ့၊ ကျွေးကားကျွေး၏မဝဘူး၊ လာပါလာပါ ခေါ်ပေမယ့်လို့ အိမ်ထဲကို ပေးမဝင် ဘူး တံစက်မြိတ်အောက်မှာပဲ ထိုင်နေရတဲ့ ဘဝရှိသေးတယ်၊ အဲ့ဒါဘာလဲဆိုရင်အနိမ့်ဆုံး ပညာရေးမှာ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ နေ့စားလပေးဆိုတာ လမ်းဘေးက အလုပ်သမားအဆင့်ပဲရှိတယ်၊ လမ်းဘေးကအလုပ်သမားမှ တစ်နေ့ ငါးထောင်ရသေးတယ်။ ကျွန်တော်တို့ တိုင်းရင်းသားဆရာ/မတွေ လေးထောင်ပဲရတယ်၊ ခများ စဉ်းစားကြည့်၊ တိုင်းရင်းသားတွေရဲ့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းတယ်၊ တိုင်းရင်းသား တွေရဲ့ ဘာသာစာပေယဉ်ကျေးမှု အကုန်လုံးဖွံ့ဖြိုးမှု၊ ကာကွယ်မှု ပြဋ္ဌာန်းထားတယ်မှုတ်လား၊ ဒါပေမယ့်လို့ ရှမ်းမှာ ကချင်ပြည်၊ ကရင်ပြည် နယ်မှာ သူတို့ရဲ့တိုင်းရင်းသား ဆရာအတတ်သင် တက္ကသိုလ်တွေ ကျောင်းတွေ မရှိဘူး၊ တိုင်းရင်းသားတွေရဲ့ စာပေကိုပြဋ္ဌာန်းထားတဲ့ သင် ရိုး ညွှန်းတမ်းတွေ မရှိသေးဘူး၊ တိုင်းရင်းသားတွေရဲ့ စာပေတွေကို သုတေသနပြုပြီးတော့ ဒီလိုပြဋ္ဌာန်းမယ်၊ ကျင့်သုံးမယ်ဆိုတာ မရှိသေး ဘူး၊ ဒါ အနိမ့်ဆုံးကိစ္စဖြစ်တယ်။ ဒါလေးတောင်မှ မရှိရင် ကျွန်တော်တို့တိုင်းရင်းသားတွေဟာ ဘယ်ဘဝလည်း ဆိုတာ မှန်းလို့ရတယ်’။
အထက်ပါ ပဒိုမန်းငြိမ်းမောင်၏ ပြောဆိုတင်ပြချက်သည် ပါတီစုံဒီမိုကရေစီ ကျင့်သုံးလာခဲ့သည်မှာ ဆယ်နှစ်ပင် ပြည့်တော့မည်။ တိုင်း ရင်းသားများ၏ အခွင့်အရေးသည် မယ်မယ်ရရ ရရှိခြင်း မရှိသေးသည်ကို တွေ့ရလေသည်။ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာလည်း ပို၍ ပင်ဝေး နေဦးမည်သာဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီမဆန်ပဲ အာဏာရှင်ကဲ့သို့ပင် ဆန်လာသည်။
ပါတီကြီးတွေက တိုင်းရင်းသားဒေသများ၌ မဲအများဆုံးရရှိသော တိုင်းရင်းသားများကိုပင် ဝန်ကြီးချုပ်နေရာမပေးနိုင်ပဲ ဖိနှိပ်လျက် လက်ဝါးကြီး အုပ်ထားလို့နေသည်။ မည်သည့်ပါတီကြီးမှ အားကိုးလို့ လုံးဝမရနိုင်ခြင်းကြောင့် မိမိတို့လူမျိုး အခွင့်အရေးရရှိဖို့ လုပ်ပိုင်ခွင့်ရ ဖို့ မိမိတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရမည် ဖြစ်သည်။
နိုင်ငံရေးပါတီကြီးများ၌ ဝင်ရောက်အရွေးခံသော တိုင်းရင်းသားများရှိပါသည်။ ယင်းတိုင်းရင်းသားများသည် မိမိတိုင်းရင်းသား လူမျိုး များ၏အကျိုးကို ဆောင်ရွက်ချင်ပါသော်လည်း ပါတီကြီး၏မူဝါဒနှင့်မျက်နှာကို ကြည့်ကြရသည်။ မိမိလူမျိုးအတွက် လုပ်ပေးချင်တိုင်း လုပ် ပေးလို့မရချေ။
လက်တွေ့အားဖြင့် ပြီးခဲ့သောနှစ်များ၌ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကရင့်အာဇာနည်နေ့ကို ကျင်းပပြုလုပ် ခွင့်မရကြဘဲ တားမြစ်ပိတ်ပင် ခံထားရသည်။ ကရင်ရေးရာ ဝန်ကြီးများသည်လည်း မည်သို့မျှ တတ်နိုင်စွမ်း မရှိသည်ကို လက်တွေ့ပင်ဖြစ် သည်။
ကရင်တစ်မျိုးသားလုံးအတွက် လွန်စွာ ဝမ်းနည်းရပါသည်။ ဝန်ကြီးဖြစ်လာသော်လည်း လုပ်ပိုင်ခွင့်အာဏာမရှိဘဲ အဆိပ်မရှိသော ရေ ေြွမကဲ့သို့ပင် ဖြစ်နေသဖြင့် ယင်းကိုယ်တိုင်ပင် အဖိနှိပ်ခံနေရသည်။
စင်စစ် ကရင်တိုင်းရင်းသားများသည် ကရင့်ဘဝသာယာလှပပြီး တိုးတက်ဖို့ရန် ကရင်ကိုယ်တိုင် ကရင့်နိုင်ငံရေးကို စိတ်ဝင်စားရမည်။ ကြိုးပမ်း ဆောင်ရွက်လုပ်ကိုင်ကြရမည်။ ကရင်လူထုများသည် ကရင့်နိုင်ငံရေး လှုပ်ရှားသော ကရင်ပါတီများကို အားပေးအားမြှောက် ပြုရ မည်။ ကရင်ပါတီများသည် မိမိတို့လူမျိုးအတွက် အထူးဆောင်ရွက် လုပ်ကိုင်ပေး နေကြသည်ဟူသော အသိတရားကို ထားရှိရမည်။
ယခုအခါ မကြာမီ ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ရောက်လာတော့မည်။ ကရင်တိုင်းရင်းသားများသည် မည်သူ့ကို မဲပေးမည်နည်း။ လေးလေးနက်နက် စဉ်းစားရမည့် အချိန်ပင်ဖြစ်သည်။ ပြီးခဲ့သော ဆယ်နှစ်အတွင်း နိုင်ငံရေးအခြေအနေများကို ပြန်လည်လေ့လာရမည်။ ပါ တီကြီးများကို ဆက်၍ မဲပေးမည်လား။ မိမိတို့လူမျိုးအတွက် ဆောင်ရွက် လုပ်ကိုင်သော ကရင်နိုင်ငံရေး ပါတီများကို မဲပေး မည်လော။ မိမိ လူမျိုးအတွက် ဆောင်ရွက်လုပ်ကိုင်သော ကရင့်နိုင်ငံရေးပါတီများ၏ ကရင်အမတ်များများ လွှတ်တော်ထဲတွင် ရောက်ရှိသည်ကို သဘောမ ကျပေဘူးလော။ ကရင့်နိုင်ငံရေးပါတီများ၏ အမတ်လောင်း များများလွှတ်တော်ထဲ ရောက်ရှိပါလျှင် ကရင်ရေးရာကိစ္စတွေကို များစွာ ဆောင် ရွက်ပေးနိုင်ပါသည်။
နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်သော်လည်း နှမ်းအစေ့များစွာ စုပေါင်းလိုက်လျှင် ဆီများစွာ ထွက်ပါသည်။ ကရင်နိုင်ငံရေးပါတီများ၏ ရွေး ကောက်ခံအမတ်များကို ညီညီညွတ်ညွတ်ဖြင့် ကရင်ပြည်သူ အားလုံးက စုပေါင်းပြီး မဲပေးလိုက်ပါလျှင် ကရင်အမတ်အားလုံး လွှတ်တော်ထဲ ရောက်နိုင်ပါသည်။ ထိုအခါ ကရင်အမျိုးသား အကျိုးတွေကို အလွယ်တကူဆောင်ရွက် ပေးနိုင်ပါလိမ့်မည်ဖြစ်သည်။ ကရင်နိုင်ငံရေးပါတီ များသည် ကရင်ရေးရာများကို ဆောင်ရွက်ပေးနိုင်သည့်အပြင် တိုင်းပြည်အရေးကိစ္စတွေကိုလည်း ဆောင်ရွက်ကြရပါသည်။ စင်စစ် မိမိလူမျိုး အခွင့်အရေးအတွက် ရသင့်ရထိုက်သော ရပိုင်ခွင့်တွေကို မိမိလူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်ကြသော ကရင့်နိုင်ငံရေးပါတီများကို မိမိတို့ ကရင်လူမျိုး ကိုယ်တိုင်အားပေးအားမြောက်မှု မရှိပါလျှင် မည်သူလာ၍ အားပေးမည်နည်း။ မည်သည့်လူမျိုးမှ စေတနာရှိရှိ မိမိတို့၏ လူမျိုး အကျိုးကို ဆောင်ရွက်ပေးမည် မဟုတ်ပေ။
တချို့ ကရင်လွှတ်တော် အမတ်များသည် ပါတီများ၏ အရှိန်အဝါကြောင့် လွှတ်တော်ထဲသို့ ရောက်သွားကြသည်။ စိုင်ကော်လို့ ခြုံပေါ်ရောက်သွားခြင်းသာ ဖြစ်သည်။ မိမိလူမျိုးအတွက် မည်သည့်အရာမှ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိချေ။ လှေကြုံစီးလျက် မှေးလိုက်သွား ခြင်းပင်ဖြစ်သည်။ တိုင်းပြည်နှင့် မိမိလူမျိုးအကျိုးကို တကယ်ထမ်းဆောင်လိုသော ပရဟိတစိတ်ရှိမှ နိုင်ငံရေးလုပ်သင့်ပါသည်။ လူမျိုးတိုင်း သည် မိမိတို့လူမျိုးအတွက် ဆောင်ရွက်ကြပါသည်။ မိမိတို့လူမျိုးအကျိုးကို ဆောင်ရွက်လိုသဖြင့် ကရင့်နိုင်ငံရေးခေါင်းဆောင်များသည် ကရင့်နိုင်ငံရေးပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းပင် ဖြစ်သည်။ ကရင်ပြည်သူအပေါ် သစ္စာရှိရပါမည်။
ထို့ကြောင့် ကရင်နိုင်ငံရေးပါတီများသည် ကရင်ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ရမည်ဖြစ်သလို ကရင်လူထုများသည်လည်း ကရင် နိုင်ငံရေးပါတီများတွင် အရွေးခံမည့် ကရင်လွှတ်တော်အမတ်များကို တစ်လုံးတစ်ခဲ အပြည့်အဝဖြင့် ပုံအောကာ ထောက်ခံမဲပေးရမည် ဖြစ်သည်။
ယခုလာမည့် ၂၀၂ဝ ပြည့် ရွေးကောက်ပွဲတွင် ကရင်ပြည်သူများရှိသည့် ဒေသနှင့် ကရင်အမတ်များကို အဘယ်မျှလောက် ထောက်ခံပြီး မဲပေးသည်ကို အဖြေထွက်သိရှိ ရမှာဖြစ်သလို ကရင်များစည်းလုံးမှု မည်မျှရှိသည်ကိုလည်း သိရှိရပေလိမ့်မည်။ သူများစည်းရုံးသည်ကို လိုက် ပါသွားခြင်းမရှိဘဲ မိမိတို့ လူမျိုးကသာ မိမိတို့၏လူမျိုးဘဝ တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် ကရင့်နိုင်ငံရေး ပါတီများ၏ အမတ်များကိုသာ ကရင်ပြည်သူများ အားလုံးဝိုင်းပြီး မဲထည့်ပေးရန် တိုက်တွန်းလိုပေသည်။
စရှူခလိန်(ထီထားကလုန်)