Home သတင်း ရန်ကုန် ကရင်အာဇာနည်‌နေ့ကျင်းပနိုင်‌ရေး ငြိမ်းစုစီ တင်ပြမှု သက်ဆိုင်ရာမှ ခွင့်မပြု

ရန်ကုန် ကရင်အာဇာနည်‌နေ့ကျင်းပနိုင်‌ရေး ငြိမ်းစုစီ တင်ပြမှု သက်ဆိုင်ရာမှ ခွင့်မပြု

3532

ဩဂုတ် ၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့အား ကျန်းမာ‌ရေးဆိုင်ရာ သတ် မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရန်ကုန်မြို့တွင် ကျင်းပနိုင်‌ရေးအတွက် ငြိမ်းစုစီတင်ပြထားမှုအ‌ပေါ် သက်ဆိုင်ရာမှ ခွင့်ပြုချက်မ‌ပေး‌ကြောင်း အာဇာနည်‌နေ့ကျင်းပ‌ရေး လှုပ်ရှားသူများထံမှ သိရသည်။

ကရင်အာဇာနည်‌နေ့ ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစု‌ဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည် ခွင့်ဆိုင်ရာ ဥပ‌ဒေ ပုဒ်မ ၄ အရ ရန်ကုန်တိုင်း‌ဒေသကြီးရှိ ‌ကျောက်တံတား မြို့နယ်ရဲစခန်းထံ ကရင် လူငယ် တစ်ဦးက ဦး‌ဆောင်ကာ ဩဂုတ်လ ၉ ရက်‌နေ့က စာ‌ပေးပို့တင်ပြထားခြင်းဖြစ်သည်။

အာဇာနည်‌နေ့ ကျင်းပ‌ရေးဦး‌ဆောင်သူတစ်ဦးဖြစ်သည့် စသိန်း‌ဇော်မင်းက “ဒီ‌နေ့မနက် ကျ‌နော် ‌ကျောက် တံတားရဲစခန်းမှာ ငြိမ်းစုစီသွားတင်တယ်။ အဲဒီက တာဝန်ရှိသူ‌တွေက‌တော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့‌တော့ ‌ပြောတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော သက်ဆိုင်ရာမှ ခွင့်ပြုချက်မ‌ပေး‌သေးသည့် ရန်ကုန်ကရင်အာဇာနည်‌နေ့ ကျင်းပနိုင်‌ရေးဆက် လက်ကြိုးပမ်းသွားမည်ဖြစ်သလို အဆိုပါကိစ္စအတွက် ဩဂုတ် ၁ဝ ရက်‌နေ့ ‌နေ့လည် ၁ နာရီတွင် ‌ကျောက် တံတားရဲစခန်းမှ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းသွားမည်ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ကရင်လူမျိုးတို့၏ ‌နေ့ထူး‌နေ့မြတ်တစ်ခုအဖြစ်သတ်မှတ်ထားသည့် ကရင်အာဇာနည်‌နေ့ကို ပြီးခဲ့သည့်နှစ်က ရန်ကုန်နှင့် ဧရာဝတီတိုင်း‌ဒေသကြီးရှိ‌နေရာအချို့တွင် ကျင်းပခဲ့ကြရာ အာဇာနည်ဟူသည့် စကားရပ်အား အသုံးမပြုရန် ‌နှောင့်ယှက်ဟန့်တားမှုများနှင့်ကြုံ‌တွေ့ခဲ့ရသလို ဦး‌ဆောင်သူအချို့ တရားစွဲဆိုခံရ မှုဖြစ်စဉ်များ လည်းဖြစ်‌ပေါ်ခဲ့သည်။