Home COVID-19 ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကိုဗစ်လူနာ အမှတ် ၃၅၁ ဒုတိယအကြိမ်ဓာတ်ခွဲရာမှာ ပိုးမ‌တွေ့

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကိုဗစ်လူနာ အမှတ် ၃၅၁ ဒုတိယအကြိမ်ဓာတ်ခွဲရာမှာ ပိုးမ‌တွေ့

2105

ဩဂုတ် ၈ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်မှ COVID-19 လူနာအမှတ် ၃၅၁ သည် မွန်ပြည်နယ် ‌မော်လမြိုင်ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေလျက်ရှိပြီး ၎င်းအား ဒုတိယအကြိမ် ဓာတ်ခွဲစစ်‌ဆေးရာတွင် ‌ရောဂါပိုးမ‌တွေ့ရှိ ‌တော့‌ကြောင်း အားကစားနှင့်ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၇ ရက်‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။

လူနာအမှတ် ၃၅၁ သည် မ‌လေးရှားနိုင်ငံက‌နေ တနသင်္ာရီတိုင်း‌ဒေသကြီး ‌ကော့‌သောင်း-ရ‌နောင်းနယ်စပ်လမ်းမှတစ်ဆင့် ကြာ အင်းဆိပ်ကြီးမြို့နယ်သို့ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်‌နေ့တွင် ပြန်လည်‌ရောက်ရှိလာပြီး ၎င်းကို ခလယ်-တံခွန်တိုင်တိုက်နယ် သနင့်ပ‌ထောက်ခန်းမတွင် ‌စောင့်ကြည့်ထားရှိရာမှ ဇူလိုင်လ ၂၉ ရက်‌နေ့ ဓာတ်ခွဲမှုအရ Positive ပိုးအ‌ဖြေထွက်ရှိပြီး‌နောက် ၎င်းအား ‌မော်လမြိုင်ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။

ကရင်လူထုအ‌ခြေပြု COVID-19 တုန့်ပြန်‌ရေးအဖွဲ့မှ ကျန်းမာ‌ရေးအသိပညာ‌ပေးတာဝန်ခံ ‌ဒေါက်တာထက်ကိုကိုလင်းက“ Positive ဖြစ်တဲ့လူနာကို ကုသစစ်‌ဆေးမှု ‌လေးကြိမ်အထိ လုပ်ကြတယ်။ အခုလူနာအမှတ် ၃၅၁က ၂ ကြိမ်ပဲရှိ‌သေးတယ်။ ၄ ကြိမ်စစ်လို့ ပိုးပြန်မ‌တွေ့‌တော့ဘူးဆိုမှ စိတ်ချရတယ်။ အသက်ကြီးတဲ့လူ‌တွေ ‌ရောဂါအခံရှိတဲ့လူ‌တွေကလွဲပြီး ကျန်တာ‌တွေက ခံနိုင်ရည်ရှိတဲ့အရွယ်‌တွေ ဖြစ်ကြ‌တော့လည်း ‌ရောဂါကိုတုန့်ပြန်နိုင်ကြပြီး‌တော့ ‌ပျောက်သွားတာများတယ်။ ဆိုးဆိုးဝါး ဝါးမဖြစ်ကြဘူး” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌မော်လမြိုင်မြို့ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေလျက်ရှိသည့် အဆိုပါ ကိုဗစ်လူနာအမှတ် ၃၅၁ သည် မ‌လေးရှားနိုင်ငံမှ တစ်ဆင့် ဇူလိုင်လ ၂၂ ရက်‌နေ့တွင် ၎င်းနှင့်အတူပြန်လာသူတစ်ဦးနှင့် ဇူလိုင်လ ၂၁ ရက်‌နေ့တွင်လည်း မ‌လေးရှာပြန် ၁ ဦး စုစု ‌ပေါင်း ၃ ဦးတို့မှာ တံခွန်တိုင်ရွာ ‌စောင့်ကြည့်‌ရေး‌နေရာတွင် ထားရှိခဲ့ကြပြီး လူနာအမှတ် ၃၅၁ တစ်ဦးသာ Positive အ‌ဖြေထွက်ပြီး ကျန်သူများမှာ ကျန်းမာ‌ရေး‌ကောင်းမွန်‌နေလျက်ရှိသည်ဟု ကျန်းမာ‌ရေးတာဝန်ရှိထံမှ သိရသည်။

ခလယ်-တံခွန်တိုင်တိုက်နယ် လူမှုကယ်ဆယ်‌ရေးအဖွဲ့မှ ဦး‌ဆောင်သူ ‌စော‌ကျော်လင်းခိုင်က “အခု လူနာအမှတ် ၃၅၁ က ကျ‌နော်တို့အဖွဲ့ သွားကြိုလာခဲ့တယ်ဆို‌တော့ ကျ‌နော်တို့မှာလည်း ပိုးကူးမယ်လို့ လူ‌တွေက မြင်ကြတယ်။ အဲ့ဒါ‌ကြောင့် ကယ် ဆယ်‌ရေးလုပ်ငန်း‌တွေ ယာယီရပ်တန့်ထားလိုက်ပြီး‌တော့ တံခွန်တိုင်ရွာ ‌စောင့်ကြည့်‌နေရာမှာ ကျ‌နော်တို့အဖွဲ့ Quarantine ဝင်‌နေတယ်။ ခုလိုပိုးမ‌တွေ့‌တော့ အတိုင်းမသိ ဝမ်းသားမိပါတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ပိုး‌ရောဂါပိုး ကူးစက်ခံခဲ့ရသူ ၃၅၉ ဦးရှိပြီး ကရင်ပြည်နယ်အ‌နေဖြင့် ကူးစက်ခံရသူ ၆ ဦးထဲတွင် ၄ ဦးမှာ ‌ရောဂါပိုး‌ပျောက်ကင်းသွားပြီဖြစ်သည်ဟု အားကစားနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၇ ရက်‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။