KIC News
အမျိုးသမီးရွာသူကြီးဟောင်းများကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် KWO ဂုဏ်ပြု
မေလ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပိတခကျေးရွာတွင် ယနေ့ ကျင်းပခဲ့သည့် ၁၁ဝကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် KWO-ကရင်အမျိုးသမီးအစည်းအရုံးက အမျိုးသမီး ရွာသူကြီးဟောင်းများကို ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ရွာသူကြီးအမျိုးသမီးများသည် စစ်ရေးပဋိပက္ခ ပြင်းထန်သည့်ကာလတွင် အမျိုးသားများ မလုပ်ရဲသည့် တာဝန်...
ရဲ အပါအဝင် လူဦးရေ ၅ဝ ခန့်အား KNU သထုံခရိုင် ကူညီလက်ခံထား
မတ် ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ရဲ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအပါအဝင် လူဦးရေ ၅ဝ ခန့်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ ၁)မှ ကူညီလက်ခံထားရှိထားကြောင်း သိရသည်။
မတ်လ ၁ ရက်မှ ယနေ့(မတ် ၈ ရက်)အထိ...
ဖားအံနည်းပညာကျောင်းအုပ် ဒေါက်တာချိုယုမွန်အမှု တရားလိုကို စတင် စစ်ဆေးမည်
မတ်လ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရကာ အမှုဖွင့်ခံထားရသည့် နည်းပညာအထက်တန်းကျောင်း (GTHS) ကျောင်းအုပ် ဒေါက်တာဒေါ်ချိုယုမွန်အမှုနှင့် ပတ်သက်၍ တရားလိုကို မတ်လ ၁၆ရက်နေ့တွင် စတင် စစ်ဆေး မည်ဖြစ်ကြောင်း အမှုကို လိုက်ပါကူညီပေးနေသူများထံမှ သိရသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက...
အိမ်မဲမြို့ ကရင်လူငယ် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၉ ဦး အဖမ်းခံရ၊ ဒဏ်ရာရသူများလည်းရှိ
မတ် ၈ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်တွင် ယနေ့နံနက်ပိုင်း၌ ကရင်လူငယ်များ၏ အထွေထွေ သပိတ် ပြုလုပ်နေစဉ် ဝဲကြီးဝကျေးရွာ၌ ရဲများရောက်လာပြီး ပစ်ခတ်လူစုခွဲသည့်အတွက် ကနဦး ၉ ဦးအဖမ်းခံရ ကာ ဒဏ်ရာရသူများလည်း ရှိကြောင်း...
တစ်လကျော်ဖမ်းဆီးခံထားရသူ ရန်ကုန် ကရင်ရေးရာဝန်ကြီးသတင်း စုံစမ်းမရ၍ မိသားစုဝင်များစိုးရိမ်
မတ်လ ၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ တစ်လ ကျော် ကြာမြင့်ပြီဖြစ်သော်လည်း သူမနှင့်ပတ်သက်၍ မည်သည့်သတင်းမျှ စုံစမ်းမရသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်မိကြောင်း မိသားစုနှင့်နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။
နော်ပန်းသဉ္ဇာမျိုးကို ဖေဖော်ဝါရီ ၁ရက်နေ့က သူမနေထိုင်ရာ ဝန်ကြီးအိမ်ရာတွင် လာရောက်ဖမ်းဆီးကာ...
ဗဟိုကော်မတီဝင်တစ်ဦးနှင့် မြို့နယ်ဥက္ကဌအပါအဝင် အဖွဲ့ဝင်ရှစ်ဦး ကရင်ပြည်သူ့ပါတီမှ နုတ်ထွက်
မတ်လ ၇ရက်၊ ၂၀၂၁ခုနှစ်။ စောထွန်းလင်း
ကရင်ပြည်သူ့ပါတီ (KPP) ၏ ဗဟိုကော်မတီဝင် စောမောင်တုတ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ပါတီဥက္ကဌ စောမောင်ကြီးအပါအဝင် မြို့နယ်အလုပ်အမှုဆောင်ရှစ်ဦး ပါတီမှ တရားဝင်နုတ်ထွက်လိုက်ကြောင်း ကာယံကာရှင်များက ကေအိုင်စီသို့ မတ် ၅ ရက်တွင် အတည်ပြုပြောသည်။
၎င်းတို့ ပါတီမှ...
နဘူးတိုက်နယ် ကျေးရွာလူထု ထောင်နှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ KNLA တပ်မဟာ ၇ ဝန်းရံပေး
မတ်လ ၅ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင် နဘူးမြို့နှင့် အနီးဝန်းကျင်ရှိ ကရင်တိုင်းရင်းသား လူထု ထောင်နှင့် ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဆန္ဒပြပွဲအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
လှိုင်းဘွဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး CDM လှုပ်ရှားမှုတွင် ဝင်ရောက်
မတ်လ ၅ ရက်၊ ၂၀၂၁ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား စောခန့်ရွှေသည် ယနေ့ မတ်လ ၅ ရက်နေ့မှစ၍ ပြည်သူနှင့်အတူ CDM ( Civil Disobedience Movement ) လှုပ်ရှားမှုတွင် ပူးပေါင်းဝင်ရောက်ကြောင်း...














