KIC News
KNU ဒူးပလာယာခရိုင် လယ်ယာဌာနမှူး ပဒိုစောဆယ်လာ၏ ဈာပန ကျင်းပပြီးစီး
နိုဝင်ဘာ ၂ဝ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဆယ်လာ၏ ဈာပန အခမ်းအနားကို ယမန် နေ့(နိုဝင်ဘာ ၁၈ ရက်)က ၎င်းနေထိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် နို့ဖာထောရွာတွင် စစ်ရေးအခမ်းအနားနှင့်တကွ ကျင်းပသွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်နေ့က အသဲခြောက်ရောင်ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည့်...
ကလေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် DKBA ချုပ်ဆို
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး
ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် မြန်မာနိုင်ငံကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့ လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအဆင့် အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို...
NLD ၏ဖိတ်ခေါ်ချက် သဲသဲကွဲကွဲဖြစ်အောင်လေ့လာဦးမည်ဟု KPP ပြော
နိုဝင်ဘာ ၂ဝရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုဖော်ဆောင်ရာတွင်ပါဝင်ရန် ဖိတ်ခေါ်ချက်အပေါ် သဲသဲကွဲကွဲလေ့လာပြီးမှ ဆုံးဖြတ် သွားမည်ဟု ကရင်ပြည်သူ့ပါတီ (KPP) ဒု-ဥက္ကဋ္ဌ စောစေးဝါးက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍...
မြဝတီ USDP ပါတီ ဆန္ဒထုတ်ဖော်မည့် သတင်းကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကြပ်ထား
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်အပေါ် ယနေ့ (နိုဝင်ဘာ လ ၂ဝ ရက်)တွင် မြဝတီမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ ကန့်ကွက်ဆန္ဒထုတ်ဖော်မည့် သတင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့က နေရာတစ်ချို့တွင် လုံခြုံရေးတင်းကြပ်ထားကြောင်း...
ကရင်လူငယ်များအတွက် နိုင်ငံရေးအမြင်ဖွင့်သင်တန်း ကန်ကြီးဒေါင့်တွင်ပြုလုပ်
နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ကေအိုင်စီ
ကရင်လူငယ်များအား နိုင်ငံရေးနှင့်သက်ဆိုင်သည့် အတွေးအမြင်များ ပိုမိုရရှိလာစေရန် ရည်ရွယ်သည့် လူငယ် နိုင်ငံရေးအမြင့်ဖွင့် ရက်တိုသင်တန်းတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ရက်မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ပါတီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ...
Radio Karen : Burma Medical Association View on the Prospect of...
https://youtu.be/4CYmykD6Lv4
မြို့နယ်အလိုက် လူငယ်ကော်မတီများဖွဲ့စည်းရန် ကရင်အမျိုးသားပါတီစီစဉ်
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီးတွင် အားပြုတည်ထောင်သည့် ကရင်အမျိုးသားပါတီအနေဖြင့် မြို့နယ်အလိုက် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းသွားမည်ဟု ပါတီအထွေထွေအတွင်း ရေးမှူး မန်းကျော်ငြိမ်းက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။
ထိုသို့ မြို့နယ်အလိုက် ပါတီလူငယ်ကော်မတီများ ဖွဲ့စည်းရန် ၂၀၂ဝ ရွေးကောက်ပွဲ...
မြဝတီခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် ဆရာဝန်တစ်ဦးတို့ထံ ကိုဗစ်ပိုးတွေ့
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ် ဆရာဝန်ကြီးနှင့် ဆရာဝန်တစ်ဦးတို့ထံမှ Covid- 19 ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က မြဝတီခရိုင်ဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုအရ ခရိုင်ဆေးရုံအုပ်နှင့် ဆရာဝန်တစ်ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု...















