Home သတင်း အခက်အခဲကြားမှ ပအိုဝ်းအမျိုးသား‌နေ့ ‌အောင်မြင်စွာ ကျင်းပ

အခက်အခဲကြားမှ ပအိုဝ်းအမျိုးသား‌နေ့ ‌အောင်မြင်စွာ ကျင်းပ

2268

မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယခုနှစ်ကျ‌ရောက်သည့် (၄၁) ကြိမ်‌မြောက် ပအိုဝ်းအမျိုးသား‌နေ့ကို ယ‌နေ့ (မတ် ၂၆ရက်) ဖားအံမြို့၊ က‌မော့ကစင်ရွာသစ် ဘုန်းကြီး‌ကျောင်း၌ ကျင်းပခဲ့ရာ လူဦး‌ရေ ၂၀ဝ နီးပါးတက်‌ရောက်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသား‌နေ့ကို တ‌ပေါင်းလပြည့်‌နေ့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့‌သော်လည်း ယခုနှစ်တွင် နိုင်ငံ‌တော်တည်ငြိမ်‌အေးချမ်းမှုမရှိသည့်အတွက် ယ‌နေ့ မတ်လ ၂၆ ရက်‌နေ့မှာ ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု အခမ်းအနားကို ဦး‌ဆောင်ကျင်းပသူတစ်ဦးက ‌ပြောသည်။

၎င်းက “ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် တစ်ရက်‌စောလုပ်ရတာဖြစ်ပြီး ခုလိုကျင်းပရတာလည်း အားမရဘူး။ နိုင်ငံ‌ရေးနှင့်အမျိုးသား‌ရေးကိုကွဲကွဲပြားပြားဖြစ်‌စေချင်တယ်။ နိုင်ငံ‌ရေးဘယ်‌လောက်ဖြစ်‌နေပါ‌စေ ကိုယ့်အမျိုးသား‌ရေးကို မ‌မေ့သင့်ဘူး ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ကာ နိုင်ငံ‌တော်အလံနှင့် အမျိုးသားအလံ ‌တော်အား အ‌လေးပြုခြင်း၊ ပြည်နယ်ပအိုဝ်းစာ‌ပေနှင့်ယဉ်‌ကျေးမှူ အသင်းနာယကနှင့် ဥက္ကဋ္ဌ မိန့်ခွန်း‌ပြောကြာခြင်း၊ အမျိုးသား‌နေ့ဖြစ်‌ပေါ်လာပုံစာတမ်းကို ပအိုဝ်း ဘာသာစကားဖြင့် ဖတ်ကြားခြင်း၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ပအိုဝ်းအမျိုးသား‌ရေးနှင့် သက်ဆိုင်သည့် လူငယ်သ‌ဘောထားတင်ပြခြင်း၊ ‌တေးသရုပ်‌ဖော်ခြင်း နှင့် ယဉ်‌ကျေးမှုအကတို့ဖြင့် တင်ဆက်ကပြခဲ့ကြသည်။

ပအိုဝ်းအမျိုးသား‌နေ့ကို သူရိယစန္ဒာမင်းကြီး‌မွေးဖွားသည့်‌နေအထွက် လအဝင် တပါင်းလပြည့် ‌နေ့ကိုပြန်လည်‌အောက်‌မေ့သည့်အ‌နေဖြင့် ၎င်း‌နေ့ကို ပအိုဝ်းအမျိုးသား‌နေ့ဟု သတ်မှတ်ခဲ့ သည်ဟု သိရသည်။

(၄၁)ကြိမ်‌မြောက် ပအိုဝ်းအမျိုးသား‌နေ့ကို ပအိုဝ်းစာ‌ပေယဉ်‌ကျေးမှုအသင်း နာယကနှင့် ဥက္ကဋ္ဌ၊ နဂါးလူငယ်ကွန်ရက်အဖွဲ့တို့ တက်‌ရောက်ခဲ့ကြသည်။