Home သတင်း လက်‌ဝှေ့‌ကျော် ဖျံ‌သွေး၏ ဖခင်‌နောင်လုံဖျံနှင့်လက်‌ဝှေ့ကလပ်မှ သင်တန်းသားအချို့ ဖမ်းဆီးခံရ

လက်‌ဝှေ့‌ကျော် ဖျံ‌သွေး၏ ဖခင်‌နောင်လုံဖျံနှင့်လက်‌ဝှေ့ကလပ်မှ သင်တန်းသားအချို့ ဖမ်းဆီးခံရ

6811
Photo: FB

မတ်လ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရိုးရာလက်‌ဝှေ့‌ကျော် ဖျံ‌သွေး၏ ဖခင်ဖြစ်သူ ‌နောင်လုံဖျံနှင့်သူ၏ လက်‌ဝှေ့ကလပ်မှ သင်တန်းသားတစ်ချို့ကို ယ‌နေ့ နံနက် ၉ နာရီ‌ကျော်တွင် စစ်‌ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု သိရသည်။

ယမန်‌နေ့(မတ်လ ၂၅ ရက်)က ဖားအံ-လှိုင်းဘွဲ လမ်းခွသပိတ်ခံတပ် အကာအရံ သဲအိတ်များ လာချသည့်ကိစ္စပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များမှ လာ‌ရောက်ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ရပ်ကွက်‌နေပြည်သူများက ‌ပြောဆို‌နေကြသည်။

ရဲတပ်ဖွဲ့ဝင်များ လာ‌ရောက်ဖမ်းဆီးချိန်တွင် ဖျံ‌သွေးသည် အပြင်‌ရောက်ရှိ‌နေသည့်အတွက် ဖမ်းဆီးခံရမှုမှ လွတ်‌မြောက်သွားသည်ဟု သိရသည်။

ရိုးရာလက်‌ဝှေ့‌ကျော် ဖျံ‌သွေးသည် ပြီးခဲ့သည့် ‌ဖေ‌ဖေါ်ဝါရီလတုန်းကလည်း စစ်အာဏာရှင် ဆန့်ကျင်‌ရေး သံပုံးတီးသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရပြီး အာမခံဖြင့် ပြန်လည်လွတ်‌မြောက်လာခဲ့သည်။