Home သတင်း စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သူ ဘုရားသုံးဆူမြို့ခံတစ်ဦး ‌သေနတ်ပစ်ခံရ

စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သူ ဘုရားသုံးဆူမြို့ခံတစ်ဦး ‌သေနတ်ပစ်ခံရ

1397

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးသပိတ်
တွင် ဆန္ဒထုတ်‌ဖော်ပါဝင်သူ မြို့ခံတစ်ဦး ယ‌နေ့ညတွင် ‌တောပုန်း‌သေနတ်ဖြင့် အပစ်ခံရသည်ဟု သိရသည်။

အဆိုပါ အပစ်ခံရသူမှာ အမှတ် ၃ ရပ်ကွက်‌နေထိုင်သူ ‌ကျော်သူဝင်း ၄ဝ နှစ်ဖြစ်ပြီး ပစ်ခတ်သူက စစ်ထွက် မင်းမင်းဆိုသူဖြစ်သည်ဟု မျက်မြင်သက်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

အပစ်ခံရသူ ‌ကျော်သူဝင်းမှာ ညာဘက်ဗိုက် ၂ ချက် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ဘုရားသုံးဆူမြို့ ၂၅ ကုတင်ဆံ့ ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရသည်ဟု သိရသည်။

ပစ်ခတ်သူ မင်းမင်းသည် ယခုအချိန်ထိလွတ်‌မြောက်‌နေဆဲဖြစ်သည်ဟု သိရသည်။