KIC News
ကရင်-ထိုင်းနယ်စပ်ရှိ Starlink အင်တာနက်လိုင်းအချို့ ပိတ်ခံရ
အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်-ထိုင်းနယ်စပ်ဒေသတွင် အသုံးပြုသည့် စတားလင့်ခ် (Starlink) အင်တာနက်လိုင်းအချို့ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ပိတ်ခံရမှုနှင့် ကြုံနေရသည်ဟု အသုံးပြုသူများက ပြောသည်။
ယနေ့နံနက်တွင် ကရင်-ထိုင်းနယ်စပ်တစ်လျှောက် ဖွင့်ထားသည့် စတားလင့်ခ်လိုင်းအချို့ အသုံးပြုမှု စတင်ပိတ်ခံရမှု ဖြစ်ပွားခဲ့ပြီး...
တအာင်းဒေသကို စစ်အုပ်စုတပ်က တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၄) ကြိမ် လုပ်ဆောင်ခဲ့
အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် တအာင်းဒေသကို တပတ်အတွင်း စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း TNLA က ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့မှ...
အာရှလမ်းပြန်ဖွင့်မည့် သတင်းအပေါ် အခြေအမြစ်မရှိသည့် ကောလာဟလဟု ကေအဲန်ယူတုံ့ပြန်
အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ထွက်ပေါ်နေသည့်သတင်းအပေါ် အခြေအမြစ်မရှိသည့် ကောလာဟလဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားရာမှ နှစ်နှင့်ချီပိတ်ထားရသည့် အာရှလမ်းသစ် ကုန်သွယ်ရေးလမ်းမကြီး ပြန်ဖွင့်တော့မည့်သတင်းများ...
လေးကေကော်ဒေသအနီး ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေ
အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက်ရှိ လေးကေကော်ဒေသအနီး ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့အကြား ယမန်နေ့ညကစပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု တိုက်ပွဲအနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။
ဖလူး နှင့် မင်းလက်ပံအကြား အင်ကြင်းမြိုင်ကျေးရွာအတွင်းသို့ ယမန်နေ့ညကစပြီး...














