KIC News
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်အာဏာရှင်ကျရှုံးရေး လူထုတစ်သောင်းကျော်ဆန္ဒပြ
မတ်လ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် နယ်မြေ တပ်မဟာ ၅ တွင် စစ်အာဏာရှင်ကျရှုံးရေးနှင့်တပ်စခန်းပြန်ရုပ်သိမ်းရေးအတွက် ဖာပွန်၊ ကမမောင်းလမ်းမပေါ်တွင် ယနေ့ မတ်လ ၅ ရက်နေ့တွင် လူထု ၁ သောင်းကျော် ဆန္ဒပြတောင်းဆိုသည်။
အဆိုပါဒေသတွင်ရှိသည့်တပ်စခန်းများပြန်ရုပ်သိမ်းရေးအတွက်မကြာခဏတောင်းဆိုဆန္ဒပြမှုများရှိခဲ့သလို စစ်အာဏာသိမ်းယူခြင်းကိုလည်းဆန့်ကျင်သည့်အတွက် ထပ်မံဆန္ဒပြတောင်းဆိုခြင်းလည်းဖြစ်သည်ဟု...














