KIC News
စစ်ကောင်စီခန့်အင်ကြင်းမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ၊ မြဝတီခရိုင်အတွင်း အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးထိရှိလာ
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ဖလူးကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အင်ကြင်းမြိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဇော် ယမန်နေ့(မေ ၁၃)တွင် အသတ်ခံရပြီး ၎င်းအပါအဝင် မြဝတီခရိုင်အတွင်း အသတ်ခံရသည့် စစ်ကောင်ခန့် ကျေရွာအုပ်ချုပ်ရေးမှူး...
အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် ဂိတ်ချစစ်ဆေးမှုလုပ်ဆောင်သည့်ကိစ္စ လုံးဝလက်မခံနိုင်ကြောင်း KNU ပြော
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (တပ်မဟာ ၃)၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ် ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်မှ ပြည်သူသွားလာသည့် လမ်းမကြီးပေါ်တွင် ဂိတ်ချစစ်ဆေးမှု ပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း KNU ကျောက်ကြီးမြို့နယ်က မေလ ၁၂...
ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား များအား မြဝတီနယ်စပ်တွင် တစ်ရက်ခြား၍ လူဦးရေ (၂၀၀)စီသာ ပြန်လည်လက်ခံ။
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်၊ကေအိုင်စီ
ကမာ္ဘ့ကပ်ရောဂါ Covid. 19 တတိယလှိုင်းအဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရောဂါကူးစက်မှု မြင့်မားနေ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်လာမည့် နေရပ်ပြန်မြန်မာလုပ်သားများကို တစ်ရက်ခြား၍ လူဦးရေ၂၀ဝ စီသာ ကြိုဆိုလက်ခံလျှက်ရှိကြောင်း သိရသည်။
ထိုင်း- မြန်မာ နယ်စပ်...
လှိုင်းဘွဲမြို့နယ်ရှိ ကျန်းမာရေး CDM ဝန်ထမ်း ၅၀ကျော် Non CDM ပြန်လုပ်
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်း ၅ဝ နီးပါးသည် လက်ရှိ CDM လှုပ်ရှားမှုတွင်မပါဝင်တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောဆိုသည်။
စစ်အာဏာသိမ်းမှုစတင်ချိန်မှစ၍...
BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံး
မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ မေလ ၁၃ရက်နေ့ ညနေပိုင်းက အချင်းချင်းမှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး BGF ဘက်မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် စစ်ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားသည်ဟု...
ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ညအချိန် ကင်းထောက်လေယာဉ် လာရောက်ပျံဝဲ
မေလ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တောင်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင် မေလ ၁၃ရက်၊ ညသန်းခေါင်အချိန်၌ လေယာဉ် လာရောက်ပျံဝဲသွားကြောင်း ကိုယ်တိုင်ကြားသိရသည့် ဒေသခံများနှင့် နယ်မြေလုံခြုံရေးတာဝန်ရှိသူများက ပြောသည်။
“လေယာဉ်က မနေ့ည ၁၂နာရီလောက်မှာ လာပျံသွားတယ်။ ညဘက်မို့ အသံတော့ အတော်ကျယ်တယ်။ သိပ်တော့ မကြာဘူး။ ပုံမှန်ဆို...
နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းမှု စစ်ကောင်စီ ပြန်လည်ခွင့်ပြု
မေလ ၁၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် အား ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနမှ မနေ့က မေလ ၁၂ ရက်နေ့တွင် မြဝတီနယ်စပ်ကုန်သည်များသို့ စာထုတ်၍ အသိပေးအကြောင်းကြား ထားကြောင်း သိရသည်။
စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့် မေလ ၈ ရက်နေ့မှစ၍...
လှိုင်းဘွဲမြို့ ဆေးရုံဝန်းတွင် ပေါက်ကွဲမှုဖြစ်
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံးဝန်းတွင် ယမန်နေ့(မေလ ၁၃) ရက်နေ့ ည ၉ နာရီကျော်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုသည် လက်လုပ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိသော်လည်း ဆေးရုံတံခါးမှန်အချို့ ပျက်စီးမှုများရှိသည်ဟု...
ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဝန်ထမ်း ၂၀ဝ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ
မေလ ၁၄ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဌာနမှ ဝန်ထမ်း ၂ဝဝ ကျော်အား ခွင့်စည်းကမ်းနှင့် တာဝန်ချိန် ပျက်ကွက်မှု ကြောင့် ဝန်ထမ်းနည်းဥပဒေအရ ၎င်းတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်ညွှန်ကြားရေးမှူး လက်မှတ်ဖြင့် မေလ ၁၁...
စစ်ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာပြီး တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့ဟု KNU ပြော
မေလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် ခြေ ကုတ်စခန်းအချို့ စခန်းဆုတ်ခွာပြီး အနီးအနားရှိ တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၅)က ပြောသည်။
စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းအချို့ဆုတ်ခွာလိုက်ခြင်းသည် နောက်ဆုတ်ခြင်းမဟုတ်ဘဲ အင်အား စုစည်းရန်...














