Home Authors Posts by KIC News

KIC News

22327 POSTS 0 COMMENTS

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရန်နှင့် နိုင်ငံငယ်များ၏ အသံ ပိုမိုပါဝင်နိုင်ရေး ထိုင်းဝန်ကြီးချုပ် တောင်းဆို

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အခွင့်အရေးညီမျှမှုနှင့် အသံပိုမိုပါဝင်လာနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် က စက်တင်ဘာ(၂၄)ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်နေသော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်းဆိုသည်။ "ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း၊ အပြောင်းအလဲများကို...

နေပြည်တော်မှ အင်အား ၂၀၀ ပါ စစ်အုပ်စု သံတောင်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေ

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နေပြည်တော်နယ်မြေရှိ အင်အား(၂၀၀)ဝန်းကျင်ပါ စစ်အုပ်စုတပ်ဖွဲ့က ပျဉ်းမနားအရှေ့ခြမ်း ကရင်ဖြူဒေသမှတဆင့် ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ယခု စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်ဟု ဒေသအခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် စက်တင်ဘာလ (၂၃) ရက်...

မြဝတီ-မဲဆောက် တံတား(၁)တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိုင်းဘက် ကျောင်းသွားတက်သူများ အခက်တွေ့

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနှင့်မြန်မာကိုဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် နေ့စဥ်ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိရာ မဲဆောက်ဘက်သို့ စာသင်ကျောင်းအကြို/အပို့လုပ်သည့် ယာဥ်များအရောက်နောက်ကျပြီး ကျောင်းသို့အချိန်မီရောက်ရေး အခက်အခဲကြုံနေရကြောင်း မိဘများနှင့် ယာဥ်မောင်းများက ပြောသည်။ ပြည်နယ်စစ်အုပ်စု၏ စက်သုံးဆီချွေတာရေး စုံရက်/မရက် ယာဉ်အသုံးပြုမှုကန့်သတ်ချက်ကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍...

ဝင်းဝစခန်းကို အင်အားလာဖြည့်သည့် စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာသား(၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရဟု ကေအဲန်ယူထုတ်ပြန်

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို/သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာရှိ ဝင်းဝတပ်စခန်းသို့အင်အားဖြည့်ရန် စက်တင်ဘာ(၂၀)ရက်နေ့မှစ၍ ဝင်ရောက်လာသော စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာခံအမျိုးသား(၁)ဦးသေဆုံးပြီး အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ ယမန်နေ့၊ စက်တင်ဘာ(၂၄)ရက်ဖြင့် အဆိုပါထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၄၀၃၊ ၄၀၄၊...

ဘီးလင်း စာသင်ကျောင်းဗုံးကြဲမှုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ဘီးလင်း စာသင်ကျောင်းဗုံးကြဲမှုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား Fact-check | Dawei Watch | KIC | The Red Flag | MFCN မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျသောင်းဆိပ်ကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁၉ ရက် ညပိုင်းမှာ...

ဖူးခက်မြို့သူ နီနီရွိုင်ရယ် (၂၁) ကြိမ်မြောက် AGT ပြိုင်ပွဲတွင် အမြင့်ဆုံးဆုရရှိ

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သူ အသက် (၁၆) နှစ်အရွယ် နီနီရွိုင်ရယ်သည် (၂၁) ကြိမ်မြောက် America's Got Talent (AGT) ၏ အမြင့်ဆုံးဆုကို သိမ်းပိုက်ရရှိခဲ့ပြီး ကမ္ဘာကျော်အဆိုတော်တစ်ဦး၏ လမ်းကြောင်းကို စတင်တော့မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်...

NUG ၏ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေ၊ မွန်နှင့်ပဲခူးအစပ်နေရာကို ယနေ့၊ စက်တင်ဘာ (၂၄ )ရက် နံနက်ပိုင်းက စစ်အုပ်စု လေယာဥ်ဖြင့်ဗုံး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိကြောင်း ကနဦးသိရသည်။ အထူးတိုင်းစစ်ဌာနနယ်မြေထဲသို့စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြတ်တောက်တိုက်ခိုက်နေသည့်ကာလအတွင်း ယနေ့နံနက်(၁၁)နာရီဝန်းကျင်က...

ကလေးအကျဉ်းထောင်တွင် အရေးပေါ်ဆေးကုသရန် လိုအပ်သူများ ဆေးရုံတက်ခွင့်မရဟု PPNM ဆို

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား (၅၀) ဦး အပါအဝင် အကျဉ်းသား (၈၀)ဦး ခန့် ပြင်ပဆေးရုံ အရေးပေါ် တက်ရောက်ကုသရန် လိုအပ်သော်လည်း တက်ခွင့် မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)...

ခိုင်းသမျှလုပ်သည့် မီဒီယာမဟုတ်၍ Times မဂ္ဂဇင်းအပေါ် စစ်အုပ်စုမကျေနပ်ဟု သတင်းစာဆရာများ ထောက်ပြ

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ Times မဂ္ဂဇင်း၏ ဆောင်းပါးနှင့်ပတ်သက်၍ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မကျေနပ်သဖြင့် အမည်ပျက်စာရင်းသွင်း၊ ရှုတ်ချခြင်းသည် ၎င်းတို့ခိုင်းသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တတ်သည့် မီဒီယာမဟုတ်ခြင်းကြောင့် ဖြစ်သည်ဟု ဝါရင့် မြန်မာသတင်းစာဆရာများက ဝေဖန်ထောက်ပြသည်။ ပြီးခဲ့သည့် ဩဂုတ်လ(၂၈)ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့်...

စစ်အုပ်စု လက်နက်ကြီးပစ်၍ ကျိုက်ထိုက ရာဘာခြံအလုပ်သမား (၁) ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စက်တင်ဘာလ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း ကျေးရွာအုပ်စုထဲသို့ စက်တင်ဘာလ (၂၂) ရက်နေ့တွင် စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံတွင်အလုပ်လုပ်နေသည့် အလုပ်သမား (၁) ဦးသေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...
Donate