Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

KNLA တပ်မဟာ(၇) တပ်မဟာမှူးနှင့် ဗျူဟာမှူးအသစ် ‌ရွေးချယ်ပြီးစီး

ဇွန်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ KNLA-ကရင့်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၏ တပ်မဟာ(၇) တပ်မဟာမှူးအဖြစ် ဗိုလ်မှူးကြီး‌စော‌ဖောဒိုကို ‌ရွေးချယ်ပြီး ဗျူဟာမှူးအဖြစ် ဒုဗိုလ်မှူးကြီး‌စောဒိကွယ်ကို ‌ရွေးချယ်ခဲ့‌ကြောင်း ဇွန်လ ၃ဝရက်၊ ယ‌နေ့တွင် ပြုလုပ်သည့် တပ်မဟာ(၇) အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ယခင် တပ်မဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူမှာ ဇွန်လ ၂ဝရက်‌နေ့က လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး...

မြဝတီမြို့တွင် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအနက် ၃၉ ဦး ပြန်လည်လွတ်‌မြောက်

ဇွန်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာသိမ်းပြီး‌နောက် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံရသူ များအနက် ၃၉ ဦး ယ‌နေ့ (ဇွန်လ ၃ဝ ရက်)တွင် ပြန်လည်လွတ်‌မြောက်လာ‌ကြောင်း သိရသည်။ ၎င်းတို့ကို ယ‌နေ့ ဇွန်လ ၃ဝ ရက်၊ နံနက်...

KNU တပ်မဟာ (၅)နယ်‌မြေတွင် တိုက်ပွဲအ‌ရေအတွက်နှင့် စစ်‌ကောင်စီတပ် ထိခိုက်ကျဆုံးမှု ယခင်လထက် ပိုမြင့်မား

ဇွန် ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်‌မြေအတွင်း ပြီးခဲ့သည့် ‌မေလထက် ယခုဇွန်လ အတွင်း စစ်‌ကောင်စီ နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု အကြိမ်အ‌ရေအတွက် မြင့်မားခဲ့ပြီး စစ်‌ကောင်စီဘက်မှလည်း ယခင်လထက် ကျဆုံးမှုပိုမိုများပြားခဲ့‌ကြောင်း KNU တပ်မဟာ (၅)၏ လစဉ်တိုက်ပွဲဖြစ်ပွားမှု...

ဖားအံမြို့တွင် အချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့်ယာဉ်များကို စစ်‌ဆေးဖမ်းဆီးမှုရှိ‌နေဆဲ

ဇွန် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စာရွက်စာတမ်းအချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့်ယာဉ်များကို ယ‌နေ့ (ဇွန် ၃၀)ရက်‌နေ့ အထိ စစ်‌ဆေးဖမ်းဆီးမှုရှိ‌နေဆဲဖြစ်သည်ဟု သိရသည်။ ဖားအံမြို့အတွင်း အချက်အလက်မပြည့်စုံဘဲ သွားလာ‌နေသည့် ယာဉ်များကို တနလင်္ာ၊ ဗုဒ္ဓဟူးနှင့် ‌သောကြာ‌နေ့ တွင် ယာဉ်ထိန်းရဲများက ဖားအံမြို့လမ်းဆုံ‌နေရာတွင်...

ကြာအင်းဆိပ်ကြီးမြို့ Mytel ဆက်သွယ်‌ရေးရုံးမှ ဝန်ထမ်း ၉ ဦး COVID-19 ပိုး‌တွေ့

ဇွန် ၃ဝ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက်(၂) ‌ရွှေဝါလမ်းရပ်ရှိ စစ်တပ်ပိုင် Mytel မိုင်တဲလ် ဆက်သွယ်‌ရေးရုံး မှ ဝန်ထမ်း ၁၂ ဦး ယ‌နေ့ (ဇွန် ၃ဝ ရက်)တွင် ကိုဗစ်ပိုးစစ်ကိရိယာဖြင့် စစ်‌ဆေးရာတွင် ၉...

မဲ‌ဆောက် ကိုဗစ်ပိုး‌တွေ့ရှိမှု‌ကြောင့် ‌လော့‌ဒေါင်းချထားသည့် ရပ်ကွက်‌နေ မြန်မာအလုပ်သမားတချို့ စား ‌သောက်မှုအခက်အခဲရှိလာနိုင်

ဇွန် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ကိုဗစ်ပိုး‌တွေ့ရှိသည့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ရပ်ကွက်တချို့တွင်‌နေထိုင်ကြသည့် မြန်မာအလုပ်သမားတချို့ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာမှုများကို ကန့်သတ်ထားမှု‌ကြောင့် ‌သောက်‌ရေနှင့် အ‌ခြေခံ စား‌သောက်မှုအတွက် အခက်အခဲရှိလာနိုင်‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။ မဲ‌ဆောက်မြို့‌တောင်ဘက် မယ်‌တောင်‌ကျေးရွာတွင် ပြီးခဲ့သည့်...
Donate