Home သတင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေး အရိုးပြာကို ဇာတိရွာတွင် ဂူသွင်းမြှုပ်နှံမည်

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေး အရိုးပြာကို ဇာတိရွာတွင် ဂူသွင်းမြှုပ်နှံမည်

3458

ဇူလိုင် ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်-၁၉ ‌ရောဂါဖြင့် ရန်ကုန်မြို့တွင် ယမန်‌နေ့က ကွယ်လွန်သွားသည့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ ‌တော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေး၏ အရိုးပြာကို ဇာတိရွာဖြစ်သည့် ကရင်ပြည်နယ်၊ ‌ကော့က ရိတ်မြို့နယ်၊ ထီဟူးသံ‌ကျေးရွာတွင် ခရစ်ယာန်ထုံးတမ်းအစဉ်လာအရ ပြန်လည်ဂူသွင်းမြှုပ်နှံမည်ဟု သိရ သည်။

ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးသည် ရန်ကုန်မြို့ မဂင်္လာဒုံစစ်‌ဆေးရုံရှိ အသည်း‌ရောဂါ အထူးကုဌာနတွင် ကိုဗစ်‌ရောဂါ ကုသရင်း ဇူလိုင်လ ၂၁ ရက်‌နေ့ ည‌နေပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်ရုပ်အ‌လောင်းကို ထို‌နေ့ည‌နေ ၅ နာရီတွင် မီးသၤဂြိုဟ်ပြီး‌နောက် ယ‌နေ့ ဇူလိုင် ၂၂ ရက်‌နေ့တွင် ၎င်း၏အရိုးပြာကို ဇာတိရွာသို့ ပြန်လည်သယ်‌ဆောင် လာသည်ဟု DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စောစတီးလ်က ‌ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ‌စောစတီးလ်က” ရုပ်အ‌လောင်းကို‌တော့ ချက်ချင်းမီးသၤဂြိုဟ်လိုက်ရတယ်ဆို‌တော့ ကျန်တဲ့ အရိုးနဲ့ အရိုးပြာကိုပဲ ကျ‌နော်တို့ ဒီ‌နေ့ ပြန်သယ်လာတာဖြစ်တယ်။ သူ့ရဲ့ရုပ်အ‌လောင်းရှိတဲ့ ပုံစံနဲ့ပဲ အ‌ခေါင်းတလားနဲ့ ကျ‌နော်တို့ သယ်လာတယ်။ ပြီး‌တော့ သူ့ရဲ့‌ကျေးရွာမှာ ပြန်ပြီးဂူသွင်းပြီး ထားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေး ကွယ်လွန်ချိန်တွင် အသက် ၅၃နှစ်ရှိပြီး သူသည် ယခုလ ဆန်းပိုင်းကတည်းက ကိုဗစ်‌ရောဂါကူးစက်ခံထားရ၍ ရန်ကုန်မြို့ မဂင်္လာဒုံစစ်‌ဆေးရုံတွင် ၁ဝ ရက်နီးပါး ‌ဆေးကုသမှုခံယူပြီး‌နောက် ကွယ်လွန်သွားခြင်းလည်းဖြစ်သည်။

DKBA တွင် လက်ရှိ စစ်ဦးစီးချုပ် ကွယ်လွန်သွားသည့်အတွက် လစ်လပ်သွားသည့် စစ်ဦးစီးချုပ်‌နေရာကို ကိုဗစ်‌ရောဂါအ‌ခြေအ‌နေ အနည်းငယ်တည်ငြိမ်လာပြီးမှ အစည်းအ‌ဝေး‌ခေါ်ယူ၍ ပြန်လည်‌ရွေးချယ် တင်‌မြှောက်မည်ဖြစ်‌ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး ‌စောစတီးလ်က ‌ပြောသည်။

ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးသည် စစ်သားပီသသူတစ်ဦးဖြစ်သလို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင်လည်း DKBA အဖွဲ့‌ခေါင်း‌ဆောင်အ‌နေဖြင့် အစမှအဆုံးအထိ တစိုက်မတ်မတ် ပါဝင်ခဲ့သည့်အတွက် အသိအမှတ်ပြု ဂုဏ်ယူသည်ဟု ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တစ်‌လျှောက်တွင် အတူတကွ လုပ်‌ဆောင်ခဲ့သည့် ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS) အတွင်း‌ရေးမှူး-၂ ဗိုလ်မှူးကြီးစိုင်းငင်းက ‌ပြောသည်။

“ သူက တကယ့် စစ်သားပီသတယ်။ အစည်းအ‌ဝေးတိုင်းမှာ အများကြီးစကားမ‌ပြောဘူး။ ‌ပြောရမယ်ဆိုရင်သူက တကယ့် စနိုက်ပါ‌သေနတ်သမားနဲ့တူတယ်။ သူ‌ပြောလိုက်မယ်ဆိုရင် တကယ့်ထိ‌ရောက်တဲ့စကားကိုပဲ‌ပြောတယ်။ လိုရင်းတိုရှင်းပဲ‌ပြောတတ်တယ်။ သူ့တပ်တွင်း မိသားစုကိုလည်း မိသားစုသဖွယ်ဆက်ဆံတာ‌တွေ့ရတယ်။ သူ့ကို ဂုဏ်ယူတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ‌ကေအိုင်စီသို့‌ပြောသည်။

ဗိုလ်ချုပ်ကြီး‌စောမို‌ရှေး ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ (NCA-EAOs)၊ ကလိုထူး‌ဘော ကရင်အဖွဲ့အစည်း(KKO) နှင့် အခြား‌သောအဖွဲ့အစည်းအချို့မှ ဝမ်းနည်း‌ကြောင်း သဝဏ်လွှာ‌ပေးပို့ ခဲ့သည့်အပြင် အာဏာသိမ်း စစ်‌ကောင်စီ ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ဇနီးကလည်း ယ‌နေ့(ဇူလိုင် ၂၂ရက်)ထွက် စစ်‌ကောင်စီပိုင် သတင်းစာတွင် ဝမ်းနည်း‌ကြောင်း ထည့်သွင်း ‌ကြေငြာထားသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU-ကရင်အမျိုးအသားအစည်းအရုံးမှ ခွဲထွက်၍ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်တပ် မ‌တော်-DKBA အ‌နေဖြင့် ရပ်တည်ခဲ့ပြီး‌နောက် ၂၀၁ဝ ခုနှစ်တွင် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို လက်မခံခဲ့ သည့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်မှ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်( DKBA)အ‌နေဖြင့် ထပ်မံ ခွဲထွက်ရပ်တည်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ကွယ်လွန်ပြီး‌နောက် ၂၀၁၆ ခုနှစ်တွင် DKBA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ပြန်လည်တာဝန်ယူထမ်း‌ဆောင်ကာ ယခုကွယ်လွန်ချိန်အထိဖြစ်သည်။