Home သတင်း ‌သောင်ရင်းမြစ်‌ရေ အတက်ကြမ်း၍ အနိမ့်ပိုင်း ရပ်ကွက်များတွင် မြစ်‌ရေစတင်ဝင်‌ရောက်

‌သောင်ရင်းမြစ်‌ရေ အတက်ကြမ်း၍ အနိမ့်ပိုင်း ရပ်ကွက်များတွင် မြစ်‌ရေစတင်ဝင်‌ရောက်

1495

ဇူလိုင် ၂၂ ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီနယ်စပ် ‌သောင်ရင်းမြစ်‌ရေသည် အတက်ကြမ်း‌နေပြီး ယ‌နေ့ ဇူလိုင် ၂၂ ရက် ည ၁၂ နာရီခန့်ကစ၍ အမှတ် ၁ ရပ်ကွက် သဲပုံဂိတ်ဘက်ခြမ်းတွင် မြစ်‌ရေစတင်ဝင်‌ရောက်မှုများ ရှိ‌နေ‌ကြောင်း သိရသည်။

ထိုသို့ မြစ်‌ရေ ဝင်‌ရောက်မှု‌ကြောင့် မြစ်ကမ်းအနီးအနိမ့်ပိုင်း ရပ်ကွက်များရှိပြည်သူများ ‌ရေ‌ဘေးဒုက္ခကြုံ‌နေရ၍ မြဝတီခရိုင် မီးသတ်ဦးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ‌လှေများဖြင့် ကူညီကယ်ဆယ်‌ရေးများ လုပ်‌ဆောင်လျက်ရှိသည်။

သို့‌သော် မြို့နယ် ရပ်ကွက် အုပ်ချုပ်‌ရေးပိုင်းက တာဝန်ရှိသူများမှာ ဖုန်းဆက်သွယ်မရသလို ယခုထိ လာ‌ရောက်ခြင်း မရှိ‌သေး‌ကြောင်း ကယ်ဆယ်‌ရေး ‌ဆောင်ရွက်‌နေသူ တစ်ဦးက ‌ပြောသည်။

လက်ရှိ ‌သောင်ရင်းမြစ်‌ရေသည် စိုးရိမ်‌ရေအမှတ်ထက် ‌ကျော်လွန်‌နေပြီး ‌ရေတက်နှုန်းမှာလည်း မြန်ဆန်လျက် ရှိ‌ကြောင်း မိုးကုတ်ဂိတ်တွင် ‌ရေကင်းသွား‌ရောက် ကြည့်သူတစ်ဦး၏ ‌ပြောသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ‌သောင်ရင်းမြစ်‌ရေသည် ညတွင်းချင်းစံချိန်တင် မြင့်တက်မှု ဖြစ်ပွားခဲ့ဘူးပြီး မြို့ဧရိယာ၏ ထက်ဝက်နီးပါး ‌ရေ‌ဘေးသင့်ခဲ့ပြီး လူ‌သေဆုံးမှုများလည်းရှိခဲ့သည်။