Home Authors Posts by KIC News

KIC News

22581 POSTS 0 COMMENTS

‌သောင်ရင်းမြစ်‌ရေ လျှံမှု‌ကြောင့် မြဝတီမြို့တွင် အိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ခံ‌နေရ

ဇူလိုင် ၂၆ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ‌သောင်ရင်းမြစ်‌ရေလျှံမှု ‌ကြောင့် အိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ခံ‌နေရ‌ကြောင်း သိရသည်။ မိုးရက်ဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ‌သောင်ရင်းမြစ်‌ရေမှာ စိုးရိမ်‌ရေအမှတ် ထက် ၁ ‌ပေဝန်းကျင်ခန့် ‌ကျော်လွန်‌နေပြီး ယခု...

ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်လျှံတက်လာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးတွင် လူဦး‌ရေ ၆ဝဝ နီးပါး ‌ရေ‌ဘေးသင့်‌နေ

ဇူလိုင် ၂၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်‌နေ့မှစကာ အဆက်မပြတ်မိုးရွာသွန်းမှု‌ကြောင့် ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်‌ရေများ လျှံတက်လာပြီး လူ‌နေအိမ်များအတွင်း ‌ရေဝင်‌ရောက်လာသည့်အတွက် လူဦး‌ရေ ၆ဝဝ နီးပါး ‌ရေ‌ဘေးသင့်‌နေရသည်ဟု ကူညီကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။ ‌တောင်ကျ‌ရေနှင့် မြစ်‌ရေလျှံတက်လာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့...

‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှိုင်းဘွဲမြို့‌ပေါ် ရပ်ကွက်အချို့ ‌ရေနစ်မြှုပ်

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ မိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျ‌ချောင်း‌ရေ စီးဆင်းလာသည့်အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့‌ပေါ်ရှိ ‌မြေနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ယ‌နေ့(ဇူလိုင်လ ၂၆ရက်)နံနက်ပိုင်းက ‌ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ ယ‌နေ့ နံနက် ၈နာရီဝန်းကျင်ခန့်က လှိုင်းဘွဲ‌ချောင်းတွင် ‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် ‌ရေလျှံလာပြီး လှိုင်းဘွဲမြို့‌ပေါ် ရပ်ကွက်...

“ကိုဗစ်‌ရောဂါ ‌ကြောက်စရာ”

"ကိုဗစ်‌ရောဂါ ‌ကြောက်စရာ" တတိယလှိုင်း ကပ်‌ရောဂါ ကူးစက်လျင်မြန်စွာ အသွင်‌ပြောင်းကာ ပျံ့နှံ့တိုး ‌ကြောက်ဖွယ် ကပ်‌ဘေးဆိုး... ။ တို့များကြိုးစား တိုက်ဖျက်မည် အိမ်ထဲ‌နေကြပြီ လက်‌ဆေးညီညီ ‌ခြောက်‌ပေခြား မက်စ်တပ်‌နေစို့လား... ။ ကာကွယ်‌ဆေးများ ထိုးကြပါ ကြိုတင်တားဆီးရာ ကူးစက်လျှင်ကွာ သက်သာ‌သေး ‌ဝေးကွာ အသက်‌ဘေး... ။ အာဟာရ‌မွေး စားသုံး‌နော် ကျန်းမာကြံ့ခိုင် ‌ပျော် ခုခံအား‌နော် တို့ပြည့်ဝ လွယ်ကူ မကူးကြ ... ။ တုပ်‌ကွေးမိကြ ဖျားနာလျှင် မ‌ပေါ့ဆ‌စေချင် ‌ဆေးဝါးကျွမ်းကျင်...

‌လေး‌ကေ‌ကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှုများလာပြီး ‌သေဆုံးသူ ၄ ဦးရှိလာ

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှု များလာသည့်ပြင် ယ‌နေ့ ဇူလိုင်လ ၂၆ ရက်‌နေ့အထိ ‌သေဆုံးသူ ၄ ဦးရှိလာ‌နေပြီးဖြစ်သည်ဟု မြို့သစ်တာဝန်ရှိသူထံမှ သိရသည်။ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး စင်တာ၌ လက်ရှိ ကိုဗစ်...

မြိုင်ကြီးငူအထူး‌ဒေသတွင် သံဃာ‌တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကိုဗစ်ကူးစက်ပြန့်ပွားမှု မြှင့်တက်‌နေစဉ်ကာလအတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူအထူး‌ဒေသတွင် သံဃာ ‌တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲတစ်ခုကို မြိုင်ကြီးငူ‌ကျောက်စာကွင်း၌ ယ‌နေ့(ဇူလိုင် ၂၆)ရက်‌နေ့ တွင် ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံများထံမှ သိရှိရသည်။ လက်ရှိမြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တဉာဏိကနှင့် ‌ဒေသခံရွာလူကြီးများ၏ ဦး‌ဆောင်မှုဖြင့် ယခင်...

မြဝတီမြို့တွင် တစ်လအတွင်း ကိုဗစ်ဖြင့်‌သေဆုံးသူ ၁၀ဝ ‌ကျော်ရှိလာ

ဇူလိုင် ၂၅ ရက်၊၂၀၂၁ခုနှစ်။‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့၌ ယ‌နေ့ ဇူလိုင် ၂၅ ရက်‌နေ့တွင် ကိုဗစ်ဖြင့်‌သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ယခု တစ်လအတွင်း ကိုဗစ်ဖြင့် ‌သေဆုံးသူ ၁၀ဝ ‌ကျော်ရှိခဲ့သည်ဟု သိရသည်။ ဖား‌ချောင်းရပ် ချမ်း‌မြေ့‌မေတ္တာ‌ကျောင်းမှ သက်‌တော် ၇၈နှစ်အရွယ် သံဃာ‌တော်တစ်ပါး အပါအဝင်...
Donate