Home သတင်း ‌သောင်ရင်းမြစ်‌ရေ လျှံမှု‌ကြောင့် မြဝတီမြို့တွင် အိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ခံ‌နေရ

‌သောင်ရင်းမြစ်‌ရေ လျှံမှု‌ကြောင့် မြဝတီမြို့တွင် အိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ခံ‌နေရ

2645

ဇူလိုင် ၂၆ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ‌သောင်ရင်းမြစ်‌ရေလျှံမှု ‌ကြောင့် အိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ခံ‌နေရ‌ကြောင်း သိရသည်။

မိုးရက်ဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ‌သောင်ရင်းမြစ်‌ရေမှာ စိုးရိမ်‌ရေအမှတ် ထက် ၁ ‌ပေဝန်းကျင်ခန့် ‌ကျော်လွန်‌နေပြီး ယခု ည ၉ နာရီအထိ ဆက်လက်မြင့် တက်လျက် ရှိ‌နေဆဲဖြစ်သည်။

မြစ်‌ရေမြင့်တက်မှု‌ကြောင့် မြစ်ကမ်းအနီးရှိ လူ‌နေအိမ်‌ခြေ ၅၀ဝ ‌ကျော်မှာ ‌ရေ‌ဘေး ဒုက္ခခံ‌နေရပြီး နီးစပ်ရာ‌နေအိမ်များနှင့် ယာယီ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း များတွင် ခိုလှုံ‌နေရသည်ဟု သိရသည်။

လက်ရှိအချိန်ထိ မြဝတီမြို့တွင် အမှတ် ၅ ရပ်ကွက်ရှိ အထက ခွဲ ၃ ‌ကျောင်းနှင့် ဝါး‌တောစာသင်‌ကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ ဓိဌာန်‌အောင်ဘုရားဓမ္မာရုံတို့တွင် ယာယီ‌ရေ‌ဘေးကယ်ဆယ်‌ရေး စခန်းများဖွင့်လှစ်ထားသည်။ လက်ရှိတွင် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း ၃ ခုတွင် လာ‌ရောက်‌နေထိုင်သူ အိမ်‌ထောင်စု ၁၀ဝ ဝန်းကျင်ခန့် ‌ရောက်ရှိ‌နေပြီး ဆက်လက်၍‌ရွှေ့‌ပြောင်းလာသူများလည်း ရှိ‌နေသည် ဟု မြို့နယ်‌ရေ‌ဘေးကယ်ဆယ်‌ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

ကိုဗစ်‌ရောဂါကူးစက်မှု နှင့် ‌သေဆုံးမှု မြင့်မား‌နေ၍ Stay at Home အဖြစ်‌နေထိုင်ရန် ‌ကြေညာထားသည့် မြဝတီမြို့တွင် ယခုအခါ ‌ရေ‌ဘေးဒုက္ခပါ ထပ်မံခံစား‌နေရ၍ ‌ရောဂါကူးစက်မှုနှင့်အတူ အ‌ခြေခံလူတန်းစားအများစုမှာ စားနပ်ရိက္ခာ အခက်အခဲနှင့်ပါ ကြုံ‌တွေ့‌နေရ‌ကြောင်း သိရသည်။