KIC News
နေအိမ်များ၊ ခြံဝင်းများတွင် PSI စလောင်း တပ်ဆင်ထားမှု လိုက်ဖြုတ်သိမ်းနေ
ဧပြီလ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ မြို့အတော်များများတွင် နေအိမ်များ၌ တပ်ဆင်ထားသည့် PSI ရုပ်သံလိုင်း၏ စလောင်းနှင့် စက်များကို ဖြုတ်ချပေးရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကတဆင့် ဧပြီလ ၉ရက်နေ့တွင် စတင် ဆော်ဩခဲ့ကြသည်။
ဖားအံမြို့ခံတစ်ဦးက “PSI တွေ တပ်ထားရင် ဖြုတ်လိုက်ပါလို့ လမ်းလူကြီးတွေက...
တူမီးသေနတ်သံတွေနဲ့ ပြောကြားလိုက်တဲ့ သတင်းစကား
တူမီးသေနတ်သံတွေနဲ့ ပြောကြားလိုက်တဲ့ သတင်းစကား
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ ဧပြီ ၁ဝ ရက်)
ဒီကနေ့ (ဧပြီလ ၁ဝရက်နေ့) Myanmar Now က ဖော်ပြထားတဲ့သတင်းအရဆိုရင် ပဲခူး(မဂ္ဂတစ်)မှာ အကြမ်း ဖက် စစ်ကောင်စီ၊ ခါးပိုက်ဆောင်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသူအရေအတွက်ဟာ ၈၂ဦးရှိလာပြီလို့ သိရှိရပါ...
တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားသောကြောင့် ဖာပွန်-ကမမောင်းလမ်းမကြီးဘေးရှိ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေး တိမ်းရှောင်ရ
ဧပြီ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ တွင် ဧပြီလဆန်းပိုင်းမှ စ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ကျေးရွာများတွင် သေနတ်ကြီးဖြင့် ပစ်ခတ်မှုများနေ့စဉ် လုပ်ဆောင် သောကြောင့် ဖာပွန်- ကမမောင်း လမ်းမကြီးနှင့်နီးသည့် ကျေးရွာများရှိ ထောင်နှင့်ချီသည့် ဒေသခံများ...
ဖားအံမြို့ရှိ ကလေးအထူးကု(အငြိမ်းစား) ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ
ဧပြီလ ၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကြာအင်းဘက်တွင် ‘အာရုဏ်နှင်း’ကလေးအထူးကု ဆေးကုခန်းဖွင့်ထား သည့် ဒေါက်တာအုံးအုံးရီကို ဧပြီလ ၈ရက်နေ့ ညနေပိုင်းက အရပ်ဝတ်ဖြင့် ရဲများ လာရောက်ဖမ်းဆီးသွားခဲ့ ကြောင်း သိရသည်။
“မနေ့ညနေတုန်းကပဲ လာဖမ်းသွားတာ။ မနက်ပိုင်းတုန်းကတောင် ဆေးခန်းက ဖွင့်နေသေးတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့...
စစ်ကောင်စီတပ်မှ ရွာထဲလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးကို ထိမှန်သေဆုံး၊ ကေအဲန်ယူနယ်မြေအတွင်း ကရင်စစ်ရှောင် ၃၀,၀၀ဝ ကျော်ပြီ
ဧပြီ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မူတြော်(ဖာပွန်)ခရိုင်၊ ပေါ်ခေးခို အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းမှ စစ်ကောင်စီတပ်များသည် ယမန်နေ့ ( ဧပြီ ၈ ရက်)က ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ဧပြီလ ၈...














