Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှုများလာပြီး ‌သေဆုံးသူ ၄ ဦးရှိလာ

‌လေး‌ကေ‌ကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှုများလာပြီး ‌သေဆုံးသူ ၄ ဦးရှိလာ

1557
Photo_က‌ဆောဝါး

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှု များလာသည့်ပြင် ယ‌နေ့ ဇူလိုင်လ ၂၆ ရက်‌နေ့အထိ ‌သေဆုံးသူ ၄ ဦးရှိလာ‌နေပြီးဖြစ်သည်ဟု မြို့သစ်တာဝန်ရှိသူထံမှ သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး စင်တာ၌ လက်ရှိ ကိုဗစ် ကူးစက်ခံရသူ ဦး‌ရေ ၈ဝ ‌ကျော်တွင် ၄ ဦး‌သေဆုံးခဲ့သည်ဟု ‌လေး‌ကေ‌ကော်မြို့သစ် စီမံအုပ်ချုပ်‌ရေး ‌ကော်မတီတာဝန်ရှိသူ ‌စော‌ဌေးမြင့်‌အောင်က ‌ကေအိုင်စီသို့‌ပြောသည်။

ကိုဗစ်‌ရောဂါ‌ကြောင့် ‌သေဆုံးသွားသူအထဲတွင် ‌ရောဂါအခံရှိထားသူများဖြစ်သလို ‌လေး‌ကေ‌ကော်မြို့တွင် ‌နေထိုင် သူတစ်ဦး၊ မြဝတီမြို့မှ ပြန်လာသူ ၂ ဦးနှင့် ဖလူး‌ဒေသမှ လာ‌ရောက်သူတစ်ဦးပါဝင်‌ကြောင်း တာဝန်ရှိသူထံမှ သိရ သည်။

ကိုဗစ်ကူးစက်သူများလာသည့်အ‌ပေါ် သီးသန့်ထားရှိသည့် ‌နေရာတွင် ‌နေရာမလုံ‌လောက်မှုများ ကြုံ‌တွေ့‌နေရသည့် အတွက် ယခုအချိန်တွင် ‌ရောဂါလက္ခဏာပြပြီး သံသယရှိသည့် လူနာများကို (Quarantine) သီးသန့်‌စောင့်ကြည့် သည့်အ‌ဆောင်တွင် မထား‌တော့ဘဲ ‌နေအိမ်အတွင်းသာထားရှိပြီး ‌စောင့်ကြည့်‌နေသည်ဟု ‌စော‌ဌေးမြင့်‌အောင်က ‌ပြောသည်။

Photo_က‌ဆောဝါး

၎င်းက “‌နေရာမ‌လောက်‌တော့ဘူး။ အသစ်‌ဆောက်ထားတဲ့‌နေရာ‌တွေလည်း ပြည့်တယ်။ ‌နေ‌ကောင်းပြီး ပြန်တဲ့လူ ‌တွေက နည်းပြီး ‌ရောဂါတိုးတဲ့ လူ‌တွေက များတယ်။ အဲဒါ‌ကြောင့် ‌ရောဂါလက္ခဏာပြတဲ့လူ‌တွေဆိုရင် သူတို့‌နေ အိမ်မှာပဲ ‌နေခိုင်းပြီး တစ်ပတ်‌စောင့်ကြည့်တယ်။ ပြီး‌တော့ ကိုဗစ်‌ကြောင့် အလုပ်အကိုင်‌တွေလည်း မရှိကြ‌တော့ လူထုစားဝတ်‌နေ‌ရေးအတွက်လည်း ပြန်ကြည့်ရတယ်။ ကျ‌နော်တို့အတွက် အဲဒီအခက်အခဲ‌တွေ‌တော့ ကြုံ‌နေရ တယ်” ဟု ‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့သစ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်‌နေ့တွင် ကိုဗစ်ပိုး‌တွေ့လူနာ စတင်‌တွေ့ရှိသည့်အတွက် မြို့ တွင် ဖွင့်လှစ်ထားသည့် အထက်တန်း‌ကျောင်းကိုလည်း ဇွန်လ ၂၃ရက်‌နေ့ကတည်းက ယာယီပိတ်ထား လိုက်ရ သည်။

အိမ်‌ခြေ ၇၀ဝ လုံးရှိပြီး လူဦး‌ရေ ၃၀၀ဝ (သုံး‌ထောင်)ခန့် ‌နေထိုင်သည့် ‌လေး‌ကေ‌ကော်မြို့သစ်တွင် လက်ရှိ ကိုဗစ်လူနာ ၈၂ ဦးရှိပြီး ‌သေဆုံးသူ လူနာ ၄ ဦးရှိပြီဖြစ်သည်။ ၎င်းမြို့သစ်နှင့်နီးသည့် မြဝတီမြို့တွင်လည်း ကိုဗစ်ကူး စက်သူများလာပြီး ဇူလိုင်လ ၂၅ ရက်‌နေ့အထိ ‌သေဆုံးသူ ၁၀ဝ ‌ကျော်ရှိ‌နေပြီးဖြစ်သည့်အပြင် ကူးစက်သူများ လာ‌သော‌ကြောင့် အိမ်အပြင်မထွက်ရ (Stay at Home) လည်း ‌ကြေငြာထားသည်။