Home Authors Posts by KIC News

KIC News

22008 POSTS 0 COMMENTS

DKBA မှ စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများထံ စား‌သောက်ကုန်များ စတင်‌ထောက်ပံ့

ဩဂုတ် ၂၂ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာများတွင် စားဝတ်‌နေ‌ရေးခက်ခဲသည့် ပြည်သူများထံ အ‌ခြေခံစား ‌သောက်ကုန်များကို ဩဂုတ် ၂ဝရက် ယမန်‌နေ့က စတင်‌ထောက်ပံ့‌ပေး‌နေပြီးဟု DKBA-ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ် မ‌တော်မှ ၎င်းတို့၏ ‌ဒေသတာဝန်ရှိသူထံမှ သိရသည်။ ‌ပြောင်မထိန်၊ ကျွန်း‌ချောင်း၊ ကြိမ်‌ချောင်း၊ မိတ္တဗွီး၊ ‌လေးဖာ‌ထောရွာရှိ စားဝတ်‌နေ‌ရေးခက်ခဲသည့်...

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်‌ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာ

ဩဂုတ် ၂၁ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာတွင် အ‌ခြေစိုက်သည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ယ‌နေ့ ဩဂုတ် ၂ဝရက်၊ နံနက်အ‌စောပိုင်းက ‌ကျေးရွာရှိ ၎င်းတို့၏တပ်စခန်းကို စွန့်ခွာသွားသည်ဟု သိရသည်။ အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက “ဒီမနက် ၇နာရီကတည်းက ကျိုက်ဒုံဘက်ကို ကားနဲ့ပြန်...

ထွက်‌ပေါက်ပိတ်‌နေတဲ့ အကြမ်းဖက်စစ်‌ကောင်စီ

ထွက်‌ပေါက်ပိတ်‌နေတဲ့ အကြမ်းဖက်စစ်‌ကောင်စီ ‌မောင်‌ကျော်စွာ (၂၀၂၁ခုနှစ်၊ ဩဂုတ် ၂ဝရက်) “မင်း‌အောင်လှိုင် - စိုးဝင်း အကြမ်းဖက်စစ်‌ကောင်စီ”ရဲ့ ‌ဖေ‌ဖေါ်ဝါရီလ ၁ရက် အာဏာသိမ်းပိုက်မှုဟာ စစ်အုပ် စုတွင်း အကြပ်အတည်း ကြီးမားမှုကို တဆင့်တိုး ‌ဖော်ပြတာဖြစ်ပြီး တစ်ဖက်မှာလည်း ပြည်တွင်းပြည်ပ အကြပ်တည်း ‌ပေါင်းစုံ ဆိုက်‌နေပြီး ထွက်‌ပေါက်ပိတ်‌နေတဲ့...

မိုးစပါးထိခိုက်ပျက်စီးသွားသည့် ‌တောင်သူများထံ မျိုး‌စေ့‌ထောက်ပံ့‌နေပြီးဟု ပြည်နယ်စစ်‌ကောင်စီ‌ပြော

ဩဂုတ် ၂ဝ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်၊ ‌ချောင်း‌ရေများ လျှံထွက်လာမှု‌ကြောင့် ‌ရေလွှမ်းခံရသည့် ‌တောင်သူများ၏ လယ်စိုက်ဧက ၉ဝဝဝ ‌ကျော်မှ ထိခိုက်ပျက်စီးသွား ‌သော မိုးစပါးများကို ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုး‌စေ့‌ထောက်ပံ့‌နေပြီဟု ပြည်နယ်စစ်‌ကောင်စီ ပြန်ကြား‌ရေးဌာန၏...

စစ်‌ရေးလှုပ်ရှားမှုများလာ‌သော‌ကြောင့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင်ထဲရှိ စစ်‌ရှောင်များ စားနပ်ရိက္ခာ ရရှိရန်ခက်ခဲ‌နေ

ဩဂုတ် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် (တပ်မဟာ ၅) နယ်‌မြေတွင် ယခုလအတွင်း စစ်‌ကောင်စီ တပ်နှင့် နယ်ခြား‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်တို့ စစ်‌ရေးလှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်လာသည့်အတွက် ‌ဒေသအ တွင်းရှိ ရွာပုန်းရွာ‌ရှောင် စစ်‌ဘေး‌ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာရရှိရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု သိရသည်။ ယခုရက်ပိုင်းတွင်...

မြဝတီနယ်စပ်မှတဆင့် ဩဂုတ်လ ၁ ရက်‌နေ့မှ ယ‌နေ့ထိ ထိုင်းပြန်မြန်မာလုပ်သား ၁,၈၀ဝ ‌ကျော်ဝင်‌ရောက်ခဲ့

ဩဂုတ် ၁၈ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်‌ရေး တံတားမှတစ်ဆင့် ထိုင်းပြန်မြန်မာ လုပ်သားများအားပြန်လည်လက်ခံခြင်းကို ဩဂုတ်လ ၁ ရက်‌နေ့မှစ၍ တစ်ရက်ခြား ၂၀ဝ ဦးနှုန်းဖြင့် လက်ခံ‌ဆောင်ရွက်‌ပေး လျက်ရှိရာ ယမန်‌နေ့ ဩဂုတ်လ ၁၇ ရက်‌နေ့ထိ ...
Donate