Home သတင်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမတစ်‌လျှောက် စစ်‌ကောင်စီတပ်နှင့် BGF တို့ ‌နေရာယူလာမှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်‌ကြောက်ရွံ့‌နေ

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမတစ်‌လျှောက် စစ်‌ကောင်စီတပ်နှင့် BGF တို့ ‌နေရာယူလာမှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်‌ကြောက်ရွံ့‌နေ

1794

ဒီဇင်ဘာ ၁၃ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ကို ဆက်သွယ်ထား သည့် ပြည်နယ်ချင်းဆက် လမ်းမကြီး‌ဘေးဝဲယာတစ်‌လျှောက်တွင် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် -BGF တို့ပူး‌ပေါင်းကာ ဒီဇင်ဘာလ ၄ ရက်‌နေ့ကတည်းက ဝင်‌ရောက်တပ်စွဲထားသည့်အတွက် ‌ဒေသတွင်း တိုက်ပွဲဖြစ် လာမည်ကို စိုးရိမ်‌နေကြရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

BGF တပ်ရင်း အမှတ် ၁ဝ၂၁ ၊ ၁ဝ၂၂ တို့အပါအဝင် လှိုင်းဘွဲမြို့နယ် အ‌ခြေစိုက် စစ်‌ကောင်စီတပ်၏ တပ်မ ၂၂ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ ၂ဝ၄ တပ်ရင်းနှင့် နယ်‌မြေခံတပ်တို့သည် အနန်းကွင်း၊ လွတ်ရှမ်း၊ ‌တောင် စွန်း‌ကျေးရွာရှိ လမ်းမကြီးတစ်‌လျှောက်တွင် စခန်းချ‌နေရာယူထားခြင်းဖြစ်သည်ဟု ‌ဒေသခံ‌ကျေးရွာ တာဝန်ရှိ သူများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “တပ်နဲ့ BGF ‌တွေ‌ရော‌ပေါင်းပြီး လမ်းမတစ်‌လျှောက်မှာ ‌နေရာယူ ထား ကြ‌တော့ သွားလာရတာ အရမ်း‌ကြောက်တယ်‌ပေါ့‌နော်။ ညဘက်ဆို ပုန်း‌ရှောင်အိပ်ရတယ်‌လေ။ ဂိတ်‌တွေမှာ ကားသွားရင် ပိုက်ဆံ‌တောင်းတာရှိတယ်။ သွားလာတာ ‌ကြောက်ရ‌တော့ မ‌ပြေဘူး။ သူတို့ပြန်မှ ‌အေး‌အေး ‌ဆေး ‌ဆေးလုပ်ကိုင်စား‌သောက်လို့ ရမယ်။ သူတို့လာတဲ့‌နေရာက ‌နေပြန်သွားချင်တယ်‌ပေါ့‌နော်” ဟု ဒီဇင်ဘာလ ၁၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့က ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမကြီး‌ပေါ် ခုခံ‌ကျေးရွာအနီး နှစ်ဖက် သတ်မှတ်နယ်‌မြေကို ‌ကျော်လာသည့် စစ်‌ကောင်စီတပ်နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်ရင်း ၁၆ တို့အကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် စစ်‌ကောင်စီတပ်ဘက်မှ တပ်အင်အား အများအပြား ထပ်မံဝင်‌ရောက်‌နေရာယူလာသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် KNU ၏ လွတ်ရှမ်းနယ်‌မြေလုံခြုံ‌ရေးစခန်းတစ်ခုအား စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက ဝင်‌ရောက်စခန်းချ ‌နေထိုင်လိုက်သည့်‌နောက်ပိုင်း နှစ်ဖက်စစ်‌ရေးတင်းမာမှုများရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို ‌ဒေသခံ များက စိုးရိမ်‌နေကြပြီး ၎င်းတပ်တို့ရှိ‌နေသည့်အတွက် လယ်၊ ‌တောင်ယာ၊ စိုက်ပျိုးခြံများသို့ သွားလာရန် အခက်အခဲရှိလာသည်ဟုလည်း ‌ဒေသခံများက ‌ပြောသည်။