Home သတင်း ‌နေရပ်ပြန် မြန်မာလုပ်သား ၂၀ဝ ‌ကျော် ပြည်ဝင်ခွင့်မရ၍ ထိုင်းဘက်ခြမ်း အချုပ်ခန်းတွင် ထိန်းသိမ်းခံ‌နေရ

‌နေရပ်ပြန် မြန်မာလုပ်သား ၂၀ဝ ‌ကျော် ပြည်ဝင်ခွင့်မရ၍ ထိုင်းဘက်ခြမ်း အချုပ်ခန်းတွင် ထိန်းသိမ်းခံ‌နေရ

1203
ပုံ-ကိုသားကြီး

ဒီဇင်ဘာ ၁၃ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်မြန်မာလုပ်သား ၂၀ဝ ‌ကျော်မှာ ယ‌နေ့ ဒီဇင်ဘာလ ၁၃ ရက်‌နေ့က မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမြန်မာဘက်ခြမ်းတွင် ပြည်ဝင်ခွင့်မပြု၍ ထိုင်းဘက်ခြမ်း အချုပ်ခန်းတွင်ထိန်းသိမ်းခံ‌နေ ရ‌ကြောင်း သိရသည်။

ယ‌နေ့ နံနက်ပိုင်းတွင် ထိုင်းပြန်မြန်မာလုပ်သားများကို မြန်မာဘက်ခြမ်း တာဝန်ရှိသူများမှ လက်မခံသည့်အတွက် ထိုင်းအာဏာပိုင်များက ပြန်‌ခေါ်သွားပြီး အချုပ်ခန်းထဲတွင် ထိန်းသိမ်းခဲ့‌ကြောင်း မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားအ‌ရေး‌ဆောင်ရွက်သူ ကိုသားကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီက‌နေ့ မနက်ပိုင်းက ‌နေရပ်ပြန် မြန်မာလုပ်သား ၂၀ဝ ‌ကျော်ကို ထိုင်းအာဏာပိုင်‌တွေက အမှတ် ၂ တံတား မြန်မာဘက်ခြမ်းကို သွားပို့တာ။ မြန်မာဘက်ခြမ်းက လက်မခံဘူး။ အဲ့ဒါ‌ကြောင့် ထိုင်းအာဏာပိုင်‌တွေက ပြန်‌ခေါ်သွားပြီး ထိုင်း လဝက အချုပ်ခန်းမှာ ထိန်းသိမ်းထားရတယ်”ဟု ကိုသားကြီးက ‌ပြောသည်။

ကိုဗစ်-၁၉ မျိုးစိတ်သစ် Omicrom ကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက်ဟုဆိုကာ ထိုင်းပြန်မြန်မာ လုပ်သားများကို ယခင်ကတစ်ရက်ခြား အ‌ယောက် ၅၀ဝ လက်ခံကြိုဆိုခဲ့ရာမှ ဒီဇင်ဘာ ၁၁ ရက်‌နေ့မှစကာ (၇) ရက် တစ်ပတ်လျှင် အ‌ယောက် ၂၀ဝ နှုန်းဖြင့် အပတ်စဉ် စ‌နေ‌နေ့တစ်ရက်သာ လက်ခံသွားမည်ဟု ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား မြန်မာဘက်ခြမ်း ‌နေရပ်ပြန်ကြိုဆို‌ရေး တာဝန်ခံ ဒု-ခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌အောင်ချမ်းငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောထားသည်။

သို့ဖြစ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ‌နေရပ်ပြန်လိုသူများအ‌နေဖြင့် ကြားပွဲစားများ၏ စကားကို နားမ‌ယောင်ဘဲ ခိုင်မာ‌သော သတင်းရင်းမြစ်များကို နားစွင့်ပြီးမှသာ ပြန်လာကြရန် မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားအ‌ရေး ‌ဆောင်ရွက်သူများက တိုက်တွန်း ‌ပြောဆိုလျက်ရှိသည်။