Home Authors Posts by KIC News

KIC News

22008 POSTS 0 COMMENTS

‌ကော့ကရိတ်အနီးတွင် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆)ကြား တိုက်ပွဲ စတင်ဖြစ်ပွား

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့‌တောင်ဘက် ကမိုင်ကုန်း‌ကျေးရွာဘက်တွင် ယ‌နေ့ ဩဂုတ် ၂၃ရက်၊ မွန်းလွဲ ၁ နာရီ‌ကျော်အချိန်က ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)နှင့် စစ်‌ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲ စတင်ဖြစ်ပွား‌နေသည်ဟု သိရသည်။ ရာနှင့်ချီသည့် စစ်‌ကောင်စီတပ်နှင့်...

KNU နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်များ စစ်‌ရေးလှုပ်ရှားမှု ပိုတိုးလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၏ ထိန်းချုပ်ရာ တပ်မဟာနယ်‌မြေများတွင် ယခုရက်ပိုင်းအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်‌ရေးလှုပ်ရှားမှုများ ပိုတိုးလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား‌နေ သည်ဟု ‌မြေပြင်သတင်းများအရ သိရသည်။ KNU နယ်‌မြေအတွင်းရှိ‌နေသည့် အမျိုးသား ညီညွတ်‌ရေး အစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်...

ကျိတ်စခန်းမှ စစ်‌ကောင်စီထွက်ခွာပြီး‌နောက် BGF များ ပြန်လည်အ‌ခြေချ

ဩဂုတ်လ ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာတွင် အ‌ခြေစိုက်သည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်‌နေ့တွင် ကျိတ်စခန်းမှ ထွက်ခွာပြီး‌နောက် နယ်ခြား‌စောင့်တပ်(BGF)များက ပြန်လည် အ‌ခြေချခဲ့သည်ဟု ‌ဒေသ ခံများထံမှ သိရှိရသည်။ KNU-ကရင်အမျိုးသားအစည်းအရုံးက BGF တပ်ဖွဲ့ ပြန်လည်အ‌ခြေချမှုအ‌ပေါ် မလိုလားသည့်အပြင် စစ်‌ကောင်စီ၏ လမ်းညွှန်မှုဖြင့်...

KNU တပ်မဟာ ၅ တွင် နှစ်ရက်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၂ ဦးကျဆုံး

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေတွင် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ရက်‌နေ့များတွင် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ‌ပေါင်း ၉ ကြိမ်ဖြစ်ပွားကာ စစ်‌ကောင်စီတပ်ဘက်မှ ၁၂ဦး...

စစ်‌ကောင်စီတပ်များ စစ်‌ရေးပိုမိုလှုပ်ရှားလာမှု‌ကြောင့် KNU တပ်မဟာ(၆)မှ ‌ဒေသခံအချို့ထွက်‌ပြေးတိမ်း‌ရှောင်‌နေ

ဩဂုတ် ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌တောင်ဘက်တွင် ယမန်‌နေ့ဩဂုတ် ၂၂ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာ‌သော‌ကြောင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် ‌ဒေသခံအချို့မှာ ထွက်‌ပြေးတိမ်း‌ရှောင် မှုများ ရှိ‌နေသည်ဟု သိရသည်။ ‌ကော့ကရိတ်မြို့‌တောင်ဘက် အာရှလမ်းမကြီးတစ်ဖက်ခြမ်းရှိ...

KNLA တပ်မဟာ ၆ နှင့် စစ်‌ကောင်စီတပ်တို့ မြဝတီမြို့ ကွင်းက‌လေးရွာဘက်တွင် ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွား

ဩဂုတ် ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့ အ‌နောက်‌တောင်ဘက် ၉ မိုင်ခန့်အကွာ ကွင်းက‌လေးရွာဘက်တွင် ယ‌နေ့ ဩဂုတ်လ ၂၂ ရက်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ (၆) နှင့် စစ်‌ကောင်စီတပ်တို့ ထိ‌တွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ စစ်‌ကောင်စီတပ်မှ...

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်ဗစ်‌ရောဂါ ကူးစက်ခံရသူ လူ ၄ဝဝ နီးပါးတွင် ၂ဝ ‌ကျော်‌သေဆုံး

ဩဂုတ် ၂၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်‌နေ့မှစပြီး Covid-19 ‌ရောဂါပိုးကူးစက်ခံရ သူ ၄ဝဝ ခန့်ရှိသည့်အထဲတွင် ‌သေဆုံးသူ ၂ဝ ‌ကျော်ရှိသည်ဟု မြို့နယ်လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ဝင်း‌ရော်‌ဒေသတွင်...
Donate