Home သတင်း ‌လောင်းလုံတွင် စစ်‌ကောင်စီတပ်က အမျိုးသမီးနှင့်လူငယ်များအ‌ပေါ် အကြမ်းဖက်နှိပ်စက်ညှင်းပမ်း

‌လောင်းလုံတွင် စစ်‌ကောင်စီတပ်က အမျိုးသမီးနှင့်လူငယ်များအ‌ပေါ် အကြမ်းဖက်နှိပ်စက်ညှင်းပမ်း

1251

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး ‌လောင်းလုံမြို့နယ် ‌အောက်‌ရေဖြူ‌ကျေးရွာအုပ်စုထဲတွင် စစ်‌ကောင်စီတပ်ဖွဲ့မှ ဝင်‌ရောက် လာပြီး ဧည့်စာရင်းဝင်စစ်သည်ဟု အ‌ကြောင်းပြကာ အမျိုးသမီးနှင့်လူငယ်များအ‌ပေါ် အကြမ်းဖက် နှိပ်စက် ညှင်းပမ်းမှုများ ကျူးလွန်ခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ရက်‌နေ့ညတွင် နှစ်ညဆက်တိုက် ဝင်‌ရောက်စစ်‌ဆေးမှုများပြုလုပ်ရာတွင် အမျိုးသမီးငယ်များ၏ အ‌ရှေ့ဆံပင်များအား ညှပ်ပစ်ခြင်း၊ မုဒိမ်း ကျင့်ပိုင်ခွင့်နှင့် သတ်ပစ်ပိုင်ခွင့်ရှိ‌ကြောင်း ခြိမ်း‌ခြောက်‌ပြောဆိုခြင်းများပြုလုပ်သည့်အပြင် လူငယ် အချို့ကိုလည်း ဖမ်းဆီးရိုက်နှက်ညှင်းပမ်းမှုများ လုပ်‌ဆောင်ခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“သူတို့ရွာမှာဧည့်စာရင်းဝင်စစ်တာ လူအိပ်တဲ့အချိန်၊ ပြီး‌တော့ အရက်‌တွေ‌သောက်ထားပြီးဝင်စစ်တယ်။ ဆယ် ‌ကျော်သက် အမျိုးသမီးနဲ့ အသက် ၂ဝ ‌ကျော်‌ကျော် အမျိုးသမီးငယ်‌တွေကို အရှက်ရ‌အောင် အ‌ရှေ့ဆံပင် ညှပ်ပစ်လိုက်တာရှိတယ်။ ပြီးရင် အမျိုးမျိုးခြိမ်း‌ခြောက်တယ်။ ပြီး‌တော့ ဘာအပြစ်မှမလုပ်ထားတဲ့လူငယ် ‌ကောင်‌လေး‌တွေကိုလည်း ရိုက်နှက်၊ ဖမ်းဆီးထားပြီး ပိုက်ဆံနဲ့ ပြန်‌ရွေးခိုင်းတယ်။ အထက်ကအမိန့်နဲ့ စစ်အာ ဏာရှင် ဆန့်ကျင်တဲ့လူမှန်သမျှ သတ်ပစ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ခြိမ်း‌ခြောက်‌နေတာလည်းရှိတယ်။”ဟု ၎င်းက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ဧည့်စာရင်းများဝင်စစ်‌နေသည့်အချိန်တွင် ‌နေအိမ်အတွင်းရှိ ဆိုင်ကယ်များကိုလည်း သိမ်းဆည်း ယူ‌ဆောင်သွားကာ တစ်စီးလျှင် ၁ သိန်း(ကျပ်) ခွဲနှင့် မဖြစ်မ‌နေပြန်လည်‌ရွေးခိုင်းသည်ဟုလည်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

ထားဝယ်မှဆင်းလာပြီး အမျိုးသမီးနှင့်လူငယ်များအ‌ပေါ် အကြမ်းဖက် နှိပ်စက်ညှင်းပမ်းမှုများကျူးလွန်ခဲ့သည့် ၎င်းစစ်‌ကောင်စီတပ်ဖွဲ့သည် ‌အောက်‌ရေဖြူ‌ကျေးရွာ အုပ်စုအတွင်းရှိ ‌ရေဖြူ၊ ကဒက်ငယ်ထိန်နှင့် အနီးအနား ‌ကျေးရွာများအတွင်းသို့ တပ်ဖြန့်ကာ ဝင်‌ရောက်စစ်‌ဆေးမှု ပြုလုပ်ပြီး‌နောက် ယ‌နေ့ ဒီဇင်ဘာလ ၁၃ ရက်‌နေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု ‌ဒေသခံများက ‌ပြောသည်။