KIC News
ကော့ကရိတ်တောင်ပိုင်း ကွင်းကလေးကျေးရွာရှိ စစ်ကောင်စီပိုင် မိုင်တဲဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ ကွင်းကလေးကျေးရွာတွင် စိုက်ထူထားသည့် စစ်ကောင်စီပိုင် မိုင်တဲဖုန်း တာဝါတိုင်ကို ယနေ့(စက်တင်ဘာလ ၂၉ ရက်)တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက " ဒီနေ့မနက်(၁၀)နာရီလောက်မှာ မီးရှို့သွားတာပေါ့နော်။ မနေ့ကတော့...
စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိ
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)နယ်မြေအတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦး၏ ဦးခေါင်းမှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကူနား နေရာရှိ ဒုဗိုလ်မှူးကြီး...
ပြည်နယ်ကောင်စီဥက္ကဋ္ဌ၏ ဆုံဆည်းမြိုင်ခရီးစဉ်သည် ဒေသခံများအတွက် မှတ်ပုံတင်အပ်ပွဲအတွက်ဖြစ်ကြောင်း DKBA ပြော
စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ဒေသသို့ ယနေ့ စက်တင်ဘာလ ၂၉ရက်တွင် သွားရောက်သည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦး၏ ခရီးစဉ်မှာ ဒေသခံများကို နိုင်ငံသား စီစစ်ရေးကဒ် (မှတ်ပုံတင်)လာရောက်ပေးအပ်ခြင်းသာဖြစ်ကြောင်း DKBA ဘက်က ပြောဆိုသည်။
ပြည်နယ်ကောင်စီ...














