KIC News
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်လုပ်ဆောင်မည့် စစ်ကောင်စီ၏ ပြောကြားချက် လက်တွေ့မကျဟု KNU ပြော
အောက်တိုဘာ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ယမန်နေ့(စက်တင်ဘာလ ၃၀)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောဆိုချက်မှာ လက်တွေ့မကျဘဲ အပြောသက်သက်သာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်က တုန့်ပြန်ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက်မှုသည် ယုံကြည်မှုအပေါ်တွင် အဓိက...
ကော့ကရိတ်ပစ်ခတ်မှု စစ်ကောင်တပ်ဖွဲ့ ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ ၊ စစ်ကောင်စီတပ်...
အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ် အာရှလမ်းဂွ ကျိုက်ဒုံ-ရွာသစ်လမ်းဘက်တွင် ယနေ့ (အောက်တိုဘာလ ၁ ရက်) နံနက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး စစ်ဦးစီးမှူး ပထမတန်း (G1) တစ်ဦးအပါအဝင် ၃...
ကော့ကရိတ်တွင် ပစ်ခတ်မှုဖြစ်ပွားနေ
အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကျိုက်ဒုံလမ်း ရွာသစ်ကျေးရွာဘက်တွင် ယနေ့ အောက်တိုဘာလ ၁ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
လက်နက်ကြီး လက်နက်ကြီး၊ လက်နက်ငယ်အချက်ပေါင်း ၁ဝချက်ခန့် ဆက်တိုက်ကြားနေရသည်ဟု အမည်မဖော်လိုသူ ကော့ကရိတ်ဒေသခံတစ်ဦးက ယခုလို...
သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားနှစ်ဦး ပြန်လည်လွတ်မြောက်
စက်တင်ဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်းကျေးရွာအုပ်စုအတွင်း ယမန်နေ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒေသခံရွာသားနှစ်ဦးကို ထိုနေ့ည ၇နာရီတွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။
ပိန္နဲတောအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ...
နယ်ခြားဖြတ်ကျော် ရောင်းချမည့် စိတ်ကြွဆေးပြား ၈၀၀၀ကျော် KNPF ဖမ်းဆီးရမိ
စက်တင်ဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နယ်ခြားစောင့်တပ်(BGF) နှင့် နီးစပ်သည့် လူငယ်နှစ်ဦးထံမှ နယ်စပ်ဖြတ်ကျော် ရောင်းချမည့် စိတ်ကြွဆေးပြား ၈၀၀ဝ (ရှစ်ထောင်)ကျော်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇)ဒေသရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၉ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ...
စစ်ကောင်စီ၏ (၅) လတာ အပစ်ရပ်ကြောင်း ကြေညာချက်အပေါ် သူတို့အမြင်
စစ်ကောင်စီ၏ (၅) လတာ အပစ်ရပ်ကြောင်း ကြေညာချက်အပေါ် သူတို့အမြင်
အာဏာသိမ်းစစ်ကောင်စီက ၅ လတာ အပစ်ရပ်ပေးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် နှင့်ပတ်သက်၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (NCA-S EAO)နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်အကဲခတ်သူအချို့၏...
သထုံ၊ မရမ်းကုန်းကျေးရွာအုပ်စုရှိ ရွာသားနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်နေ
စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်းကျေးရွာအုပ်စုရှိ ဒေသခံရွာသားနှစ်ဦးကို ယနေ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကြိုးတုပ်ကာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပိန္နဲတောအခြေစိုက်...














