Home သတင်း ‌ကော့ကရိတ်မြို့နယ်ရှိ စစ်‌ရှောင်ဒုက္ခသည် ၂,၀၀ဝ ‌ကျော်ကို ‌ဒေသခံအချင်းချင်း ဝိုင်းဝန်းကူညီ‌ထောက်ပံ့

‌ကော့ကရိတ်မြို့နယ်ရှိ စစ်‌ရှောင်ဒုက္ခသည် ၂,၀၀ဝ ‌ကျော်ကို ‌ဒေသခံအချင်းချင်း ဝိုင်းဝန်းကူညီ‌ထောက်ပံ့

1125

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်(တပ်မဟာ-၆) ‌ကော့ရိတ်မြို့ နယ်ထဲတွင် စစ်‌ကောင်စီတပ်က ‌လေယာဉ်အသုံးပြုပစ်ခတ်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတို့‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် စစ်‌ရှောင်ဒုက္ခသည်အ‌ယောက်(၂,၀၀၀)‌ကျော်ကို ‌ဒေသအတွင်းရှိ ‌ဒေသခံပြည်သူအချင်းချင်းက ဝိုင်းဝန်း‌ထောက်ပံ့ကူညီ‌ပေး‌နေကြသည်ဟု ‌ဒေသခံထံမှ သိရသည်။

အဆိုပါ စစ်‌ရှောင်များသည် အခြား‌ကျေးရွာရှိ ‌ဆွေမျိုးအိမ်၊ အသိမိတ်‌ဆွေအိမ်နှင့် ဘုန်းကြီး‌ကျောင်းများတွင် သွား‌ရောက်ခိုလှုံ‌နေထိုင်ရကာ အချို့မှာ နယ်‌မြေခံ အဖွဲ့အစည်းအချို့မှ အ‌ခြေခံ စားနပ်ရိက္ခာများ ကူညီမှုရှိ‌သော်လည်း အများစုမှာ စား‌ရေး‌သောက်‌ရေးအတွက် ‌ဒေသခံလူထုအချင်းချင်းကသာ ပြန်လည် ဝိုင်းဝန်း‌ထောက်ပံ့ကူညီ‌ဆောင်ရွက်‌ပေး‌နေသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

‌အောင်ဖ‌လေး‌ကျေးရွာ ‌ဒေသခံတစ်ဦးက “ရွာမှာ‌တော့ စစ်‌ရှောင်ဦး‌ရေ‌တွေ ‌ကောက်ယူခိုင်းထားတာရှိတယ်။ စာရင်း ‌တွေ‌တော့ ‌ကောက်ထားပြီးပြီ။ နယ်‌မြေခံတာဝန်ရှိသူနဲ့အဖွဲ့အစည်း‌တွေက လာကူညီမယ်ထင်တာပဲ။ အခု ‌လော‌လောဆယ်‌တော့ အချင်းချင်းဝိုင်းဝန်းကူညီတာ‌ပေါ့။ ကိုယ့်အိမ်မှာ လာ‌နေရင် ကိုယ်ကထမင်း‌ကျွေး‌ပေါ့။ အချင်းချင်း‌တွေပဲဆို‌တော့ အရမ်းကြီးအခက်အခဲ‌တော့မရှိဘူး။ ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ တိမ်း‌ရှောင်‌နေရ‌သော စစ်‌ရှောင်များမှာ ‌ကော့နွဲ၊ မြို့‌ဟောင်း၊ ရွာသစ်၊ ရွာသစ်ကုန်း၊ တတန်ကူး၊ ‌ကျောက်စလစ်ကုန်း၊ ‌ရေလယ်ကုန်း၊ မိကသိန်၊ အံက‌လော်၊ တမိုင်ကုန်း၊ ‌အောင်ဖ‌လေး၊ ‌ကြောင်လျှာကုန်း၊ ဖန်းခါးကုန်း၊ သာယာကုန်းနှင့် ကတိုးထစသည့် ‌ကျေးရွာများမှ ‌ဒေသခံများဖြစ်ကြသည်ဟု သိရသည်။

လက်ရှိအချိန်တွင် စစ်‌ကောင်စီတပ်ဘက်မှ မိကသိန်းဘုရားကုန်းနှင့် ‌ကော့နွဲ‌ကျေးရွာတွင် အင်အား (၂၀၀)နီးပါး တပ်စွဲထားဆဲဖြစ်‌သော‌ကြောင့် တိုက်ပွဲများအချိန်မ‌ရွေး ပြန်လည်ဖြစ်လာနိုင်သည့်အတွက် ၎င်း စစ်‌ရှောင်များသည် ‌နေအိမ်မပြန်ရဲ‌သေးဘဲ ဆက်လက်တိမ်း‌ရှောင်‌နေထိုင်ရဆဲဖြစ်သည်ဟု ‌ဒေသခံက ‌ပြောသည်။

“အခုက ပစ်ခတ်မှုနည်းနည်းပြန်ဖြစ်ပြီး‌တော့ သူတို့လူထိခိုက်သွားတာရှိရင် သူတို့က လာတိုက်ဖို့ ‌လေယာဉ် အကူပြန်‌ခေါ်ပြီ။ အဲလိုလာပစ်ရင် ဒီဘက်ရဲ‌ဘော်‌တွေက‌တော့ သင်တန်း‌တွေ တက်ထားတယ်ဆို‌တော့ အခက် အခဲမရှိဘူး။ ဒါ‌ပေမယ့် လူထု‌တွေအတွက်‌တော့ လိုက်တိမ်း‌ရှောင်‌နေရတာ အခက်အခဲရှိတယ်။ ထိခိုက်တဲ့ အပိုင်းလည်း လူထု‌တွေပဲ ထိတာများတယ်” ဟု နယ်‌မြေခံ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျိုက်ဒုံလမ်းခွဲ အာရှလမ်းမ‌ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်‌နေ့ည ‌လောင်စာဆီကားပစ်ခတ်ခံရမှု‌ကြောင့် မီး‌လောင်ခံရသည့်‌နေ့မှစတင်၍ အဆိုပါ‌ဒေသတွင် ပစ်ခတ်မှု ပိုမိုပြင်းထန်လာသည်။ ‌ကော့ကရိတ်အ‌ခြေစိုက်သည့် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) လက်‌အောက်ခံအ‌မြှောက်တပ်နှင့် (၉၇) တပ်ရင်း အ‌မြှောက်တပ်တို့ကလည်း လက်နက်ကြီးများနှင့် ‌ကျေးရွာဘက်တွင် လှမ်းပစ်ကူ‌နေသည့်အပြင် ‌ဝေဟင်ဘက်တွင် ‌လေယာဉ်နှင့်လည်း လာ‌ရောက်ဗုံးကြဲတိုက်ခိုက်သွားမှုများ ပြုလုပ်ခဲ့သည်။

စစ်‌ကောင်စီတပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် မြို့‌ဟောင်းရွာသား ၇ဦး၊ ရွာသစ် ရွာသား ၂ ဦး တမိုင်ကုန်းရွာသား ၂ ဦးကျည်ထိမှန်ခဲ့ပြီး ထိုအထဲတွင် တစ်ဦး‌သေဆုံးခဲ့ကာ ‌နေအိမ်အချို့ ထိခိုက်ပျက်စီး မှုများရှိခဲ့သည်။