Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

မြဝတီ-‌ကော့ကရိတ်အာရှလမ်း ‌ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်‌နေ၍ ယာဉ်သွား လာမှု ‌ခေတ္တပိတ်ထားရ

ဒီဇင်ဘာ ၂၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ‌ကော့ကရိတ်မြို့နယ် ‌ကော့နွဲ့ရွာအနီးတွင် ယ‌နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ စစ်‌ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့ တိုက်ပွဲများမှု‌ကြောင့် မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌ကော့ကရိတ်ဘက်ခြမ်း ‌ဒေါန‌တောင်‌ခြေမှာ ယာဉ်ဖြတ်သန်းသွားလာမှု ‌ခေတ္တပိတ်ထားရ‌ကြောင်း သိရသည်။ ယ‌နေ့နံနက်...

ကုလအ‌နေဖြင့် အ‌ရေး‌ပေါ်စည်း‌ဝေးကာ ‌လေ‌ကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ရန် KNU ‌တောင်းဆို

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ လက်ရှိ တိုက်ပွဲပြင်းထန်‌နေ‌သော ‌လေး‌ကေ‌ကော်‌ဒေသတွင် စစ်‌ကောင်စီက ‌လေ‌ကြောင်းတိုက်ခိုက်မှုများ အချိန်မ‌ရွေး ပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီး၍ အ‌ရေး‌ပေါ်အစည်းအ‌ဝေးကျင်းပကာ ‌လေ‌ကြောင်းပျံသန်းမှု ကင်းမဲ့ ဇုန်အဖြစ် သတ်မှတ်‌ပေးရန် KNU-ကရင်အမျိုးသားအစည်းအရုံးက ဒီဇင်ဘာလ ၂ဝရက်‌နေ့က ‌တောင်းဆိုလိုက်သည်။ KNU ထုတ်ပြန်ချက် ‌ပြော‌ရေးဆိုခွင့်ရှိသူ ပဒို‌စောတာဒို့မူးက ‌လေး‌ကေ‌ကော်တိုက်ပွဲတွင်...

‌လေယာဉ်ဗုံးကြဲမည်ကို စိုးရိမ်‌သော‌ကြောင့် ကြ‌သောင်းဆိပ်စစ်‌ရှောင်များ ‌နေအိမ်မပြန်ရဲ‌သေး

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ဘီးလင်းမြို့နယ်၊ ကြ‌သောင်းဆိပ်ရွာရှိ BGF တပ်စခန်းကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခံရသဖြင့် စစ်‌ကောင်စီတပ်က ‌လေယာဉ်နှင့် လာ‌ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ‌ထောင်နှင့်ချီသည့် ကြ‌သောင်းဆိပ်ရွာသားများမှာ ‌နေအိမ်မပြန်ရဲ‌သေး‌ကြောင်း သိရသည်။ ‌ကေအဲန်ယူ၊ သထုံခရိုင်/တပ်မဟာ(၁)နယ်‌မြေရှိ ကြ‌သောင်းဆိပ်ရွာတွင် အ‌ခြေစိုက်သည့် စစ်‌ကောင်စီလက်‌အောက်ခံ BGF (၁၀၁၃)တပ်ရင်း၏...

တိုက်ပွဲသတင်း နှင့် စခန်းသိမ်း တိုက်ပွဲအ‌ကြောင်းအရာများကို Online အ‌ပေါ် အလျင်စလို မတင်ကြရန် KNU ‌မေတ္တာရပ်ခံ

ဒီဇင်ဘာ ၂၀၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၆)နှင့် အာဏာသိမ်းစစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် KNLA ဘက်မှ စစ်‌ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိပါက online ‌ပေါ်၌ အလျင်စလို မတင်ကြရန် KNU ဒူးပလာယာခရိုင်၊...

‌တောထဲ ကြွက်‌ထောင်သွားသည့် လူငယ် ၄ ဦးကို PDF ဟုဆိုကာ စစ်‌ကောင်စီ ဖမ်းဆီး

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ဧရာဝတီတိုင်း၊ ကျုံ‌ပျော်မြို့နယ်၊ ‌တောကြီးအုပ်စု၊ ဆိပ်ကြီး-‌ဘောကုန်း‌ကျေးရွာတွင် ယမန်‌နေ့ ဒီဇင်ဘာလ ၂ဝရက်‌နေ့ က ကြွက်‌ထောင်သွားသည့် ‌ကျေးရွာလူငယ် ၄ဦးကို ပြည်သူ့ကာကွယ်‌ရေးတပ်(PDF) ဟုဆိုကာ စစ်‌ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့‌ကြောင်း နီးစပ်သူ‌ဒေသခံများက ‌ပြောသည်။ နယ်‌မြေခံ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ‌ဒေသခံများ...

နယ်‌မြေ‌ကျော်လွန်လာပါက ပစ်မိန့်‌ပေးထား‌ကြောင်း KNU တပ်မဟာ (၇)‌ပြော

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ(၇) နယ်‌မြေအတွင်း စစ်‌ကောင်စီမှ နယ်‌မြေ‌ကျော်ဝင်‌ရောက်လာပါက ပစ်မိန့်‌ပေးထား‌ကြောင်း တပ်မဟာ(၇)၏ စစ်‌ရေး ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးက အတည်ပြု ‌ပြောဆိုသည်။ “အဲ့ဒါက ဟုတ်ပါတယ်။ ‌လော‌လောဆယ်‌တော့ နယ်‌မြေထဲမှာ‌တော့ ‌အေး‌ဆေးရှိ‌နေတုန်းပါပဲ။ အကုန်လုံးလည်း...

ထိုင်းဘက်သို့ စစ်‌ရှောင်‌နေသူ ၁၃ဝ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ

ဒီဇင်ဘာ ၁၉ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ‌လေး‌ကေ‌ကော်‌ဒေသတိုက်ပွဲ‌ကြောင့် ထိုင်းဘက်သို့ စစ်‌ဘေး‌ရှောင်ခဲ့‌သော မဲ့‌ထော်သ‌လေး‌ကျေးရွာမှ ပြည်သူ ၁၃၂ ဦး မှာ ယ‌နေ့ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဘုရား‌လေးဂိတ်မှတဆင့်...
Donate