KIC News
ကရင်ပြည်နယ်ကောင်စီဥက္ကဌ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကား ၂စီးထိမှန်
နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့မှ ပြန်လာသည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦးတို့၏ ယာဉ်တန်းမှာ နိုဝင်ဘာလ ၂၁ရက် ယနေ့ တွင် ဖားအံ-လှိုင်းဘွဲ ကားလမ်းပေါ် တစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂စီး ထိမှန်သည်ဟု သတင်းရရှိသည်။
ယနေ့နံနက်တွင် လှိုင်းဘွဲမြို့၌ ပြုလုပ်သည့်...
တိုင်းရင်းသားဒေသများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး CTF အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်
နိုဝင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားဒေသများရှိ ဆေးထိုးနှံပေးနိုင်ရေးကိစ္စကို အရှိန်အဟုန်မြှင့်ကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း များ ပူးပေါင်းဖွဲ့ထားသည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့(CTF)က နိုဝင်ဘာလ ၂ဝရက်နေ့တွင် ကြေညာ ချက်ထုတ်ကာ ပြောဆိုလိုက်သည်။
တိုင်းရင်းလက်နက်ကိုင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်နယ်မြေဒေသထဲတွင်...
အဖြူရောင် အားမာန် (ကဗျာ)
အဖြူရောင် အားမာန်
....................................
- စိတ်မကောင်းပါဘူး...
အမှန်တရားလမ်းပေါ်က
လျှပ်တစ်ပြက် လျှပ်စီး
အနီးအနားမှာ အပူတွေမြင့်တက်
ပြုံးမယ့် အပြုံးတွေ မွဲလာတယ်
အမုန်းတွေလည်း သဲကွဲလာတယ်။
- အသံတွေကို နားထောင်ရမယ်...တဲ့
အများဖြစ်စေချင်တာ ဖြစ်ရမယ်...တဲ့
အကြောက်တရားနဲ့ စိုးမိုးနေသရွေ့
အချိုးအကွေ့တိုင်းမှာ သံစဉ်မှန်တွေ တိမ်မြုပ်။
- အသိတရားတွေ ယိုစီးလာပြီဆိုရင်...
ဘယ်သူမဆို
တန်ဖိုးရှိတဲ့ အသက်တစ်ချောင်းက
အလဟဿ မရင်းချင်ကြဘူး...
သပ်လျှိုသွေးခွဲခြင်းတွေနဲ့
အရိုင်းအစိုင်းတွေ မင်းမူတဲ့ကာလမှာ
အဖြူရောင်တွေ လွင့်ပါးရတော့မှာလား...။
- ...
တစ်ရက်အတွင်း BGF တပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန်
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ ၁ နယ်မြေ) ဖားအံမြို့နယ်ထဲတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ တစ်ရက်အတွင်း နယ်ကြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၁၀)ဦးကျဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့...
‘အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ’သို့
‘အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ’သို့
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်)
(၁၆-၁၁-၂၀၂၁) နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက် မှုတို့နဲ့စပ်လျဉ်းတဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲနဲ့ အချက် ၅ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ် ပြန်လာပါတယ်။ ထိုအချက်အလက်များကို အခြေခံပြီး ဆန်းစစ်တင်ပြလိုပါတယ်။
ဖွဲ့စည်းမှုများနဲ့ပတ်သက်ပြီး ပထမဦးစွာ ဆန်းစစ်တင်ပြပါရစေ။
(၁၆-၁၁-၂၀၂၁)ရက်နေ့က ထုတ်ပြန်ခဲ့သော(NUCC)ရဲ့...
စစ်ကောင်စီတပ်များ၏ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည့်ဖြစ်စဉ်ကြောင့် လေးကေကော်မြို့သစ်နဒေသခံများ စိုးရိမ်
နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ )ထိန်းချုပ်နယ်မြေ လေးကေကော် မြို့ သစ်အတွင်းသို့ ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည့် ဖြစ်စဉ်...














