KIC News
KNU တပ်မဟာ ၅ တွင် တစ်လတွင်း တိုက်ပွဲပေါင်း ၃၀ဝ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၂၀ဝ နီးပါး...
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ဇန်နဝါရီလ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၃၀ဝ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ ၂၀ဝ နီးပါးကျဆုံးခဲ့သည်ဟု တပ်မဟာ (၅)ဘက်က ယနေ့ သတင်းထုတ်ပြန်ထားသည်။
ယခုနှစ်...
စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးသွားရန် UN အထူးသံတမန်ပြောဆိုမှုအပေါ် နိုင်ငံတကာ ကရင်များ ကန့်ကွက်
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီနှင့် ဘုံတူညီမှုကိုရှာပြီး အာဏာခွဲဝေမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr Noeleen Heyzer ၏ သတင်းမီဒီယာအတွင်း တိုက်တွန်းပြောဆိုချက်အပေါ် ဥရောပရောက် ကရင်လူမျိုးများကွန်ယက် (European Karen Network-EKN)...
ပီလောပီနံစိုက်ခင်း အထွက်တိုးသော်လည်း ကုန်ကျမှုနှင့် ဈေးကွက် တွက်ခြေမကိုက်ဖြစ်နေ
ဖေဖော်ဝါရီ ၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပီလောပီနံစိုက်တောင်သူများ ယခုနှစ် ဥအထွက်နှုန်း တိုးလာသော်လည်း မြေဩဇာနှင့် စိုက်ခင်းသုံးကုန်ပစ္စည်း ဈေးနှုန်းမြင့်မားပြီး ထိုင်းနယ်စပ်လမ်းကြောင်း ပိတ်ထားသည့်အတွက် တောင်သူများ ကုန် ကျမှုနှင့် ဈေးကွက်နှုန်းထား မကိုက်ညီဘဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလနှင့်...
အခွန်ကင်းလွတ်ခွင့်ရ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ ပြောင်းဆန်များ အလုံးအရင်းဖြင့် တင်ပို့
ဖေဖော်ဝါရီ ၂ ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆံများကို ထိုင်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုထားသော ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းသို့ အလုံးအရင်းဖြင့် စတင် တင်ပို့လျက်ရှိကြောင်း သိရသည်။
မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး...
လမ်းတံတားဖောက်လုပ်တည်ဆောက်မှုကြောင့် ဒေသခံ၏လယ်ယာထိခိုက်နစ်နာမှုရှိနေ
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ပိစခတောင်စွန်ကျေးရွာအုပ်စုအတွင်း အပေါင်-တောင်စွန်းသွားလမ်းပေါ်ရှိ ရေ တွင်းဖြူလယ်ယာကွင်းကို ဖြတ်၍ စစ်ကောင်စီ၏ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်းနှင့်တံတား ဝင်ရောက် ဖောက်လုပ်မှုကြောင့် ဒေသခံများ၏ လယ်ယာများ ထိခိုက်ဆုံးရှုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းနှင့် တံတား...
စောဘလှသိန်းကို ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် NUG အစိုးရ ခန့်အပ်
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန်ရည်ရွယ်ကာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာ့အရေးဆောင်ရွက်နေသူ စောဘလှသိန်းအား ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်သည်ဟု NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဂျပန်နိုင်ငံရောက်မြန်မာ နိုင်ငံသားများပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်နှင့်...
မြဝတီမြို့တွင် တပ်ထောက်ခံပွဲ ပြုလုပ်ပြီးချိန် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ခဲ့
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ ဖေဖော်ဝါရီ(၁)ရက် စစ်အာဏာသိမ်းမှု (၁) နှစ်ပြည့် ထောက်ခံပွဲပြုလုပ်ပြီးချိန် မွန်းတည့် (၁၁း၅၀) အချိန်ခန့်က မြို့တွင်း၌ မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်သွားခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ထောက်ခံပွဲကို ယနေ့ နံနက်...














