Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးရှိတံတား ပြုပြင်ရန်ရှိ၍ ကုန်တင်ယာဉ်များသွားလာခွင့် ရက်ပိုင်းပိတ်မည်

မတ်လ ၁၃ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုင်တိုင် 135 km နှင့် 136 km ကြား တောနော်ရေတံခွန်အနီးရှိ တံတားပြုပြင်ရန်ရှိသဖြင့် ကုန်တင်ယာဉ်များ သွားလာခွင့်ကို (၃) ရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။...

စစ်ကောင်စီတပ်ကို KNLA ဝင်တိုက်၍ တပ်ခွဲမှူးအပါအဝင် ၂၇ ဦးအရှင်ဖမ်းပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

မတ်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ဝေ(မဲဝိုင်)အခြေစိုက် စစ်ကောင်စီတပ်အား ယမန်နေ့ မတ်လ ၁၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၂၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည်ဟု...

ကား ၃ စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် အာရှလမ်းအား သွားလာမှုပိတ်

မတ်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင် ယာဉ် ၂ စီးနှင့် မှန်လုံယာဉ် ၁ စီး စုစုပေါင်းယာဉ် ၃ စီး ပစ်ခတ် မီးရှို့ခံရပြီးနောက်...

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရ

မတ်လ ၁၂ ရက် ၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်မီးရှို့ခံရကြောင်း ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၈ နာရီကျော်ခန့်က...

တပ်မဟာ(၆) KNDO နှင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ် လက်နက်ကြီးများသုံးကာ စစ်ကူပို့နေ

မတ်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ် ကေအဲန်ယူ တပ်မဟာ(၆)၊ ကျုံဒိုးမြို့နယ်ထဲရှိ တောင်ကြာအင်းကျေးရွာတွင် ယနေ့ညနေ (၅)နာရီ ဝန်းကျင်၌ နယ်မြေခံ KNDO ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ထိပ်တိုက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁၀လုံးကျော် ပစ်ခတ်ခဲ့ပြီး အကူစစ်ကားလည်း ရောက်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။ နှစ်ဖက်...

ဖားအံမြို့တွင် အချို့ရပ်ကွက်များ၌ အိမ်ထောင်စုစာရင်းစာရွက် လိုက်လံဝေငှနေ

မတ်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဖားအံမြို့ရှိ အချို့ရပ်ကွက်များတွင် မတ်လ ဒုတိယအပတ်ကတည်းက နေအိမ်တစ်အိမ်ချင်းစီကို အိမ်ထောင်စုလူဦးရေ စာရင်းအတွက် စာရွက်များ လိုက်လံဝေငှကာ ဖြည့်စွက်ခိုင်းထားကြောင်း ရပ်မိရပ်ဖအချို့၏ ပြောဆိုချက်များအရ သိရ သည်။ မြို့တွင်းရှိ အမည်မဖော်လိုသူ အိမ်ရှင်မတစ်ဦးက “အိမ်ထောင်စုစာရင်း အသစ်လာကောက်သလို စာရွက်တစ်ရွက်လာ ပေးတယ်။ အဲဒီမှာဖြည့်ပေးတဲ့။...

ပြည်နယ်အတွင်း ထင်းနှင့်မီးသွေး၊ ဖယောင်းတိုင်စျေးများ အဆမတန် စျေးတက်လာနေ

မတ်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း ထင်းနှင့် မီးသွေး၊ ဖယောင်းတိုင်စျေးများ အဆမတန် စျေးတက်လာနေသည့်အတွက် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးအတွက် အဆမတန် မြင့်တက်လာနေသည့် ကုန်စျေးနှုန်းများအား လက်လှမ်းမမှီ ဖြစ် လာနေကြောင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နေ ပြည်သူတစ်ဦးက ပြောဆိုသည်။ နိုင်ငံနှင့်အဝှမ်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု...

လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းမည့်လမ်းတလျှောက် လုံခြုံရေးယူပေးရန် ပေးပို့သည့်ကြေးနန်းစာ လူမှုကွန်ရက်တွင်ပြန့်နေ

မတ်လ ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံက တင်သွင်းပြီး ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် လေယာဉ်ဆီတင်ဆောင်လာသည့် ဆီဘောက်ဆာ ယာဉ် ဖြတ်သန်းသွားရာတွင် လမ်းလုံခြုံရေးယူပေးရန် ရဲတပ်ဖွဲ့ကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့သည့် လျှို့ဝှက်ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့လျှက်ရှိသည်။ National Energy Puma Aviation Services...
Donate