KIC News
ကျေးရွာထဲ လက်နက်ကြီးများကျရောက်သဖြင့် တောင်ကြာအင်းဒေသခံအချို့ တိမ်းရှောင်နေရ
မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ တောင်ကြာ အင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံလူထုအချို့မှာ ကျေးရွာထဲတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အဆိုပါ တောင်ကြာအင်းကျေးရွာ၌ စစ်ကောင်စီနှင့်...
ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ကြောင်း PNFC ဥက္ကဌ ပြောကြား
မတ်လ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ပအိုဝ်းတိုင်းရင်းသားများ၏ ၇၃နှစ်မြောက် အမျိုးသားနေ့ အွန်လိုင်းအခမ်းအနားကို တပေါင်းလပြည့်နေ့ဖြစ်သည့် ၂၀၂၂ ခု၊ မတ်လ ၁၆ရက်နေ့တွင် ကျင်းပခဲ့ရာ၌ ပြည်ထောင်စုအရေးသည် ပအိုဝ်းလူမျိုးများ၏အရေးဟု ခံယူကြောင်း ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောကြားလိုက်သည်။
“ပအိုဝ်းအမျိုးသားများဟာ ပြည်ထောင်စုအရေးနဲ့ ပအိုဝ်းအမျိုးသားရေးယှဉ်လာရင် ကျနော်တို့ဟာ...
ပုလောကုန်းဒေသတွင် စစ်ကောင်စီ၊ ပျူစောထီး နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေ
မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းဒေသတွင် ယနေ့ နံနက် ၆ နာရီကစ၍ ဒေသတွင်း ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲက မနေ့ကတည်းက ဖြစ်ဖို့ရှိတယ်။...
ကော့ကရိတ် ခလရ ၉၇ တပ်တွင်း ဆူပူမှုအပြီး စစ်တပ်မိသားစုဝင်အချို့အား ဖမ်းဆီးထိန်းသိမ်းထား
မတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ် ခြေလျင်တပ်ရင်း ခလရ-၉၇ အတွင်း စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကစ-၁၂) အရာရှိကြီးများနှင့် တိုက်ပွဲတွင်းသေဆုံး/ဖမ်းဆီးခံရသည့် စစ်သည် မိသားစုများနှင့် စကားအခြေ အတင်ဖြစ်ပြီးနောက် စစ်တပ်မိသားစုဝင် အချို့အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကော့ကရိတ် ဒေသခံများပြောစကားအရ သိရသည်။
ကော့ကရိတ် ခြေလျင်တပ်ရင်း...
ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု KNLA ပြော
မတ်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(မြဝတီမြို့နယ်)၊ မောခီးတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က စျေးဝယ် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA က ဖမ်းဆီးရမိပြီး...
မြန်မာလုပ်သား ၃၆ ဦးကို တင်လာသည့် ကားနှစ်စီး မဲဆောက်တွင် ဖမ်းမိ
မတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ လုပ်သား ၃၆ ဦးကို တင်ဆောင်မောင်းနှင်လာသည့် ကား ၂ စီးနှင့်အတူ ထိုင်းလူမျိုး ယာဉ်မောင်း နှစ်ဦးအား ယနေ့ နံနက် ၄...
ကြာအင်းဆိပ်ကြီးမှ CDM ကျောင်းဆရာတစ်ဦး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရ
မတ်လ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာ မူလတန်းကျောင်းမှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ် ရှားမှု(CDM)ဝင်ထားသူ ကျောင်းဆရာတစ်ဦးအား စစ်ကောင်စီ၏ အကျဉ်းထောင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၁၇နှစ်အထိ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ခုတ်ခွားကျေးရွာ မူလတန်းကျောင်းတွင် စာသင်ကြားသည့် ကြာအင်းဆိပ်ကြီးမြို့တွင် နေထိုင်သူ...















