KIC News
စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်း ထိမှန်၍ ဝေါလေရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဝေါလေကျေးရွာတွင် ယနေ့အောက်တိုဘာလ(၂၀)ရက်၊ နံနက်(၁၁) နာရီအချိန်ခန့်က ဒေသခံတစ်ဦး စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိမှန်၍ ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝေါလေကျေးရွာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၉...
အာရှလမ်းတိုက်ပွဲဖြစ်နေခြင်းကြောင့် ခရီးသွားများ ထမင်းဆိုင်၊ စျေးဆိုင်များတွင် ညအိပ်စောင့်ဆိုင်းနေရ
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ် -မြ၀တီ အာရှလမ်းသစ်တွင် စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ခရီးသွားများအနေဖြင့် ကော့ကရိတ်-ကျုံဒိုး-လမ်းပိုင်း တစ်လျှောက်ရှိ ထမင်းဆိုင်၊ စျေးဆိုင်များတွင်...
တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် ပိတ်မိသည့်ကားများ ဖြတ်သန်းသွား လာ၍ မရသေး
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီနှင့် ကော့ကရိတ်ကို ဆက်သွယ်ထားသော အာရှလမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ(၁၉)ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေသည့်ကားများမှာ ယခုအချိန်ထိ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ယာဉ်မောင်းများက ပြောသည်။
မြဝတီ−ကော့ကရိတ်အာရှလမ်းမပေါ်တွင် ယမန်နေ့...
မြဝတီ−ကော့ကရိတ်အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား၍ ကားများ ပိတ်မိနေ
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ညနေ(၃)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသောကြောင့် ခရီးသွားကားများ ပိတ်မိလျက်ရှိနေသည်ဟု ယာဉ်မောင်းများက ပြောသည်။
မြဝတီ−ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးတွင် စစ်ကောင်စီ တပ်များနှင့်...















