Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုများ ဖြစ်ပွားနေသော်လည်း စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပရန် စစ်ကောင်စီညွှန်ကြား

အောက်တိုဘာ ၁၉ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိနေသော်လည်း မဟာဘုံ ကထိန်ပွဲများကို စည်ကားစွာကျင်းပသွားရန် နယ်မြေခံ စစ်ကောင်စီတာဝန်ရှိသူများက စီစဉ်ညွှန်ကြားနေကြောင်း မြို့ခံလူထုများထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်ဆယ်ခုတွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၂ဦးထိရှိနေပြီး ၎င်းတို့ထဲမှ ၂၄ ဦးသည် ထားဝယ်မြို့တွင် ဖြစ်ကြောင်းကို ပြည်တွင်းသတင်းမီဒီယာများမှ ဖော်ပြနေချိန်...

ရွှေကုက္ကိုလ်ဒေသကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်မည်ဟု BGF ခေါင်းဆောင်ပြော

အောက်တိုဘာလ ၁၉ ရက် ၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မကြာခဏ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်နေသောကြောင့် ရွှေကုက္ကိုလ် ဒေသနယ်မြေအေးချမ်း လုံခြုံရေးအတွက် လုံခြုံရေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်(BGF)၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် တခြားကရင်လက်နက်ကိုင်အဖွဲ့များသို့ ပေးပို့သည့်...

မြဝတီတောင်ဘက် ဘုရားကုန်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး အဆင့်ရှိသူ ကျဆုံး

အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြ၀တီ-ဝေါလေလမ်းပိုင်း ကျောက်ခက်ကျေးရွာအထက် ညောင်ချောင်းဘုရားကုန်း နေရာအနီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ယနေ့ အောက်တိုဘာလ ၁၉ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီစစ်ကြောင်းဘက်မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦးတိုက်ပွဲအတွင်း ကျဆုံးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။ “သူတို့ စစ်ကြောင်းက တပ်မ ၄၄...
Donate