Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်ဝင်းရှိ ဒေသခံများအား စစ်ကောင်စီတပ် ရွာပြင်ထွက်ခွင့်မပေး

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ ၆)နယ်မြေ၊ ကျုံဒိုးမြို့နယ်အတွင်းရှိ တောင်ကြာအင်းရွာထဲတွင် ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်က ကျေးရွာဘုန်းကြီးကျောင်းဝင်းတွင် စစ်မရှောင်ဘဲ ကျန်ရှိသည့်ဒေသခံများကို ရွာပြင်ထွက်ခွင့်မပေးကြောင်း ဒေသခံထံမှ သိရသည်။ တောင်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းဝင်းနှင့် အနီးအနားတောင်ခြေတွင် နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်တပ်စွဲထားပြီးနောက်...

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ မှတ်တမ်းစာအုပ် BWU မိတ်ဆက်

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ' အမည်ရှိ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုထားသော မှတ်တမ်းစာအုပ် မိတ်ဆက် ပွဲကို မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women's Union)မှ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့တွင် Online အစီအစဉ်ဖြင့် Live လွှင့်၍ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာအုပ်မိတ်ဆက်ပွဲကို...

လေးကေကော် စစ်ကောင်စီအမြှောက်ကုန်းဘက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဆက်ဖြစ်ပွားနေ

နိုဝင်ဘာလ ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြဝတီ မြို့တောင်ဘက် လေးကေကော်မြို့သစ် ရှုခင်းသာကုန်း အထက်ပိုင်းတွင် စစ် ကောင်စီ အမြှောက်ကုန်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ “ ခွေးကုန်း (လေးကေကော် အမြှောက်ကုန်း)ဘက်မှာ...

ဖားအံမြို့ပေါ်သွားလာသည့် ကား၊ ဆိုင်ကယ်များကို စကစနှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမှု၊ ငွေတောင်းခံမှု ပိုမိုများလာ

နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုတလော သွားလာနေကြသည့် အများပြည်သူတို့၏ ယာဉ်များကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ ငွေကြေးအဓမ္မတောင်းခံမှု ပိုမိုများလာသည်ဟု မြို့ခံပြည်သူများက ပြောသည်။ အဆိုပါ စစ်ဆေးမှုများသည် ဖားအံမြို့အဝင်အထွက်လမ်းများနှင့် မြို့လယ်လမ်း ဆုံမီးပွိုင့်များပေါ်တွင် ဆိုင်ကယ်အပါအဝင် မည်သည့်ယာဉ်မျိုးမဆို...
Donate