KIC News
ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သံဃာတစ်ပါး အပါအဝင် ၅ ဦး ထိခိုက်သေဆုံး
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။
ကော့ကရိတ်မြို့ အနီးရှိ ရွှေကြက်မင်းဘုန်း ကြီးကျောင်းပေါ်ကို ယနေ့နေ့လည် ၁၁ခွဲဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် သံဃာတော်တစ်ပါးပျံတော်မူကာ ကိုရင်၊ ဦးဇင်းနှင့် ကျောင်းသားအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျောင်းရှိ သံဃာတော်နှင့် ကျောင်းဒကာ၊ ဒကာမများက...
မြဝတီမြို့နယ်တွင် မီးသွေးစျေးများ မြှင့်တက်နေ
ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်လာ၍ ထမင်း ဟင်းချက်ပြုတ်ရန် မီးသွေးကိုသာ အဓိကထား ချက်ပြုတ်နေရသည့်အတွက် လက်ရှိတွင် မီးသွေး စျေးများ မြှင့်တက်လာသည်ဟု သိရသည်။
မြဝတီမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှစ၍ ယနေ့ဒီဇင်ဘာလ ၂၄ရက်နေ့အထိ လျှပ်စစ်မီးပြတ်...
ပုသိမ်မြို့၊ အစိုးရပိုင်မြေပေါ်ရှိ ဆိုင်ခန်းများမဖျက်ရရေး အသနားခံစာတင်၍ စောင့်ဆိုင်းနေ
ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အစိုးရအခြေခံပညာကျောင်းများ၊ ရုံးများပိုင်ဆိုင်သော မြေပေါ်ရှိ ဆိုင်ခန်းများအား မဖျက်သိမ်းရရေး ဆိုင်ခန်းပိုင်ရှင်များက အသနားခံ စာတင်ကာ စောင့်ဆိုင်း နေကြကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာသိမ်းမှု မတိုင်ခင်က ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောက်လုပ်ခွင့် ပေးထားသော ထိုမြေပေါ်ရှိ ဆိုင်ခန်းများအား...
အနှစ်သာရအပြောင်းအလဲကို ဝိုင်းဝန်း ဖန်တီးကြရမယ့် ၂၀၂၃ ခုနှစ်
အနှစ်သာရအပြောင်းအလဲကို ဝိုင်းဝန်း ဖန်တီးကြရမယ့် ၂၀၂၃ ခုနှစ်
မောင်ကျော်စွာ
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)
၂၀၂၂ ခုနှစ် မကြာခင်မှာ ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ရောက်ပါတော့မယ်။ ကျနော်တို့ဟာ မိမိဆန္ဒရှိတဲ့ အခြားအရာတွေကို တိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာအစွမ်းနဲ့ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ဆွဲဆန့်ထားလို့...
မြဝတီမြို့ မီးလောင်ကျွမ်းမှုတွင် အဖွားအိုနှင့်အဖိုးအိုသေဆုံးပြီး နေအိမ် ၁၃ လုံး ပျက်စီးခဲ့
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ည(၁၁)နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် အဖွားအိုနှင့် အဖိုးအို ၂ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၃ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု...
စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်စဉ်အတွင်း မိန်းကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖာပွန်(မူတြော်)ခရိုင် ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ(၂၃)ရက် နံနက်(၁၀)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း ဆိုင်ကယ်စီးနှင်းလာသော မိန်းကလေးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး...
သောက်သုံးရေ သွယ်တန်းရာလမ်းကြောင်းတွင် သစ်သယ်ကားများ ဖြတ်သန်းမှုကြောင့် ဒေသခံများ ရေအခက် အခဲဖြစ်နေ
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ မိကြောင်ရွာအုပ်စု တမိုလားခီးရွာအတွက် သောက်သုံးရေသယ်ဆောင်ရာ ရေပိုက်နေရာတွင် သစ်သယ်ကားများ မကြာခဏ ဖြတ်သန်းသွားလာမှုကြောင့် ရေနှောက်ကျိမှုဖြစ်လာပြီး ရေမသန့်ရှင်းတော့ဘဲ ရွာသူရွာသားများ သောက်သုံးရေခက်ခဲမှုရှိလာသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ သစ်တင်ကားများ သွားလာနေသည့်လမ်းဘေးတွင် တောင်ကျရေမှရွာသို့ ပို့ပေးနေသည့်...
တော်လှန်ရေးအဖွဲ့လှုပ်ရှားမှုအား သတင်းမပို့သည့်အတွက် ရွာများပြာကျအောင် လုပ်ပစ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများအား သတင်းမပို့သည့်အတွက်ဟုဆိုကာ ကော့ကရိတ်ဒေသရှိ ကျေးရွာများကို ပြာကျသွားအောင် လုပ်ပစ် မည်ဟု စစ်ကောင်စီတပ် စစ်ကြောင်းမှူးက ခြိမ်းခြောက်မှုပြောဆိုလိုက်သည်ဟု ဒေသခံထံမှ သိရသည်။
KNLA ပူးပေါင်းတပ်များ၏ စစ်ရေးလှုပ်ရှားသွားလာမှုများအား သတင်းပေးခြင်းမရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများအား ကြားဖြတ်တိုက်ခိုက်ခံရသည့်အပေါ်...
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပြား
ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ
ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင် စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများပြားကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။
ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် ယခုရက်ပိုင်းတိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့တွင်လည်း ကော့ကရိတ်မြို့အမှတ်(၇)တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်...
ထားဝယ်စစ်ရှောင်ပြည်သူများအတွက် အနွေးထည်သယ်ဆောင်ပို့ပေးရန် စစ်ကောင်စီ ကန့်သတ်တားမြစ်
ဒီဇင်ဘာ ၂၃ ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ စစ်ရှောင်ပြည် သူများအား အနွေးထည်ဝယ်ယူသယ်ဆောင်ပို့ပေးရန်အတွက်ကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များကိုကူညီထောက်ပံ့မှုမပေးနိုင်ရန် ရည်ရွယ်ကာ စစ်ကောင်စီက ပြီးခဲ့သည့်လများတွင် အရှေ့တောနယ်ဒေသတွင် ဆန်နှင့် ရိက္ခာခြောက်များ သယ်ယူခွင့် ပိတ်ပင်ထားပြီး ယခုဆောင်းရာသီကာလအတွင်း အနွေး ထည်သယ်ဆောင်ခွင့်ကိုပါ...














