Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ဖေဖော်ဝါရီလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထီးကပလယ်ကျေးရွာရှိ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကို ဖေဖော်ဝါရီလ(၉)ရက် ည(၈)နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO တပ်ရင်း(၈) တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက...

လောင်းလုံးမြို့နယ် လူထုစည်းရုံးရေးနှင့်အသိပညာပေးလှုပ်ရှားမှု သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရ

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၏အထက်ဘက် ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်၍ လူထုစည်းရုံးရေး နှင့်အသိပညာပေး လှုပ်ရှားမှုပြုလုပ်နေစဥ် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံခဲ့ရကြောင်း ထိုဆပ်ကော်မတီထံမှ သိရသည်။ အဆိုပါ လှုပ်ရှားမှုတွင်...

ထားဝယ်ခရိုင်ရှိ နယ်မြေခံ ကေဝိုင်အိုနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ ပူးပေါင်းကျင်းပ

ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်တောင်ပျောက်ကျေးရွာတွင် ကျေးရွာ ကရင်လူငယ်အစည်းအရုံး-KYO နှင့် နယ်မြေကာကွယ်ရေးအဖွဲ့ဖြစ်သည့် ကစယ်ဒို ကျားတပ်ဖွဲ့(K-PDF)တို့က ဖေဖော်ဝါရီလ ၁၁ရက်တွင် ကျရောက်သည့် ၇၅နှစ်ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကျေးရွာလူထုအင်အား ဖြင့် ယနေ့ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ကြသည်။ ကစယ်ဒိုကျားတပ်ဖွဲ့ခေါင်းဆောင် ဖိုးသောကြာက...

ပကာရီရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းနေရ

ဖေဖော်ဝါရီလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး ပကာရီ ကျေးရွာရှိ ရဲကင်းစခန်းကို နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နှင့် ဆယ်မိုင်ဝန်းကျင်ကွာဝေးသော ပကာရီကျေးရွာရှိ...

ကရင့်သမိုင်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို သိရှိရန်လိုအပ်ဟု KNU ဥက္ကဌ ပြော

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ အမျိုးသားနေ့ဂုဏ်ပြု ကျင်းပသည့်အချိန်တွင် ကရင်အမျိုးသားများ၏ သမိုင်းကြောင်း၊ ဘဝအတွေ့အကြုံနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပြန်လည်သတိရအောက်မေ့ဂုဏ်ပြုကြရန် အရေးကြီးသည်ဟု (၇၅)နှစ်ပြည့် စိန်ရတု ကရင်အမျိုးသားနေ့သို့ ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ မိန့်ခွန်းတွင် ပြောဆိုသည်။ “မိမိတို့ကရင်အမျိုးသားနေ့ကို...

မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ

မူမမှန်တဲ့စာ၊ ကောက်ကျစ်မှုနဲ့ လှည့်စားမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုတင် လေချိုသွေးတဲ့စာ မောင်ကျော်စွာ (၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၀ရက်) ယခုဆောင်းပါးသည် ကေအိုင်စီ (ကရင်သတင်းဌာန) က (၉-၂-၂၀၂၃)ရက်နေ့တွင် ဖော်ပြခဲ့သော (လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် KNU ဥက္ကဌ၊ KNLA စစ်ဦးစီးချုပ်တို့အား စစ်ကောင်စီ...
Donate